Wednesday, April 25, 2018

ကြောင်

ကျမလေ...
ရှင့်အနားက....
ကြောင်လေးတစ်ကောင် ဖြစ်ချင်တယ်..........

ရှင့်ခြေသံကို ခပ်တိုးတိုးသာ နားထောင်နေတတ်တဲ့ ကြောင်တစ်ကောင်ပေ့ါ။
တဂျီဂျီညှောင်တတ်တဲ့ ကြောင် တစ်ကောင်တော့ မဟုတ်စေရပါဘူး။
ဆာနေရင်တောင်မှ မွတ်သိပ်မှုကို မြိုသိပ်ထားပြီး
ချောင်လေးမှာပဲ တိတ်တိတ်လေး နေမယ်။

ရှင်က စိတ်လိုလက်ရ ကျမကိုပွေ့ချီလို့ ရင်ခွင်ထဲမှာထားရင်း
စာအုပ်ဖတ်နေတာပဲဖြစ်ဖြစ်...
သတင်းစာဖတ်နေတာပဲဖြစ်ဖြစ်..
တယ်လီဖုန်းပွတ်နေတာပဲဖြစ်ဖြစ်..
အို.... ယုတ်စွအဆုံး
ရှင့်ချစ်သူနဲ့ ညညဖုန်းတွေပြောနေချိန်ပဲဖြစ်ဖြစ်...
ကျမ ငြိမ်ငြိမ်လေး နေပေးပါ့မယ်...

တစ်ခါတရံတော့....
ရှင့်မေးစေ့ပေါ်က မှုတ်ဆိတ်မွှေးရေးရေးလေးတွေကို
ကျမရဲ့နဖူးပြင်နဲ့
မြတ်နိုးစွာ.. ပွတ်သပ်ခွင့်ပြုပါ...

ရှင် နေမကောင်းချိန်တွေမှာ...
လဲလျောင်းရာ ကုတင်ထက် အသံမမြည်အောင်တက်လို့
ရှင့်ခြေထောက်တွေနား
ခွေခွေလေး လှဲနေခွင့်ပြုပါ...။

ကျမလေ...
ရှင့်အနားက ကြောင်တစ်ကောင်ဖြစ်ချင်တာ...
ရှင်ရှိနေရာ အိမ်ကလေးထဲမှာ ရှိနေရုံသက်သက်၊
ရှင့်ခြေသံတွေ၊ ရှင့်စကားသံတွေကို ကြားနေရရုံ သက်သက်မို့...

ကျွန်မရဲ့ ဖြစ်တည်မှုတစ်ခုကို ရှင် မေ့နေခဲ့ရင်တောင်
ကျေနပ်နေမယ့်သူပါကွယ်....

  ♫♥●••·˙အိမ့်ချမ်းမြေ့ ˙·••●♥♫


ရွင့္အနားက....

ရှင့်ခြေသံကို ခပ်တိုးတိုးသာ နားထောင်နေတတ်တဲ့ ကြောင်တစ်ကောင်ပေါ့။

အို.... ယုတ်စွအဆုံး

တစ်ခါတရံတော့....
ကျမရဲ့နဖူးပြင်နဲ့

ရှင့်ခြေထောက်တွေနား

ကျမလေ...


  ♫♥●••·˙ အိမ့်ချမ်းမြေ့ ˙·••●♥♫


Wednesday, April 11, 2018

မျိုးချစ်နဲ့ ကျော်ဇံ ( ဂျူးရဲ့ ဖေဖေ့သူငယ်ချင်း ဝတ္ထုမှ မျိုးချစ်ကိုသုံးသပ်ခြင်း)

ဖတ်ရတာ နည်းနည်းတော့ ရှည်မယ်ဆိုတော့ အားလည်းနာတယ်၊ မတင်တော့ဘူးလို့လည်းစိတ်ကူးတယ်။ ရေးနေရင်း ကွန်ပြူတာက အလိုလိုပိတ်သွားတော့ မတင်တော့ဘူးဆိုစဉ်းစားနေရင်း ကွန်ပြူတာပြန်ဖွင့်တော့ recovery ပြန်ရတာနဲ့ ရေးထားတာ နှမျောလို့ ဖတ်ချင်သူတွေဖတ်ဖို့ တင်မယ်ဆုံးဖြတ်လိုက်တယ်။

ဂျူးရဲ့ အမှတ်တရကို ခိုးဖတ်ဖူးသူတွေထဲ တစ်ယောက်အပါအဝင်ဖြစ်သူမို့လို့လည်း ရေးချင်မိတာ။ ဘာလို့ခိုးဖတ်လဲဆိုတော့ အဲဒီခေတ်တုန်းက သူငယ်ချင်းမိန်းကလေးတွေကြားမှာ LT ဆိုပြီး ကြိတ်ကြိတ်ဖြစ်ကြတော့ ဘာလဲ LT ဆိုတော့ သူငယ်ချင်းတွေက နင်ဖတ်ကြည့်ဆိုတာနဲ့ အဒေါ့်စာအုပ်ကို သူမရှိတုန်း စောင်ခေါင်းမြီးခြုံခိုးဖတ်တာ တစ်လုံးမှတောင် နားမလည်ဘူး၊ ဘာ LT မှလည်း မတွေ့ဘူးပေါ့။ ခုထိနားလည်လားဆိုတော့လည်း ပြန်စဉ်းစားတော့ ဝေဝေဝါးဝါးတွေ။ ပြန်ဖတ်ကြည့်ဖို့လည်း အရင်လိုငယ်စိတ်မရှိတော့ အချစ်အကြောင်းလား…… ပျင်းတယ် ဖြစ်သွားတဲ့သဘော။ အဲသလို ဂျူးနဲ့ပတ်သက်ပြီး အမှတ်တရလေးရှိတာကြောင့် မျိုးချစ်နဲ့ ကျော်ဇံကိစ္စ ဆက်ပြောမယ်စိတ်ကူးတယ်။


Truth depends upon time, place and perspectives.
အဲဒီက စပါမယ်။
မျိုးချစ်နှင့် ကျော်ဇံ ကိစ္စနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာ ကော့မန့်အချို့ကြောင့် research ပေပါအချို့ ရှာဖွေဖတ်ကြည့်မိတယ်။ ဆွေးနွေးချင်တာက နှစ်ပိုင်းပါ။ တစ်ပိုင်းက societal effect ကြောင့် ဂေးတွေပိုများလာရခြင်း (ဂေးခေတ်)။ နောက်တစ်ပိုင်းက မျိုးချစ်နှင့် ကျော်ဇံဟာ လိင်တူချစ်သူများ ဟုတ်-မဟုတ်။