Monday, July 27, 2020
Wednesday, July 22, 2020
ကြယ်တံခွန်
ဟိုးအစကတည်းက ရည်ရွယ်ရာက
ကိုယ်မှ မဟုတ်ဘဲကွယ်......
အင်အားပိုကြီးမားပြီး
တရှိန်ရှိန်တောက်လောက်နေတဲ့
နေမင်းကြီးဆီကို
ဦးတည်သွားနေလို့
မင်းဖြစ်တည်မှုတွေကို
အရည်ပျော်ကျပေးနေရင်း
လှပစွာတလက်လက်တောက်ပနေမှုတစ်ခု....
ရင်ခုန်လိုက်မိမှာကို
အံကြိတ်မြိုသိပ်ရင်း
တစ်သက်စာ မြတ်နိုးနေမယ်...........
ကိုယ်မှ မဟုတ်ဘဲကွယ်......
အင်အားပိုကြီးမားပြီး
တရှိန်ရှိန်တောက်လောက်နေတဲ့
နေမင်းကြီးဆီကို
ဦးတည်သွားနေလို့
မင်းဖြစ်တည်မှုတွေကို
အရည်ပျော်ကျပေးနေရင်း
လှပစွာတလက်လက်တောက်ပနေမှုတစ်ခု....
ဟုတ်တယ်....
ကိုယ်ကသာစွဲလန်းလို့
အမှောင်ရိပ်ထဲက
တိတ်တဆိတ်
ငေးကြည့်နေခဲ့ရသူပါ.......
မင်းသူနဲ့ နီးလာလေတိုင်း
ကိုယ်နဲ့ ၀ေး၀ေးသွားလို့
အမြင်အာရုံတွေထဲ
တဖြည်းဖြည်းမှုန်၀ါးသွားလေတိုင်း
သူ့ကြောင့်....
မင်းအရည်တွေပျော်လို့
ပျောက်ဆုံးပျက်သုဥ်းသွားမှာ
စိုးပါတယ်ကွယ်....
အံကြိတ်မြိုသိပ်ရင်း
တစ်သက်စာ မြတ်နိုးနေမယ်...........
Sunday, July 19, 2020
Subscribe to:
Posts (Atom)