Saturday, May 30, 2020

မ၀ံ့မရဲ

မင်းက......
 လေပခြုပ် လှုပ်ခါရူးတဲ့ သစ်ရွက်လေလား
ဖူး၀င့်ချီတဲ့ ပန်းပွင့်လေလား ...


ကိုယ်က...
 တေးဆိုချင်ပေမယ့်
လေပြင်းအလာ ယိမ်းနွဲ့ပါခိုက်
ဖြုတ်ကနဲ ကြွေ လှိုက်ခါရုံ မကြုံချင်ဘူး

ဒီလိုနဲ့...
 မ၀ံ့မရဲနဲ့ လှမ်းလို့သာ ငေးကြည့်ရင်း
ပွင့်ဖတ်တွေ တစ်စစီကြွေလေတိုင်း
တိတ်တိတ်ရယ် မျက်ရည်မစို့ချင်တော့တာမို့....
အချစ်ရယ် မေ့လိုက်ပါလို့........



"Reluctant"
Watercolor on Multimedia
11 x 14 in





မင်းက......


ကိုယ်က...
 တေးဆိုချင်ပေမယ့်

းဒီလိုနဲ့...
အချစ်ရယ် မေ့လိုက်ပါတော့........