Friday, February 1, 2019

မျှော်လိုက်ရတာ နှင်းရယ်....


ကြည့်ပါဦး...
ဒါဟာ..

နှင်းပွင့်လေးတွေကို
ခဏလေးပဲဖြစ်ဖြစ်

ပြောပါဦး ဆောင်းရယ်...
ကိုယ့်မှာတော့ ...
မျှော်နေလိုက်ရတာ...

ဒီလိုနဲ့....
နွေဦးရာသီ


  ♫♥●••·˙  ˙·••●♥♫

လင်းယုန်တွေနဲ့ စကားပြောဖို့
ပစိဖိတ်ကမ်းရိုးတန်းဘက်
လမ်းလျှောက်ထွက်ခဲ့တယ်...

ကြည့်ပါဦး...
ဒါဟာ..
ကနေဒါရဲ့ ဆောင်းရာသီတဲ့လား...

နှင်းပွင့်လေးတွေကို
ခဏလေးပဲဖြစ်ဖြစ်
မစေလွှတ်တော့ဘူးတဲ့လား...


ပြောပါဦး ဆောင်းရယ်...
ကိုယ့်မှာတော့ ...
မျှော်နေလိုက်ရတာ...

ဒီလိုနဲ့....
အနောက်ဘက်မြို့လေးတစ်မြို့မှာတော့
နှင်းမဲ့ဆောင်း ကုန်ဆုံးလို့..
နွေဦးရာသီ
ရောက်ပြန်ဦးတော့မယ်ထင်ရဲ့ကွယ်...

Saturday, December 22, 2018

ဝေခွင့်မကြုံ


မှုန်ရီပြာမှိုင်း
လေပြေလှိုင်းထဲက
ပန်းငုံလေးလည်း
အပွင့်မဝေ
ညလေပြေထဲ




------------------


မှုန်ရီပြာမှိုင်း
 လေပြေလှိုင်းထဲက
 ပန်းငုံလေးလည်း
 အပွင့်မဝေ
 ညလေပြေထဲ
 ကြွေခဲ့ရပြီကော မောင်ရယ်..

Thursday, December 20, 2018

မိုးမပါတဲ့ လေ


မုန်တိုင်းဝင်မယ်.... လို့
ပြောကြပေမဲ့ ဒီလောက်ထိဖြစ်သွားလိမ့်မယ်လို့ မထင်ခဲ့ဘူး။ မနက်မိုးလင်းတော့ အိမ်နောက်ဘက် ပန်းသီးပင်မှာ ချိတ်ဆွဲထားတဲ့ wind chime က အသံတွေဆူညံလို့နေတယ်။ နောက်ဘက်တံခါးကိုအဖွင့် လေတွေက တိုးဝင်လာတာ လူတောင် ယိုင်ထွက်သွားတယ်။

ဆောင်းဦးရာသီ လေကြမ်းလေ့ရှိတာမို့ မထူးဆန်းပါဘူးလေဆိုပြီး.. အိမ်ထဲပြန်ဝင် ရုံးအလုပ်တွေ လုပ်နေရင်း မီးက ရုတ်တရက်ပျက်သွားတယ်။ အိမ်မှာဆက်ပြီး အလုပ်လုပ်လို့ မရတာနဲ့ headquarters ကို ကားမောင်းပြီးထွက်လာခဲ့တယ်။ ရုံးရောက်တော့ မြို့တွေတန်းစီပြီး မီးပျက်လို့ အခြားငှာနခွဲတွေလည်း လျှပ်စစ်မရှိ တစ်နေကုန် အဆင်မပြေကြဘူး။

ကိုယ်တို့အိမ်ကတော့ နာရီအနည်းငယ်ပဲ မီးမရပေမဲ့ အခြားအိမ်တွေ ၂၄နာရီတိတိ မီးမလာဘူး။ လေကလည်း ပြင်းထန်တာ.... ကြောက်စရာတောင်ကောင်းတယ်။
ရုံးဆင်းတော့ ရုံးနားက ပန်းခြံလေးတစ်ခုထဲ ခဏသွားထိုင်ဖြစ်သေးတယ်။
လေမုန်တိုင်းကို ဓာတ်ပုံသွားရိုက်တာ....
အရွက်မဲ့ အရိုးပြိုင်းပြိုင်းသစ်ပင်တွေထဲမှာ ငှက်သိုက်လေးတွေကတော့ လေပြင်းဒဏ်ကို အံတုထားနိုင်တာ....

ငှက်ကလေးတွေ တော်လိုက်တာ.........


Friday, December 7, 2018

Adoration


မြတ်နိုးတယ်....
ကောက်ယူနမ်းရှိုက်...
ထွေးပိုက်ထားချင်ပေမဲ့....
ထိတောင် မထိခဲ့ပါဘူးကွယ်....

ကိုယ်သေဆုံးသွားတဲ့အခါ...
ဒီကမ္ဘာပေါ်မှာ နေခဲ့စဉ်က ကိုယ်လုပ်ခဲ့တဲ့အရာတွေကို..
သူတို့က ဖန်သားပြင်ပေါ်မှာ အကုန်ပြန်ပြပြီး
performance review လို လုပ်တဲ့အခါ...
မင်းကို...
သစ်ရွက်လေးတစ်ရွက်ကို ဖြူစင်စွာမြတ်နိုးမိသလို...
တိတ်တခိုး စုံမက်မိခဲ့တဲ့အကြောင်းတွေကိုတော့...
သူတော်စင်တို့ရဲ့ ရှေ့မှာ..
ကိုယ်.....
ဝန်ခံပါ့မယ်...



Wednesday, November 28, 2018

စိန်ပန်းပြာပင်အောက်က ခရေပွင့်များ




ညနေခင်းနေလုံးနီကြီးက ရှေ့တည့်တည့်က ရေကန်ကြီးထဲကို နစ်မြုပ်ပျော်ဝင်သွားတော့မယ်။
 ငှက်ကလေးတွေက စိုးစီလို့ အိပ်တန်းလည်းပျံတော့မယ်။
စိန်ပန်းပြာတွေလည်း ရူးသွားလောက်အောင်ကို လှနေတော့မယ်...။

ဒီနေရာမှာ တစ်ယောက်တည်း လာလွမ်းနေတာလား...
ရော့........ ခရေလေးတွေ ကောက်လာပေးတယ်..
မွှေးကြည့်ပါလား....


တိုးတိတ်တဲ့ ခြေသံနဲ့အတူ အက်ရှရှအသံတွေကို ...
လှည့်မကြည့်လည်း မြင်နေတယ်... အသံမကြားခင်ကလည်း သိနေတယ်။
လေတိုးသံလေးသဲ့သဲ့ ကြားလိုက်သလိုပဲ.......
မင်းဝေ့ဝဲတိုက်ခတ်လာမယ်ဆိုတာလည်း သိနှင့်နေတယ်....
ဒါပေမဲ့....
မင်းကိုယ်သင်းနံ့ကို ရှုမိမှာစိုးလို့...
အသက်ကို  အောင့်ထားမိတာ ဘာကြောင့်ပါလဲ။

ကြံရာမရလို့ ဖဲဗေဒင်သွားကြည့်မိတယ်ဆိုရင်
ကိုယ့်ကို ရူးသွားပြီလို့ ပြောမှာလား...
ဟောနေတဲ့သူတောင် မဟောတတ်အောင် ဖြစ်ခဲ့ရပေမဲ့
စားပွဲပေါ်က ဖဲကဒ်တွေရဲ့ အဓိပ္ပာယ်ကို ကိုယ်ကတော့ သိနေခဲ့တာ...

မင်းကလည်း ကိုယ့်ကို ချစ်နေတယ်ဆိုပဲ.........
ဒါပေမဲ့ ဘာတွေကတားမြစ်ထားကြလို့လဲမသိ
နှစ်ယောက်လုံးက မဖွင့်ဟကြဘူးတဲ့...
စိန်ပန်းပင်အောက်ရောက်မှ ခရေတွေကို နင်းခြေလို့...
ကိုယ်စိတ်လွတ်လက်လွတ် အော်ရယ်ပစ်လိုက်တယ်။