Thursday, December 20, 2018

မိုးမပါတဲ႔ ေလ


မုန္တိုင္းဝင္မယ္.... လို႔
ေျပာၾကေပမဲ႔ ဒီေလာက္ထိျဖစ္သြားလိမ့္မယ္လို႔ မထင္ခဲ႔ဘူး။ မနက္မိုးလင္းေတာ႔ အိမ္ေနာက္ဘက္ ပန္းသီးပင္မွာ ခ်ိတ္ဆြဲထားတဲ႔ wind chime က အသံေတြဆူညံလို႔ေနတယ္။ ေနာက္ဘက္တံခါးကိုအဖြင့္ ေလေတြက တိုးဝင္လာတာ လူေတာင္ ယိုင္ထြက္သြားတယ္။

ေဆာင္းဦးရာသီ ေလၾကမ္းေလ႔ရွိတာမို႔ မထူးဆန္းပါဘူးေလဆိုၿပီး.. အိမ္ထဲျပန္ဝင္ ရုံးအလုပ္ေတြ လုပ္ေနရင္း မီးက ရုတ္တရက္ပ်က္သြားတယ္။ အိမ္မွာဆက္ၿပီး အလုပ္လုပ္လို႔ မရတာနဲ႔ headquarters ကို ကားေမာင္းၿပီးထြက္လာခဲ႔တယ္။ ရုံးေရာက္ေတာ႔ ၿမိဳ႕ေတြတန္းစီၿပီး မီးပ်က္လို႔ အျခားငွာနခြဲေတြလည္း လွ်ပ္စစ္မရွိ တစ္ေနကုန္ အဆင္မေျပၾကဘူး။

ကိုယ္တို႔အိမ္ကေတာ႔ နာရီအနည္းငယ္ပဲ မီးမရေပမဲ႔ အျခားအိမ္ေတြ ၂၄နာရီတိတိ မီးမလာဘူး။ ေလကလည္း ျပင္းထန္တာ.... ေၾကာက္စရာေတာင္ေကာင္းတယ္။
ရုံးဆင္းေတာ႔ ရုံးနားက ပန္းျခံေလးတစ္ခုထဲ ခဏသြားထိုင္ျဖစ္ေသးတယ္။
ေလမုန္တိုင္းကို ဓာတ္ပုံသြားရိုက္တာ....
အရြက္မဲ႔ အရိုးၿပိဳင္းၿပိဳင္းသစ္ပင္ေတြထဲမွာ ငွက္သိုက္ေလးေတြကေတာ႔ ေလျပင္းဒဏ္ကို အံတုထားႏိုင္တာ....

ငွက္ကေလးေတြ ေတာ္လိုက္တာ.........





ပန္းျခံကေန အိမ္ကိုျပန္လာေတာ႔ ကုိယ္ေရြးတဲ႔လမ္းေၾကာင့္ပဲလား ကားလမ္းေတြက သိပ္မၾကပ္ဘူး။ ညီမေလးရယ္ ရုံးကသူငယ္ခ်င္းေတြကေတာ႔ အဲဒီေန႔က ကားေတြၾကားမွာ၂နာရီေလာက္ ပိတ္ေနခဲ႔ၾကတယ္လို႔ ေနာက္ေတာ႔ သိလိုက္ရတယ္။

အိမ္လမ္းထဲဝင္လာေတာ႔ အိမ္ေတာ္ေတာ္မ်ားမ်ားက ပိန္းပိတ္ေအာင္ေမွာင္ၿပီး ေလတိုက္သံေတြက ေလခၽြန္သံလိုပဲ...။ ေလခၽြန္နတ္မင္းအေယာက္ သုံးေသာင္းေလာက္စုၿပီး ေလခၽြန္သီခ်င္းဆိုေနသလားေတာင္ ထင္ရတယ္ရယ္...။

ကားကိုတစ္ေနရာမွာရပ္ ျပတင္းေပါက္ကိုခ်ၿပီး ေလတိုက္သံကို နားေထာင္လိုက္မိေသးတယ္။ အိမ္ႀကီးေတြကလည္း အေမွာင္ထဲ မွာ ထီးထီးႀကီးဆိုေတာ႔ေတာ႔ စိတၱဇရုပ္ရွင္ေတြထဲ ေရာက္ေနသလိုပဲ...
စိတ္ထဲက ေပ်ာ္လည္းေပ်ာ္သလို....
တစ္မ်ိဳးေလး ခံစားလိုက္ရေသးတယ္။

ေလတိုက္သံေတြက
ဝုန္း
ရႊီးးးးးး
ထိန္းးး

ဆန္းက်ယ္လိုက္တာမ်ားဆို ဘာရယ္ေၾကာင့္မသိ ၾကည္ႏူးလိုက္မိေသးတာ....။

ေႏြရာသီဆို ညေနတုိင္းလိုလို ေရာက္ျဖစ္တဲ႔ White Rock ေသာင္ျပင္က တံတားလည္း ေလျပင္းရယ္၊ ပင္လယ္လိႈင္းေတြရယ္၊ တံတားနားမွာ ရပ္ထားတဲ႔ ေမာ္ေတာ္ဘုတ္ေလးေတြ လြင့္ၿပီး ရိုက္ခတ္မႈရယ္ေၾကာင့္ တံတားအလယ္က က်ိဳးၿပီး ေရထဲေမ်ာသြားတယ္လို႔ သိရတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ က်ိဳးပဲ႔ေၾကသြားတဲ႔ အရာေတြဟာ ျပန္တည္ေဆာက္လို႔ ရပါတယ္...
တည္ေဆာက္ခ်င္တဲ႔ စိတ္ဆႏၵအေပၚမွာ မူတည္ၿပီးေတာ႔ေပါ့..........။


~~~~~~~~~~~~~~~


မုန်တိုင်းဝင်မယ်.... လို့
 ပြောကြပေမဲ့ ဒီလောက်ထိဖြစ်သွားလိမ့်မယ်လို့ မထင်ခဲ့ဘူး။ မနက်မိုးလင်းတော့ အိမ်နောက်ဘက် ပန်းသီးပင်မှာ ချိတ်ဆွဲထားတဲ့ wind chime က အသံတွေဆူညံလို့နေတယ်။ နောက်ဘက်တံခါးကိုအဖွင့် လေတွေက တိုးဝင်လာတာ လူတောင် ယိုင်ထွက်သွားတယ်။
 ဆောင်းဦးရာသီ လေကြမ်းလေ့ရှိတာမို့ မထူးဆန်းပါဘူးလေဆိုပြီး.. အိမ်ထဲပြန်ဝင် ရုံးအလုပ်တွေ လုပ်နေရင်း မီးက ရုတ်တရက်ပျက်သွားတယ်။ အိမ်မှာဆက်ပြီး အလုပ်လုပ်လို့ မရတာနဲ့ headquarters ကို ကားမောင်းပြီးထွက်လာခဲ့တယ်။ ရုံးရောက်တော့ မြို့တွေတန်းစီပြီး မီးပျက်လို့ အခြားငှာနခွဲတွေလည်း လျှပ်စစ်မရှိ တစ်နေကုန် အဆင်မပြေကြဘူး။




 ကိုယ်တို့အိမ်ကတော့ နာရီအနည်းငယ်ပဲ မီးမရပေမဲ့ အခြားအိမ်တွေ ၂၄နာရီတိတိ မီးမလာဘူး။ လေကလည်း ပြင်းထန်တာ.... ကြောက်စရာတောင်ကောင်းတယ်။
 ရုံးဆင်းတော့ ရုံးနားက ပန်းခြံလေးတစ်ခုထဲ ခဏသွားထိုင်ဖြစ်သေးတယ်။
 လေမုန်တိုင်းကို ဓာတ်ပုံသွားရိုက်တာ....
အရွက်မဲ့ အရိုးပြိုင်းပြိုင်းသစ်ပင်တွေထဲမှာ ငှက်သိုက်လေးတွေကတော့ လေပြင်းဒဏ်ကို အံတုထားနိုင်တာ....


ငှက်ကလေးတွေ တော်လိုက်တာ.........
ပန်းခြံကနေ အိမ်ကိုပြန်လာတော့ ကိုယ်ရွေးတဲ့လမ်းကြောင့်ပဲလား ကားလမ်းတွေက သိပ်မကြပ်ဘူး။ ညီမလေးရယ် ရုံးကသူငယ်ချင်းတွေကတော့ အဲဒီနေ့က ကားတွေကြားမှာ၂နာရီလောက် ပိတ်နေခဲ့ကြတယ်လို့ နောက်တော့ သိလိုက်ရတယ်။
 အိမ်လမ်းထဲဝင်လာတော့ အိမ်တော်တော်များများက ပိန်းပိတ်အောင်မှောင်ပြီး လေတိုက်သံတွေက လေချွန်သံလိုပဲ...။ လေချွန်နတ်မင်းအယောက် သုံးသောင်းလောက်စုပြီး လေချွန်သီချင်းဆိုနေသလားတောင် ထင်ရတယ်ရယ်...။


 ကားကိုတစ်နေရာမှာရပ် ပြတင်းပေါက်ကိုချပြီး လေတိုက်သံကို နားထောင်လိုက်မိသေးတယ်။ အိမ်ကြီးတွေကလည်း အမှောင်ထဲ မှာ ထီးထီးကြီးဆိုတော့တော့ စိတ္တဇရုပ်ရှင်တွေထဲ ရောက်နေသလိုပဲ...
စိတ်ထဲက ပျော်လည်းပျော်သလို....
တစ်မျိုးလေး ခံစားလိုက်ရသေးတယ်။




 လေတိုက်သံတွေက
 ဝုန်း

 ရွှီးးးးးး

 ထိန်းးး


 ဆန်းကျယ်လိုက်တာများဆို ဘာရယ်ကြောင့်မသိ ကြည်နူးလိုက်မိသေးတာ....။




 နွေရာသီဆို ညနေတိုင်းလိုလို ရောက်ဖြစ်တဲ့ White Rock သောင်ပြင်က တံတားလည်း လေပြင်းရယ်၊ ပင်လယ်လှိုင်းတွေရယ်၊ တံတားနားမှာ ရပ်ထားတဲ့ မော်တော်ဘုတ်လေးတွေ လွင့်ပြီး ရိုက်ခတ်မှုရယ်ကြောင့် တံတားအလယ်က ကျိုးပြီး ရေထဲမျောသွားတယ်လို့ သိရတယ်။
 ဘယ်လိုပဲဖြစ်ဖြစ် ကျိုးပဲ့ကြေသွားတဲ့ အရာတွေဟာ ပြန်တည်ဆောက်လို့


အိမ့္ခ်မ္းေျမ့ @ အိမ့်ချမ်းမြေ့

No comments:

Post a Comment