Monday, October 14, 2013

မိတောနှင့် ကောက်ရိုတ်သိမ်းပွဲညစာ


thanksgiving.jpg












(ကောက်ရိတ်သိမ်းပွဲနေ့ဟု ခေါ်ဆိုမည်ထင်ပါသည်) နေ့မို့ မိတောတို့ မောင်နှမများစုပြီး ဆိုင်တစ်ဆိုင်တွင် ညစာသွားစားကြလေသည်။
ဆိုင်ထဲရောက်သည်နှင့် တစ်ဦးကိုတစ်ဦးဖက်ကာ နှုတ်ဆက်ကြပြီး၊ အိမ်ကချက်လာသော ဟင်းများကို တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် လက်ဆောင်ပေးကြလေသည်။ အခြားနိုင်ငံခြားသားများက သူတို့အချင်းချင်း ပန်းစည်းများ၊ ဝိုင်များ လှဲလှယ်လက်ဆောင်ပေးကြစဉ်၊ မိတောတို့ မောင်နှမများကတော့ မုန့်ဟင်းခါး၊ ငါးဟင်း၊ ပဲကြီးဟင်း၊ ငါးပုပ်ခြောက်ကြော် စသဖြင့် အလဲအလှယ်ပြု လက်ဆောင်များ ပေးကြလေသည်။
ပန်းရနံ့များ၊ ဝိုင်နံ့များ သင်းပျံ့နေသော စားသောက်ဆိုင်သည်လည်း မိတောတို့ ရောက်လာသည်နှင့် ငါးပုပ်ခြောက်နံ့၊ မုန့်ဟင်းခါးနံ့၊ ငံပြာရည်နံ့ စသဖြင့် ရုတ်ချည်း သင်းပျံ့ကုန်လေသည်။


လူများသဖြင့် ဝိုင်းနှစ်ဝိုင်းကပ်ပြီး စကားပြောလိုက်၊ စားလိုက်ဖြင့် အချိန်တို့ ကုန်ဆုံးလာနေသည်။ တစ်ယောက်တစ်ပေါက် စကားတွေ လုပြောရင်း၊ ရယ်မောရင်းဖြင့် ပျော်ရွှင်နေကြလေသည်။
အစားများ အနည်းငယ်ကုန်သွားသည့်အခါတွင်တော့ စကားသံများက အနည်းငယ် ငြိမ်သက်လာသည်။ အချိန်တန်ကြာသည့်အခါတွင်မတော့ တစ်ယောက်နှင့်တစ်ယောက်တောင် စကားပြောချင်စိတ်ကုန်ခမ်းကုန်ကာ၊ မလှုပ်နိုင်ကြတော့။ တစ်ယောက်နှင့်တစ်ယောက်လည်း ကြည့်တောင် မကြည့်ချင်ကြတော့။ ဝယ်ကျွေးသော အစ်မအကြီးဆုံးကိုယ်တိုင်လည်း မလှုပ်တော့ဘဲ ငူငူကြီးထိုင်ကာ “စားကြဦးလေ” ဆိုသည်ကို ဟန်အမူအရာဖြင့်သာ ပြနိုင်လေတော့သည်။ မေးခံရသော သူများကလည်း ခေါင်းခါသူခါ၊ ရင်ဘတ်ထိရောက်နေပြီဟု လက်ဖြင့် ပြသူပြ၊ လည်ပင်းထိ ရောက်နေပြီဟု ပြသူပြဖြင့်။


ဝယ်ကျွေးသော အစ်မအကြီးဆုံးက မလိုအပ်ဘဲ ပွဲတွေ အရမ်းမှာသဖြင့် စားစရာများသည် အရမ်းကြီးကို ပိုလျှံနေလေတော့သည်။ မောင်နှမတွေကလည်း အယောက် ၃၀ ခန့်ရှိသော်လည်း ပိုနေတော့သည်။