Thursday, November 19, 2015

အနောက်နိုင်ငံရှိ အာရှကျောင်းသားအချို့၏ ပညာရေးအပေါ်အမြင်


November 19, 2015 


ငယ်စဉ်ကတည်းက စာအုပ်နဲ့ မျက်နှာမခွာခဲ့ဘူးသူ။ အတန်းထဲမှာ အဆင့်သုံးလောက်ရရင်ကို လူဖြစ်ရှုံးတော့မလို ခံစားခဲ့ရသူ စာရေးသူမှာ ... ပညာရေးကို အကြောင်းပြလို့ အနောက်နိုင်ငံကို ရောက်လာခဲ့တယ် ဆိုရပါမယ်။ ရောက်လာတော့လည်း ကိုယ်လိုချင်သလောက် အထွတ်အထိပ်ပညာရေးကို မရခဲ့ပါဘူး။ ရွေးချယ်မှုတွေများလွန်းလှလို့ရယ်၊ မိမိလိုအပ်ချက်တွေရယ်နဲ့ အရမ်းကြီးမျှော်လင့်ထားခဲ့သလိုဖြစ်မလာခဲ့တာတော့ သေချာပါတယ်။

ဒီလိုနဲ့ သားသမီးတွေရလာတဲ့အခါမှာလည်း သူတို့ ကျောင်းကအပြန်တိုင်း ဒီနေ့ဘာသင်လဲရယ်လို့ သားသမီးတွေကို မေးရတယ်။ မေးတိုင်း... နတ်သင်းလို့ပဲ ကြားနေခဲ့ရတယ်။ အဲဒီ နတ်သင်း "NOTHING" ဘာမှမသင်ရဘူးဆိုတဲ့ အဖြေကိုပဲ စာသင်နှစ် သုံးပုံတစ်ပုံကုန်သည်အထိ ကြားခဲ့ရသူ စာရေးသူရင်မှာ ဘယ်လိုရှိမလဲ ခံစားကြည့်နိုင်ပါတယ်။


Thursday, October 1, 2015

မက်

လရောင်…
ညလေ…
ရွက်ကြွေ….
ဂီတ
တယော…
စောင်းညှင်း…
ကန်တွင်း

ရေခပ်ဆင်း..
တိမ်ပြာ…
ညနေခင်း…
ငှက်ကျေး…
ဆိုတေး..


မြင်နေပါလျှက်
မခံစားတတ်...
ကြားနေပါရဲ့….
ရင်မခုန်တတ်တော့ဘူးဆိုမှတော့…

ခပ်ယဲ့ယဲ့ ဒီဘ၀တွေထဲ….
ခုံမင်တပ်မက်စရာ
ဘာ…ရှိဦးတော့မှာလဲကွယ်....



အိမ့်ချမ်းမြေ့
၂၈ အောက်တိုဘာ ၂၀၁၅
~~~~~~~

1 Comment »

  1. အိပ်မက်တွေပဲ ကျန်ခဲ့တယ်…
    Comment by သက်ဝေ — October 29, 2015 @ 1:48 am

Monday, September 28, 2015

မနေ့ညက ကျမနေသော မြို့ကလေးအပေါ်မှာ သာသွားတဲ့.... လမင်း.....

မနေ့ညက ကျမနေသော မြို့ကလေးအပေါ်မှာ သာသွားတဲ့.... လမင်း.....
(လငပုပ်ဖမ်းနေစဉ်...)
Picc Credit: Original Photographer
Place: Vancouver, Western Canada