Friday, June 8, 2018

လင်းယုန်ကိစ္စ

 

ဒီလင်းယုန်ကိစ္စတော့ မပြောမနေ ထပ်ပြောမိဦးတော့မယ်။ စစချင်းက ဘာသာရေးစာစောင်တစ်ခုမှာ ခရစ်ယာန်တရားဟောဆရာတစ်ဦးက စာအုပ်တောင်ထုတ်ထားတယ်။ အဲဒါလွန်ခဲ့တဲ့ အနှစ်၂၀ကျော်လောက်ထဲက မြန်မာပြည်မှာ ထွက်ခဲ့ပြီးသား ခပ်ပါးပါးစာအုပ်လေးတစ်အုပ်ပါ။ နောက်ကျတော့ အင်တာနက်တွေမှာ စာရေးဆရာတစ်ယောက်ဘာသာပြန်တယ်ဆိုလား ရှဲကြပြန်တယ်။ ဒီတစ်ခါကျတော့ ဆရာစိန်ဝင်းကလည်း ဟောပြောပွဲတွေမှာ ဟောတာကို ထပ်ရှဲကြပြန်တယ်။
မလေးဟာ.. ဆရာစိန်ဝင်းကဗျာတွေကို သိပ်ချစ်သူပါ။
With all due respect, I have to say this.
လင်းယုန်ဟာ အသက် ၄၀မှာ အတောင်တွေဖြုတ်၊ နှုတ်သီးကိုချိုးပြီး ဘဝကိုပြောင်းရတယ်။ မဟုတ်ရင် သေမယ်ပေါ့၊ အတောင်တွေရှည်လာပြီး မပျံနိုင်၊ နှုတ်သီးကကောက်ပြီး အစားမချီနိုင်လို့ နှုတ်သီးကိုချိုးပြီး အသစ်ပြန်ပေါက်တဲ့ထိစောင့်ရတယ်ဆိုတာ.. အဲဒါပြီးတော့ အနှစ်၃၀ ထပ်အသက်ရှည်တယ်ပေါ့။ ဇာတ်လမ်းကတော့ တကယ့်ဒရာမာ အရှည်ကြီးပဲ။ 
 
လူတွေကို change ကို လုပ်ဖို့ ဥပမာပြတာ။ change လုပ်ရမယ်ဆိုတာ မှန်ပါတယ်။ ပြောင်းလဲရမယ် survival အတွက် We need to change all the time. Evolution တစ်မျိုးပဲ။ တစ်ချိန်လုံး evolve ဖြစ်ကိုဖြစ်နေရမယ်၊ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ပြောင်းရမယ်.. မဟုတ်ရင် လူသားတွေရဲ့ ရပ်တည်မှု ပျောက်ဆုံးသွားမှာ အသေအချာပါ။ အဲဒါကို ဥပမာပြတဲ့ရည်ရွယ်ချက်သိပ်ကောင်းပေမဲ့ အချက်လက်တွေ မှားယွင်းနေတာပါ။
ပုံပြင်ပါ.. ဥပမာပါ... လို့ မပြောတော့
လူတွေက လင်းယုန်တွေ တကယ်ကိုနှုတ်သီးချိုးတယ်၊ အတောင်တွေနှုတ်တယ်၊ လက်သည်းတွေကို ချိုးပစ်တယ်လို့ ထင်လာကြတာ....
ကိုယ်ဆိုတာကလည်း လင်းယုန်တွေ၊ ရေဆန်ငါးတွေ၊ လိပ်ပြာ၊ aphids စတဲ့ အကောင်ပလောင်တွေကို သဘောကျလို့ သူတို့ရှိရာ တောထဲတိုးနေတတ်သူ။ ရှင်းရှင်းပြောရရင် လူတွေနဲ့ထက် တိရစ္ဆာန်တွေနဲ့ ပိုနီးစပ်သူပါ...။ ဒီကိစ္စကို သိချင်နေတာကြာပြီဖြစ်လို့ တိရစ္ဆာန်ဆရာဝန်တွေနဲ့လည်း မေးကြည့်ပြီးပြီ၊ wildlife centre တွေက လင်းယုန် expert (လင်းယုန်နှင့်ရင်းနှီးသူ) တွေနဲ့လည်း မေးကြည့်ပြီးပါပြီ။ ကိုယ်တိုင်လည်း စုံစမ်းလို့ရပါတယ်။ လူကိုယ်တိုင်သွားမေးစရာတောင် မလိုပါ။
အီးမေးပို့မေးကြည့်လိုက်ပါ
(@https://www. owlrehab.org,
@www. ibacanada.ca)
ထို rehab တွေမှာ နှစ်စဉ်လည်း လှူနေကျဖြစ်ပါတယ်။ အထူးသဖြင့် owlrehab မှာပါ။ ပြောပြတာပါ..
ဒါတွေဘယ်လိုသိလဲလို့ မေးလာကြလို့ ပြောပြခြင်းပါ။
လင်းယုန်က ဒီလို အတောင်တွေနှုတ်၊ နှုတ်သီးတွေချိုးပစ်တယ်ဆိုတာ လုံးဝမဟုတ်တဲ့ လုပ်ကြံဇာတ်လမ်းသာဖြစ်ပါတယ်လို့ သူတို့ကဆိုပါတယ်။ လင်းယုန်က အတောင်ကိုနှုတ်တဲ့အခါတွေရှိတယ်။ stress ဖြစ်လို့ဖြစ်ဖြစ် molting အချိန်မှာဖြစ်ဖြစ် နှုတ်တတ်/ကျွတ်တတ်တယ်တဲ့။ ဒါပေမဲ့ ကိုယ်လုံးတီးကြီးဖြစ်အောင် အတောင်တွေကုန်အောင်နှုတ်ပြီး နှုတ်သီးကိုချိုးပြီး အတောင်ပြန်ပေါက်လာပြီး၊ နှုတ်သီးပြန်ပေါက်လာတဲ့အထိ ဘယ်လင်းယုန်မှ ငုပ်တုပ်ထိုင်မစောင့်နိုင်ဘူး။ သေသွားမှာပေါ့။ နှုတ်သီးဟာ လူတွေလက်သည်းလိုမျိုး keratin နဲ့လုပ်ထားတာ.. ချိုးလိုက်လို့ ကျိုးသွားတဲ့အခါ ပြန်ပေါက်တယ်ထား.. ဒီလိုပုံစံတကျ ပြန်ပေါက်နိုင်မယ်ထင်လား။ လင်းယုန်နှုတ်သီးရွဲ့စောင်းပြီး ပြန်ထွက်လာမှ ချိုးမိတာ ငါမှားပဟဲ့ဆိုပြီး လင်းယုန်စိတ်ဓာတ်ကျ ပိုသေနိုင်တယ်။ 😒😔
ရိုးရိုးလေးပဲ စဉ်းစားကြည့်ကြပါဦး။ ဘယ်လိုအစားစားမလဲ .. အနည်းဆုံး process က ခြောက်လတစ်နှစ်ကြာမယ်။ အတောင်တွေပြန် မပေါက်ခင်၊ နှုတ်သီးတွေ လက်သည်းတွေ ပြန်မပေါက်ခင် လင်းယုန်ကို ဘယ်သူက ဒီကြားထဲမှာ အစာလာကျွေးမလဲ။ စဉ်းစားကြည့်ကြပါ..
အဲဒီကိစ္စ ဆောင်းပါးလေးတစ်ပုဒ် မသိမသာလေးရေးတင်ဘူးတယ်။ ဆောင်းပါးဆန်လွန်းလို့ အချက်လက်တွေများပြီး ပျင်းစရာကောင်းတာလားမသိ၊ ဖတ်မည့်သူတောင်မရှိ၊ သွားတင်တဲ့နေရာကလည်း လူသူမသိတဲ့နေရာမှာ။
အဲဒီ လင်းယုန်ကိစ္စဟာ အနောက်နိုင်ငံက motivational speaker တစ်ယောက် တကယ့်အဖြစ်လိုလို ပြောသွားတာပါ။ အဲဒါကို အွန်လိုင်းမှာ တကယ့်အဖြစ်လို ဘာသာပြန်ရေးပြီးရှဲကြ၊ ဘုရားကျောင်းက တရားဟောဆရာတွေကလည်း ဟော၊ မြန်မာပြည်က စာရေးဆရာလောကအထိပါ ရောက်ကုန်တာပါ။ ဒါမျိုးတွေက ဖြစ်တတ်ပါတယ်။ အပြစ်တင်တာ မဟုတ်၊ သိစေချင်တဲ့ စေတနာနဲ့သာဖြစ်ပါတယ်ရှင်...။
အိမ့်ချမ်းမြေ့
 
https://www.facebook.com/tapyaythu/posts/pfbid02htotmS51raEYAfRyhhtr3LdrK1W4wa3gsQoYs2QNKgWbk1qtJjFFpkrSjXtnsidpl
 

No comments:

Post a Comment