Friday, December 7, 2018

Adoration


မြတ်နိုးတယ်....
ကောက်ယူနမ်းရှိုက်...
ထွေးပိုက်ထားချင်ပေမဲ့....
ထိတောင် မထိခဲ့ပါဘူးကွယ်....

ကိုယ်သေဆုံးသွားတဲ့အခါ...
ဒီကမ္ဘာပေါ်မှာ နေခဲ့စဉ်က ကိုယ်လုပ်ခဲ့တဲ့အရာတွေကို..
သူတို့က ဖန်သားပြင်ပေါ်မှာ အကုန်ပြန်ပြပြီး
performance review လို လုပ်တဲ့အခါ...
မင်းကို...
သစ်ရွက်လေးတစ်ရွက်ကို ဖြူစင်စွာမြတ်နိုးမိသလို...
တိတ်တခိုး စုံမက်မိခဲ့တဲ့အကြောင်းတွေကိုတော့...
သူတော်စင်တို့ရဲ့ ရှေ့မှာ..
ကိုယ်.....
ဝန်ခံပါ့မယ်...



No comments:

Post a Comment