Monday, September 25, 2023


 

စာရေးသူအစ်မတစ်ယောက်က သူ့ရဲ့ စာအုပ်လေးနှစ်အုပ်ကို ကိုယ့်အတွက်လက်ဆောင်အဖြစ်နဲ့ ပေးပို့လာခဲ့တာ ကြာပါပြီ။ အဲဒီအထဲက တစ်အုပ်ကို စာအုပ်ရီဗြူး ရေးပေးဖို့ပြောလာခဲ့တယ်။ ဒီရက်တွေမှာ စာတွေရေးဖို့မဆိုထားနဲ့ စာအုပ်ရီဗြူးရေးဖို့တောင် ကိုယ့်နှလုံးသားက မနူးညံ့ မသိမ်မွေ့နေခဲ့တာပဲ။

 နှလုံးသားက ဂျပ်ခဲကြီးလို ဖြစ်နေတဲ့အချိန် ဘယ်ကဘယ်လို စရမယ်တောင် မသိဘူးဖြစ်နေခဲ့တာပေ့ါ။
ဒါနဲ့အစ်မရဲ့
blog ကို ခြေဦးလှည့်လိုက်တယ်။ သူ့ blog လည်း တော်တော်လေး ဖုန်တက်နေပြီ။ ရှစ်နှစ်လောက်ကို ရှိနေပြီထင်ရဲ့။ အစ်မရဲ့ စာဟောင်းတွေ လိုက်ဖတ်ရင်း ကိုယ့်နှလုံးသား အရင်လို နူးညံ့ချင်သလိုလိုဖြစ်လာတာ။

ဒါတောင်မှ အစ်မရဲ့ blog ပေါ်က စာတွေက လက်တွေ့ဘ၀နဲ့ နီးစပ်တဲ့ စာတွေ။
သူ့စာလေးတွေကို  အွန်လိုင်းပေါ်ကနေ ကိုယ်ဖတ်ခဲ့တာ  သက္ကရာဇ် ၂၀၀၆ သို့မဟုတ် ၂၀၀၈ ခုနှစ်တွေကတည်းကလို့ ဆိုရမယ်။ သူနဲ့ဘယ်တုန်းက စသိလည်း တိတိကျကျ မမှတ်မိတော့ပေမယ့် အရှေးဦးဆုံးက သူပြောခဲ့ (မန့်) ခဲ့တဲ့ စကားလေးတစ်ခွန်းကိုတော့ အခုထိ မှတ်မိနေသေးတာ။

Tuesday, September 12, 2023

နတ်သျှင်နောင်ရဲ့ ကဗျာလေးတစ်ပုဒ်ရယ်.. အေအိုင်နဲ့ကိုယ်ဖန်တီးထားတဲ့ ပန်းချီလေးတစ်ချပ်ရယ်..


သကျမဥ္ဇူ ထိန့်ရိုက်ဆူသား
ရိပ်ဖြူရွက်ရှင်၊ ဖြန့်မိုးဆင်လျက်
ပလ္လင်‌ရွှေနန်း၊ လွတ်ညာစွန်းက
စက်ရွှန်းမိုးမျှ၊ တိုင်းမဲ့မသည်
သိင်္ဂစံလှော်၊ ထင်းရုပ်တော်။
မူးမော်ဘနန်း၊ အသက်ကျွန်းမျှ
၀န်း၀န်းပတ်ပတ်၊ ညွတ်ညွတ်ခွေခေါက်
မလျှောက်စတောင်း၊ နေ့ရက်ပေါင်းလျက်
ယုံကြောင်းယုံအောင်၊ သက်လက်ဆောင်နှင့်
တော်ယောင်သံချို၊ သို့စင်ဆိုမှ
နောင်ညိုရဲဖျား၊ ရန်ညွန့်တားသည်
တပါးသူနှင့်ကြင်သောကြောင့်...။
(သကျမဥ္ဇူ ဘုရားတိုင်-မောင်ဘွဲ့)



Tuesday, July 5, 2022

ကြယ်တံခွန် ၁

 ခမ်းနားကြီးကျယ်ခြင်းတို့နဲ့ ၀ေးစွာ...
လွမ်းနေမိတယ်..
သစ္စာနဲ့အမုန်း ဒွန်တွဲလို့ ယှဥ်တွဲကခုန်နေကြချိန်
အ၀ေးကငေးလို့
ဘယ်ဘက်ရင်အုံကို ညာလက်နဲ့ ဖွဖွလေး အုပ်မိုးထားရင်း
ကောင်းချီးပေးနေမိတာ...
မင်းတို့ပျော်ပါစေရယ်လို့သာ.....



Friday, May 20, 2022

ရူးသွပ်ခြင်း......

 စဥ်းစားမိရုံနဲ့ ရင်တလှပ်လှပ်ခုန်တယ်...

ကိုယ်တစ်နေ့တော့ အရောက်သွားမယ်....

သိပ်မ၀ေးပေမယ့်.... အချို့နေရာတွေက မတ် စောက်လို့ တော်ရုံသက်လုံကောင်းရုံနဲ့ မရဘူးဆိုကြတယ်..

ဒါပေမယ့်......

ကိုယ်.... အိပ်မက် မက်နေချင်သေးတယ်...




Friday, October 15, 2021

မျှော်မိတဲ့နှင်း

အဖြူရောင်ကြယ်မှုန်လေးတွေကို

တဖျတ်ဖျတ်တောက်လက်ရင်း ကြွေကျလာမယ့် နှင်းမှုန်လေးတွေကို

ကိုယ်မျှော်နေမိတာ.....

ကိုယ်တို့မြို့မှာ နှင်းမကျတာ ကြာပြီပေါ့...

ဒီလောက်အေးတဲ့ တိုင်းပြည်မှာ နှင်းမကျဘူးဆိုတာ ရှာမှရှားတဲ့အဖြစ်

လွမ်းတယ်နှင်းရယ်..

လည်ချောင်းထဲထိစိမ့်၀င်သွားတဲ့

အေးစက်စက်အထိအတွေ့..

 တိတ်ဆိတ်ငြိမ်သက်လို့ ငှက်သံတောင် မကြားရတဲ့ အိပ်မက်ကမ္ဘာလို ပတ်၀န်းကျင်

နှင်းနဲ့အတူ မွှေးပျံ့လာမယ့်ချော့ကလက်ရည်နံ့

မီးခိုးနံ့ ....သစ်စိမ်းနံ့.....

နှင်းပြင်ထဲက တောခွေး ရေဘဲနဲ့ အမည်မသိအကောင်လေးတွေရဲ့ ခြေရာလေးတွေ 

ခေါင်းလောင်းသံလေးတွေ... ကလေးလေးတွေရဲ့ ရယ်မောသံလေးတွေ....

နှင်းနဲ့ပတ်သက်တာမှန်သမျှ

ကိုယ်မျှော်နေမိတော့တာ............

 

Pin by Anita Jantz on Art 3 | Landscape paintings, Landscape art, Winter  landscape