(၄)
ကျနော်
ဘားဆိုင်ထဲကို ရောက်သွားတော့ လုပ်ဖော်ကိုင်ဖက်တွေက အံ့သြတဲ့ မျက်နှာနဲ့
ကြည့်နေတယ်။ ကျနော်
အရက်သောက်ရင် ယားယံတတ်တဲ့ အကျင့်ရှိမှန်း သိထားတဲ့
သူငယ်ချင်းကတော့
ကျနော့ကို နားမလည်နိုင်စွာ ကြည့်လို့ ။
“အရက်သောက်ဖို့သက်သက်တော့
မဟုတ်ဘူးထင်တယ်”
“အေး” ကျနော်လည်း ခပ်ပေါ့ပေါ့ပဲ ဖြေလိုက်တယ်။
“ရုံးကိစ္စ ပြောစရာ
ရှိလို့လား”
“ဟ မင်းတို့ရော ဘာလို့လာတာလဲ”
ကျနော့ အဖြေနောက်မှာ အားလုံးဘယ်လိုသဘောပေါက် သွားတယ် မသိဘူး။
“မင်း အဖြူလား
အညိုလား အဝါလား”
“ဘာဖြစ်ဖြစ်ကွာ..”
“အိုကေ”
ခဏနေတော့ အဲဒီသူငယ်ချင်းရဲ့ အားထုတ်မှုနဲ့ ကျနော်တို့ဝိုင်းကို ကျနော်တို့နဲ့
ဘယ်တုန်းကမှ
မသိခဲ့တဲ့ ‘လူမ’ တွေ ရောက်လာတယ်။ ဘားဆိုင်ထဲက ညနေခင်းမှာတော့ ကျနော့
က မင်းသားဖြစ်နေမယ်
ထင်ပါတယ်။ အရင်က သူတို့နဲ့ ကော်ဖီဆိုင်လောက်သာ
အဖော်ခေါ်လို့
ရတဲ့ကောင်တစ်ကောင် နဲ့ အရက်ထိုင်သောက်ရတယ်။ ကံကောင်းရင်
ကျနော်နေတဲ့
တိုက်ခန်းဟာ သူတို့အတွက် အိပ်ယာဖိုး မကုန်တော့တဲ့ အဖြစ်မျိုးထိလဲ
မျှော်လင့်လို
ရနေလို့ ထင်ပါတယ်။ အားလုံး ကျနော့ကို ဂရုစိုက်နေကြတယ်။
နောက်ဆုံးတော့
ကျနော်လည်း ‘လူမလေး’ တစ်ယောက်နဲ့ စကားလက်ဆုံ ကျသွားတယ်။ ကျနော်
ဘယ်ကလာလဲ ဘာလုပ်လဲ
ဆိုတဲ့ မေးခွန်းတွေ နောက်မှာ ကျနော်ကလည်း သူ့တိုင်းငံသား
ဘောလုံးကန်တဲ့
နံပါတ် ၇ အကြောင်းမေးကြည့်နေမိတယ်။ နောက်တော့ သူမက
အာရှနိုင်ငံတွေကို
အလည်သွားချင်တဲ့ အကြောင်းပြောတယ်။ ကျနော် နောက်ထပ်အရက်
တစ်ခွက်ကို မှာတဲ့
အချိန်မှာ လူက ယားယံစ ပြုလာတယ်။ အဲဒီ ‘လူမ’ ကို ခဏတောင်းပန်ပြီး ကျနော်
အပြင်ကို
ခနထွက်ရပ်တယ်။ ‘လူမ’ ကို ကျနော်နဲ့ မိတ်ဆက်ပေးတဲ့ သူငယ်ချင်းက မယောင်မလည်နဲ့
ကျနော့ နောက်ကလိုက်လာတယ်။
ကျနော့ နားက ဆေးလိပ်တစ်လိပ်ကို ယူဖွာရှိုက်ပြီးတဲ့
နောက်မှာတော့...
“မင်း
ကားလျှောက်စီးဖို့ ပြောကွာ”
“ချက်ချင်းကြီးကွာ
မင်းကလဲ ဖြစ်ပါ့မလား... နောက်.... ငါ့မှာလည်း
ကားမှ မရှိတာ”
“ဟ ငပေါ မင်းတို့ ငါတို့
ဘာလို့ ဒီလို ဘားဆိုင်ကိုလာတာလဲ”
ကျနော် ဘာမှ ပြန်မဖြေတဲ့အခါ သူကပဲ ဆက်ပြီး.....
“အေးသူတို့လည်း
အဲလိုပဲ ပေါ့ကွာ... ဟား ဟား ...ခေါ်လိုက်ပါကွာ သူ့မှာ
ကားပါတယ်....
ချစ်တတ်သူပါကွာ တစ်ပတ်နှစ်ပတ်တော့ အချိန်လိုမှာပေါ့”
“အေး ကြည့်သေးတာပေါ့”
ဆေးလိပ်မီးကို ခြေထောက်နဲ့
နင်းသတ်လိုက်တဲ့အခါမှာတော့ ကျနော့် မွေ့ယာပေါ်က
ဆေးလိပ်မီးပေါက်လေးကို
မဆီမဆိုင် သတိရလိုက်မိတယ်။ ပြီးတော့ ပင့်သက်ကို မှုတ်ထုတ်ရင်း
ဘားဆိုင်ထဲကို ပြန်ဝင်ခဲ့တယ်။
အားလုံးကတော့ အရက်နဲ ရမ္မက်ကို ကိုယ်စီကိုယ်ငှ
မြိုချနေကြတယ်။
ကျနော် ထိုင်ခုံပေါ်ကို ထိုင်လိုက်တဲ့ အခါ ‘လူမ’ က ကျနော့ကို ပြုံးပြလိုက်တယ်။
သူ့အပြုံးက
အင်မတန်လှတယ်။ ဒါပေမဲ့ အဲဒီအလှနဲ့ အတူ ကျနော်လိုချင်တာ သူမနားမှာ
မရှိဘူးဆိုတာ သေချာသွားတယ်။
ကျနော် အဲဒီ ‘လူမ’ ကို အားနာစွာကြည့်ရင်းပဲ ဆုံးဖြတ်ချက်တစ်ခုကို
သေချာ ချလိုက်တယ်။
“ငါ လစ်တော့မယ် ကွာ
သိပ်နေမကောင်းဘူး”