Wednesday, August 17, 2016

မိတောနှင့် မုန့်လုံးရေပေါ်

မိတော..
မုန့်လုံးရေပေါ်လုပ်စားဖြစ်တယ်။
မုန့်လုံးတာတောင် ရည်ရွယ်ချက်အကြီးကြီးထားတယ်။
ဂျူနီယာတောလေးကို ယဉ်ကျေးမှုသင်ပေးမယ်၊ အမျိုးတွေကို နှစ်သစ်ကူးမုန့်လုံးရေပေါ်ဝေမယ်ဆိုတဲ့ ရည်ရွယ်ချက်ကြီးနဲ့။
တစ်ကယ်တော့...
သင်ပေးရအောင်လည်း မိတောကိုယ်တိုင်ကခုမှ လုံးဖူးတယ်။ ဆန်မှုန့် နဲ့ ကောက်ညှင်းဆန်မှုန့်က ၁:၄။ ဆားလေးထည့်နယ်တယ်။ ဟုတ်ပြီဆိုပြီး ရေတွေလောင်းချလိုက်တာ ရေတောင်ကူးလို့ရမလိုဖြစ်သွားလို့ အမှုန့်တွေထပ်ထည့်ရတယ်။
ညကလည်း စူပါစတိုးမှာ ထန်းလျက်အရှာထွက်တာမတွေ့လာလို့
ထန်း လျက်အစား
ချော့ကလက်အဖြူသုံးမယ်ပြင်တယ်။ ကိုရင်က ထန်းလျက်မရရအောင်ရှာပေးမယ်ဆိုပြီး
မနက်အစောကြီးထဲက ထန်းလျက်အရှာထွက်တယ်။ ဒီမြို့မှာရှိသမျှ ကုလားဆိုင်ကုန်လေပြီလားတောင် မသိ။