Friday, June 15, 2018

ဒိုင်နိုဆော

သားငယ်ရဲ့ ဒိုင်ယာရီဆန်ဆန် notebook ကို ဖတ်မိပြန်သဖြင့် မိတော မျက်မှောင်ကြုံ့သွားရပြန်သည်။
'သားငယ်....... သားငယ်...'
'ဗျာ..........'
'လာခဲ့ဦး..... ဒါဘာကိုဆိုလိုထားတာလဲ'
'ဒါလား.... သြော်... ဘာမှမဟုတ်ဘူး.. meme ပါ မေမေ'
'မေမေက ဒီလောက် ညင်သာတာ.. လမ်းလျှောက်တာလည်း အသံတောင်မထွက်တာကို သားရေးထားသလောက်လည်ုး မဟုတ်ပါဘူးးးးး'
'မေမေက လမ်းလျှောက်ရင်သာခြေသံမထွက်ပေမဲ့ တီဗွီကြည့်ရင် ကျယ်တာကို'
'ဟင်.... ဘာပဲဖြစ်ဖြစ် မိဘကိုတော့ ဒိုင်နိုဆောနဲ့ နှိုင်းစရာလားလို့ ..တောင်းပန်'
'ဟုတ်... သားတောင်းပန်ပါတယ်'
သားငယ်ပြီး ပြီးရောပြောကာ ရယ်ကျဲကျဲနှင့် ထွက်သွားသည်။ သူရေးထားသည်မှာ....
နင်ဂျာများသည် ကိုယ်ဖော့ပညာကျွမ်းကျင်လှသဖြင့် လှေကားတက်ဆင်းသွားလာစားသောက်သည့်အခါ အသံလုံးဝမထွက်တတ်ကြ။ ဒိုင်နိုဆောများကတော့ ကြီးမားသည့်အပြင် ကိုယ်ဖော့ပညာမတတ်သဖြင့် သွားလာလှုပ်ရှားသံသည် ကျယ်လောင်တတ်ပေသည်။
မိဘများ အိပ်နေချိန်များတွင် မမနှင့်ကျနော်သည် နင်ဂျာများ ဖြစ်သွားတတ်ကြပြီး...
ကျနော်တို့ နားနေအိပ်နေချိန်များတွင်မတော့ ကျနော်တို့၏ မိဘများသည် ဒိုင်နိုဆောများ ဖြစ်သွားကြလေတော့သည်။ (We are Ninjas while our parents are asleep but they become dinosaurs while we are asleep.) 😂,️

Myint Pyoneoo
Myint Pyoneoo သား ကရေးတတ်လိုက်တာ အတွေးအခေါ် ရော သရော်စာဆန်တာရော သူစာရေးဆရာဖြစ်မှာဘဲ
အိမ့် ချမ်းမြေ့
အိမ့် ချမ်းမြေ့ လက်ရေးနဲ့စာအုပ်ငါးအုပ် သူ့ဟာသူချုပ်ပြီး ထုတ်ထားတယ်...
Myint Pyoneoo
Myint Pyoneoo သေချာသိမ်းထားပြီးအမေက ထုတ်ပေးလိုက်သင့်တယ် သူ့ဝါသနာကိုအားပေးပါ မလေးရေ
Sophia Khant
Sophia Khant မေမေတိုးတိုးလျှောက်ပါရန်လို့မပြောရဲသောကြောင့် <3 ရေးထားတာချစ်စရာလေး
· Reply · 10w
အိမ့် ချမ်းမြေ့
အိမ့် ချမ်းမြေ့ မလေးခြေသံသာတိုးပေမဲ့ တီဗွီသံကျယ်လို့တဲ့လေ...
Sophia Khant တီဗွီသံတိုးပေးရန် <3
အိမ့် ချမ်းမြေ့
အိမ့် ချမ်းမြေ့ မလေးတို့က တစ်ခါတလေဆွေးနွေးငြင်းခုန်ကြတာတွေကို သူတို့အတွက်ကျယ်ပုံရတယ်..
..

Ae Lay
Ae Lay အမှန်ရေးထားတာပဲ ဟားဟား
Daw Khin MohMoh Aye
Daw Khin MohMoh Aye ​ရေးထားတာ​လေးက ချစ်​ဖို့​ကောင်းလိုက်​တာ
Kyaw Lin Nyein မှတ်ကရော :P
Hnin Kyi Aye
Hnin Kyi Aye စာရေးဆရာမသွေးအပြည့်ပါလား ဂုဏ် အလကာင်္ ရသ အပြည့်ပဲမလေးရေ…အမကတော့သားသားဘက်ကနေမေမေကိုပြန်အရော်တောင်းချင်တယ်…ချစ်ထှာဟယ်
အိမ့် ချမ်းမြေ့
အိမ့် ချမ်းမြေ့ သူ့ရေးဟန်က Diary of a Wimpy Kid နဲ့တော်တော်ဆင်တယ် မ..
Hnin Kyi Aye
Hnin Kyi Aye အိမ့် ချမ်းမြေ့ အာ့ကြောင့်ပြောတာလေ…အားပေးပါမလေးရယ်
မေမေဗီတိုမသုံးပါနဲ့နော်
Chan Aye
Chan Aye ကလေးအတွေးများ ကြံကြံဖန်ဖန် 
အိမ့် ချမ်းမြေ့
အိမ့် ချမ်းမြေ့ ဒိုင်နိုဆောနဲ့နှိုင်းခံထိတာ ၂ခါရှိဘီလေ
Manage

Chan Aye
Chan Aye ရယ်ရတာ မျက်ရည်တောင်ထွက်တယ် အဟုတ်]
ဒီ ဒီး
ဒီ ဒီး ရေးတတ်တာလေးက ချစ်စရာကောင်းနေတာ
Ni Ni Moe
Ni Ni Moe ဖြစ်ရမယ် ဟိ ဟိ
Ma Ma Nyein
Ma Ma Nyein ကဲ မှတ်​ပြီလား မ​လေး​ရေ :-D
War War War
War War War ရေးတတ်လိုက်တာ
ဖတ်ရတာ ရိုးရိုးလေးနဲ့
ဖတ်လို့ကောင်း
Vistaz Aung
Vistaz Aung လူးလိမ့်ရီ
Yu Dar
Yu Dar ချစ်ဖို့ကောင်းလိုက်တာ..
Idea လေးက..။
Mya Yoon

· Reply · 10w
Nge
Nge စာရေးဆရာမ သားပီသပါပေတယ်။ နှူတ်တရာ စာတလုံးပဲ
Zar Chi
Zar Chi ရေးထားတာ ချစ်စရာလေး
· Reply · 10w
Swe Swe Aye
Swe Swe Aye အမိုက်စားလေး
· Reply · 10w
Kyaw Zeyar Lynn
Kyaw Zeyar Lynn Up , Epic meme .
Just for fun.
Manage

Aye Pa Pa Saw
Aye Pa Pa Saw ချစ်စရာလေး

Myo Myint
Myo Myint ဟိဟိ...နင်ဂျာမေမေနဲ့ နင်ဂျာမေမေ
Manage

Khin Ma Yep mine is different. I am ninja while my son is sleeping. He is dinosaur while I am sleeping. 😂😂😂
Manage

Yu Yu Khin
Yu Yu Khin တော်လိုက်တဲ့တူကလေး
· Reply · 10w
Htet Htet Naing
Htet Htet Naing what a creative writing 
· Reply · 10w
ChoThe K. M. Aye
 
 
 
 

No comments:

Post a Comment