Sunday, July 8, 2018

သိုသိပ္နက္နဲစြာ


 ကၽြန္ေတာ္.....
သူမကို ခ်စ္မိေနတယ္ ထင္တယ္။

ခ်စ္မိေနတယ္....
 ခ်စ္မိသြားတယ္....
 ခ်စ္တယ္.. ဆိုတဲ႔  စကားလုံးေတြကို ခ်စ္ခဲ႔မိတဲ႔ မိန္းကေလးအခ်ိဳ႕ကို ေျပာဖူးပါတယ္။
ဒါေပမဲ႔....
သူမနဲ႔ပတ္သက္လာတဲ႔အခါမွာေတာ႔ ခ်စ္တယ္ ဆိုတဲ႔ စကားလုံးဟာ ေပါ့ရႊတ္ရႊတ္ စကားလုံးတစ္လုံး ျဖစ္သြားရသလိုပဲ။ ခ်စ္တယ္ဆိုတဲ႔ စကားထက္ ေလးနက္တဲ႔ စကားလုံး သူမအတြက္ ရွိကိုရွိရမယ္လို႔ ေတြးေနမိတာလည္း အခါခါ။

လက္ဘက္ရည္ကို အသာငုံ႔ေသာက္ၿပီး ပန္းကန္လုံးေလးကို စားပြဲေပၚကို တင္လိုက္ၿပီး ခပ္လွမ္းလွမ္းက လမ္းသြယ္ေကြ႔ေလးကို ေမွ်ာ္ေငးၾကည္႔လိုက္မိတယ္။ သူမ ေလွ်ာက္လာေတာ႔မယ္ဆိုတာကို ေတြးေနမိခ်ိန္ေလးမွာတင္ ေႏြးကနဲျဖစ္သြားတတ္တဲ႔ ရင္ဘတ္ႀကီးကို သေဘာက်ရမွာလား၊ စိတ္တိုရမလား မေျပာတတ္ေတာ႔ဘူး။  ေဘးမွာထိုင္ၿပီး အေၾကာ္စားေနတဲ႔ မ်ိဳးလြင္ကို အားနာစြာ မလုံမလဲ တစ္ခ်က္ လွမ္းၾကည္႔လိုက္မိေသးတယ္။

တကယ္ဆို...
သူငယ္ခ်င္းက သူမကို ခ်စ္ေနမိၿပီလို႔ အရင္ဖြင့္ေျပာလာသူ မဟုတ္ပါလား။

စည္းဆိုတာ သူငယ္ခ်င္းအခ်င္းခ်င္းၾကားမွာေတာင္ ထားရမယ္႔ အရာလို႔ ခံယူထားတတ္သူေတြအတြက္ အရာရာဟာ တပန္းရႈံးတာပဲ။

"ငါ..ျဖဴေႏြးကို အရမ္းခ်စ္ေနမိၿပီကြာ..."

အဲဒီေန႔က တိမ္ေတြၿပိဳက်သြားသလိုခံစားလိုက္ရတယ္။ ေဆးလိပ္ေငြ႔ေတြကို မႈတ္ထုတ္လိုက္ၿပီး ဘာမွမျဖစ္သလို မ်က္ႏွာကို တည္ထားခဲ႔ေပမဲ႔ ရင္တစ္ခုလုံးဟာ လွ်ပ္စစ္ေတြ ျဖတ္စီးသြားသလား ထင္လိုက္ရတယ္။

"အင္း........"

ဘာျပန္ေျပာရမွန္းမသိလို႔ မ်ိဳးလြင္ရဲ႕စကားကို "အင္း..." တစ္လုံးသာ ေလးတြဲ႔တြဲ႔ ခ်ၿပီး တုံ႔ျပန္ခဲ႔မိတယ္။
အဲဒီညက ေယာကၤ်ားတန္မဲ႔  မ်က္ရည္ေတြက်လာလို႔ ငုတ္တုပ္ထထိုင္ၿပီး မယုံႏိုင္စြာ ကိုယ္႔ပါးကို ပြတ္ၾကည္႔မိေသးတယ္။ ငိုေနတာမဟုတ္ေပမဲ႔ လက္ခုံမွာ မ်က္ရည္စေတြနဲ႔ဗ်....။  ကိုယ္႔ကိုကိုယ္ ခါးသက္စြာ ရယ္ေမာပစ္မိေသးတယ္။




အေတြးေတြပ်ံ႕လြင့္ေနစဥ္မွာပဲ လမ္းသြယ္ေကြ႔ေလးကေန သူမ ေပၚလို႔လာတယ္။ အဲဒီလမ္းကေလး တစ္ဖက္တစ္ခ်က္မွာ ပန္းျဖဴျဖဴေလးေတြ ပြင့္ေနတတ္တယ္။ ေလထဲလြင့္ပ်ံလို႔ေနတတ္တဲ႔ သူမရဲ႕ ဆံႏြယ္ေတြထဲက ဝတ္မႈန္ေလးတစ္ပြင့္ ျဖစ္ခ်င္မိတဲ႔ ကိုယ္႔အေတြးဟာ သူငယ္ခ်င္းအတြက္ စည္းတစ္ခုထားေပးေနျခင္းပဲလို႔ ကိုယ္႔ကိုကိုယ္ ေျဖသာေတြးမိလိုက္ေသးတယ္။

ဟုတ္တယ္...
ကၽြန္ေတာ္ေလ.... သူမကို မေပြ႔ဖက္ခ်င္ဘူး၊ မနမ္းရႈံ႕ခ်င္ဘူး။
သူမဆံႏြယ္ထဲက ဝတ္မႈန္ေလးတစ္ပြင့္ျဖစ္ေနရရင္ကို ေက်နပ္ေနမွာပဲ။

သူမကို ဘာေၾကာင့္ခ်စ္မိသလဲလို႔ ကိုယ္႔ကိုကိုယ္လည္း ေမးခြန္းထုတ္မိတယ္။

 သူမဟာ မိန္းကေလးဆန္ေတာ႔ မေယာင္ေယာင္နဲ႔ တစ္ခါတရံမွာလည္း ၾကမ္းတမ္းစြာ ေအာ္ဟစ္ရယ္ေမာတတ္တာေၾကာင့္လား...။
အသားေတြ ညိဳမဲသြားးမွာကို မေၾကာက္တတ္လို႔ ေနပူပူထဲမွာ လြတ္လပ္ေပါ႔ပါးစြာ ေလွ်ာက္တတ္တဲ႔ မိန္းမတစ္ေယာက္မို႔လို႔လား...။
သူမရဲ႕ ထူးျခားတဲ႔ ခပ္ဝဲဝဲ အသံေလးေၾကာင့္လား။

သူမ လွသလား... မလွဘူးလားဆိုတာထက္... သူမရဲ႕  အႏုပညာကိုျမတ္ႏိုးတတ္မႈနဲ႔ အေတြးေတြကို ခ်စ္သြားမိတာလား...။ သူမရဲ႕႔ ရုပ္ထက္ စိတ္ကို ခ်စ္မိသြားတာဆိုရင္ ပိုမွန္လိမ့္မယ္။

  ♫♥●••·˙   ˙·••●♥♫   ♫♥●••·˙   ˙·••●♥♫   ♫♥●••·˙   ˙·••●♥♫


သူမကို ရင္ခုန္မိတဲ႔ေန႔က ကိုယ္႔ကိုကိုယ္ေတာင္ အံ႔ၾသသြားမိတယ္။


အဲဒီေန႔က ပန္းခ်ီျပခန္းထဲမွာ ပန္းခ်ီကားတစ္ခ်ပ္ကို ေငးၾကည္႔ေနတဲ႔ သူမရဲ႕ ေနာက္ပိုင္းကို ဘာရယ္မဟုတ္ ၾကည္႔လိုက္မိခ်ိန္က စတယ္လို႔ ေျပာရမယ္။ သူမရဲ႕ ေနာက္ပိုင္းလို႔ ဆိုရာမွာလည္း ခါးေတြ၊ တင္ေတြကို ရည္ညႊန္းတာ မဟုတ္ဘူးဗ်။ သူမရဲ႕ ဆံပင္ေလးေတြ ေက်ာလယ္မွာ ဝဲက်ေနတာကို ျမင္လိုက္ရတာမွာ ရင္ထဲမွာ စမ္းေရေႏြးေႏြးေလး စီးဆင္းသြားသလိုပဲ။ ဒါေပမဲ႔ စမ္းေရေႏြးေႏြးေလးဟာ ေရတံခြန္ႀကီးလို ျဖစ္လာတာ။ ကိုယ္႔ရင္ဘတ္ကိုေတာင္ ကိုယ္ မယုံႏိုင္ခဲ႔ဘူး။

ေယာကၤ်ားတစ္ေယာက္ ရင္ခုန္သြားရေလာက္တဲ႔ အလွေတြ သူမ မွာ ရွိမေနပါဘူး။ ေယာကၤ်ားတစ္ေယာက္ ရင္ခုန္သြားရေလာက္ေအာင္လည္း ခ်စ္စရာေကာင္းတဲ႔ အမူအယာေလးေတြ သူမ မလုပ္တတ္ဘူး၊ လုပ္လည္း မလုပ္ဘူးလို႔ ထင္တယ္။

သူမကို ေငးေကာင္းေကာင္းနဲ႔ ေငးေနတုန္း မိ်ဳးလြင္ရဲ႕ လက္က ပခုံးေပၚကို ခပ္ၾကမ္းၾကမ္းသက္ေရာက္လာတယ္။

"ငါ့... ျဖဴေႏြးေလး ခ်စ္ဖို႔ေကာင္းတယ္မဟုတ္လား"

ရင္ထဲမွာ ျဖတ္သန္းစီးဆင္းေနတဲ႔ ေရတံခြန္ႀကီးဟာ ရုတ္တရက္ တိကနဲ ေရေတြခမ္းေျခာက္သြားသလိုခံစားလိုက္ရတယ္။ ဟုတ္တယ္။ အျပစ္ရွိသလိုခံစားလိုက္ရတယ္။
တစ္စုံတရာကို ရွက္သြားသလိုလည္း ခံစားလိုက္ရတယ္။ ဒီခံစားခ်က္ေတြ မျဖစ္သင့္ဘူး။ မ်ိဳးလြင္အေပၚမွာ သစၥာထားရမယ္ဆိုတဲ႔ အသိစိတ္ေၾကာင့္  ခုန္ေနတဲ႔ ရင္ဟာ ရုတ္တရက္ ဆိတ္ၿငိမ္သြားလိုက္တာဆိုတာ။

"ငါ့ ျဖဴေႏြး...."
ဟုတ္တယ္....။ ျဖဴေႏြးဟာ မ်ိဳးလြင္ရဲ႕ ျဖဴေႏြး။ မ်ိဳးလြင္ဟာ ျဖဴေႏြးကို သူအရင္ျမင္၊ သူအရင္ခ်စ္မိတယ္လို႔ ေၾကျငာထားခဲ႔ၿပီးသား မဟုတ္ပါလား။ အဲသလို ေၾကျငာထားၿပီးတဲ႔ မ်ိဳးလြင္ေၾကာင့္ ကၽြန္ေတာ္ဟာ အရာရာ ရႈံးနိမ့္သြားခဲ႔ၿပီ။


သစၥာတရားဆိုတာဘာလဲ။ အခ်စ္နဲ႔စစ္မွာ အမွန္တရားလို႔လည္း ဆိုၾကတယ္။ အခ်စ္ဆိုတာဟာလည္း တစ္ႀကိမ္မက အဖန္ဖန္ေပါက္ဖြားလာတတ္တာလား။ အဖန္ဖန္ေပါက္ဖြားဖူးတယ္ဆိုရင္ေတာင္မွ ျဖဴေႏြးအေပၚမွာ ထားမိတဲ႔ ေမတၱာမ်ိဳး ဘယ္တုန္းကမွ မျဖစ္ဖူးသလို၊ ေနာက္ထပ္ဘယ္ေတာ႔မွ ျဖစ္လာမွာ မဟုတ္ဘူးဆိုတာ ေသခ်ာတယ္။ မ်ိဳးလြင္နဲ႔ယွဥ္ၿပိဳင္ၿပီး ျဖဴေႏြးအခ်စ္ကို ရယူဖို႔ေတာ႔ စိတ္ေတာင္ကူးလိမ့္မွာ မဟုတ္ဘူး။

ျဖဴေႏြးကေကာ....... မ်ိဳးလြင္ကို အၾကင္နာပိုတယ္ဆိုတာ သိသာလြန္းပါတယ္။
မိန္းမတို႔ရဲ႕ သဘာဝက သနားတတ္တဲ႔အတြက္  မ်ိဳးလြင္ထက္ပိုၿပီး အနည္းငယ္သာေနသလိုျဖစ္တဲ႔ ကၽြန္ေတာ႔အေပၚမွာ သနားစိတ္ကေလးေတာင္ ဝင္ပုံမရတာကိုလည္း နားလည္ထားၿပီးသားပါ။


ပန္းခ်ီျပခန္းကအျပန္ မိုးေတြက ဝုန္းဆိုရြာခ်လိုက္တာ။ ရင္ထဲမွာ ဘာရယ္မဟုတ္ ေအးခ်မ္းသြားတယ္ဗ်ာ။
ထီးေဆာင္းထားတဲ႔ ျဖဴေႏြးက မ်ိဳးလြင္နဲ႔ ကိုယ္႔ၾကားမွာ.။ သူတို႔ ေဆာင္းႏိုင္ပါေစရယ္လို႔ မသိမသာ ေနာက္ခ်န္ေနလိုက္တယ္။

"ဟဲ႔... အနားလာေလ.. နင္မိုးေတြအရမ္းစိုေနတယ္"
"ရတယ္.. ေအးေဆး..."

ကားဂိတ္ေရာက္ေတာ႔ မ်ိဳးလြင္က ျဖဴေႏြးကို လိုက္ပို႔မယ္ဆိုၿပီး လိုင္းကားေပၚပါသြားခ်ိန္ ကၽြန္ေတာ္ကေတာ႔ အျခားလိုင္းကားေစာင့္ရင္း မိုးေရထဲက်န္ခဲ႔တယ္။
အဲဒီေန႔က သဲသဲမဲမဲရြာေနတဲ႔မိုးကို ခ်စ္လိုက္တာဆိုတာ....
 ဘာေၾကာင္႔ရယ္မွန္းေတာင္ မသိေတာ႔ပါဘူးဗ်ာ....။


  ♫♥●••·˙   ˙·••●♥♫   ♫♥●••·˙   ˙·••●♥♫   ♫♥●••·˙   ˙·••●♥♫

မိုးမိသြားတယ္ဆိုေတာ႔ ကၽြန္ေတာ္ ဖ်ားခဲ႔တယ္ေပါ့ဗ်ာ။ ဖ်ားတာမွ ရက္ရက္စက္စက္ ဖ်ားတာ။
ျဖဴေႏြးကို အိပ္မက္ေတြ မက္တာေပါ့ဗ်ာ။ မက္တယ္ဆိုတာ ဖ်ားမွ မက္တာမဟုတ္ပါဘူး။ သူမကို အိပ္မက္ေတြမက္ေနတာ ႏွစ္နဲ႔ခ်ီေနၿပီ။ စီးရီးလိုက္ကို မက္တာ။

တစ္ခါက....  အတူူတူယွဥ္တြဲထိုင္ရတယ္လို႔ မက္မိရုံေလာက္နဲ႔ ကၽြန္ေတာ္႔မွာ ေပ်ာ္လိုက္ရတာဆိုတာ။

ဖ်ားေနတုန္း ျဖဴေႏြး ကၽြန္ေတာ႔ဆီလာပါတယ္။ ဖ်ားေနတဲ႔ သူငယ္ခ်င္းကို လာၾကည္႔တာ... ဘာမွထူးထူးဆန္းဆန္း မဟုတ္ပါဘူး။ သူ႔အေမျပဳတ္ေပးလိုက္တဲ႔ ဆန္ျပဳတ္ကို ခ်ိဳင့္ေလးနဲ႔ ထည္႔ယူလာတယ္။ ၿပီးေတာ႔ ေမေမျပင္ေပးတဲ႔ ပန္းကန္ေလးနဲ႔ လာတိုက္တယ္။

ဆန္ျပဳတ္တိုက္တယ္ဆိုလို႔ ရုပ္ရွင္ေတြထဲကလို ယုယုယယ ခြံ႔ေကၽြးတာ မဟုတ္တဲ႔ အျပင္၊ ကၽြန္ေတာ္လည္း အားနာတာနဲ႔ ကိုယ္႔ဟာကိုယ္ ထထိုင္ေသာက္ပါတယ္။ ပန္းကန္ေလးထဲ ဇြန္းမပါလို႔ လွမ္းေပးလိုက္တဲ႔အခ်ိန္ သူလက္ဖ်ားထိပ္ကေလးနဲ႔ ထိသြားတာေလာက္ပဲ ေျပာစရာရွိတယ္။
အဲ... သူမက ဆံျပဳတ္သိပ္ပူေနလားလို႔ ဘာရယ္မဟုတ္... ဆံျပဳတ္ကို ဇြန္းကေလးနဲ႔ နည္းနည္းေလးခပ္ၿပီး ျမည္းၾကည္႔လိုက္ေသးတယ္။

"ျပစမ္း... အရမ္းပူေနလားလို႔.... ရႊတ္... အင္း... အရမ္းမပူဘူး။ နင္ေသာက္လို႔ရတယ္"

ကၽြန္ေတာ႔ရင္ထဲမွာ အတိုင္းမသိတဲ႔ ခံစားခ်က္ကို ခံစားခဲ႔ရတယ္။ ဘယ္လိုရွင္းျပရမွန္းေတာင္မသိဘူး။
တစ္ကိုယ္လုံး တရွိန္းရွိန္းျဖစ္သြားခဲ႔တယ္။
ကၽြန္ေတာ္ေျပာခဲ႔ၿပီးၿပီ။ ကၽြန္ေတာ႔မွာ ရည္းစားေတြ ရွိခဲ႔ဖူးတယ္။ ခ်စ္သူမိန္းကေလးကို ဖက္ဖူးနမ္းဖူးတယ္။
ဒါေပမဲ႔ အနားမွာထိုင္ေနတဲ႔ ျဖဴေႏြးကိုေတာ႔ ေပြ႔ဖက္ခ်င္စိတ္၊ နမ္းရႈံ႕ခ်င္စိတ္ေတာ႔ မျဖစ္ဘူး။ သူမကို ဒီအတိုင္းေလးပဲ ထိုင္ၾကည္႔ေနခ်င္တယ္။ သူမနဲ႔ စကားေတြအမ်ားႀကီးေျပာခ်င္တယ္။ သူမလက္ကေလးကို မေသခင္ တစ္ခါေလာက္ ဆုပ္ကိုင္ဖူးခ်င္တယ္။ ပန္းေတြေဝေနတဲ႔ ျမက္ခင္းျပင္ေပၚမွာ ယွဥ္တြဲလွဲေလွ်ာင္းရင္း ေကာင္းကင္ျပာႀကီးကို ေငးၾကည္႔ေနၾကတာမ်ိဳးကလြဲလို႔....  ဘာမွ မလိုခ်င္ခဲ႔ဘူး။
ဟုတ္တယ္........။
တစ္ခါတေလ စိတ္အားငယ္သလိုျဖစ္မိခ်ိန္မွာ သူ႔ လက္ကေလးကိုေတာ႔ ကိုင္ထားၾကည္႔ခ်င္မိတယ္။


ျဖဴေႏြးရဲ႕ လက္ေခ်ာင္းထိပ္ေလးနဲ႔ ထိခဲ႔မိတဲ႔ အျဖစ္၊ သူမ ႏႈတ္ခမ္းနဲ႔ ထိထားတဲ႔ ဇြန္းကေလးနဲ႔ပဲ ဆံျပဳတ္စားခဲ႔ရတဲ႔ အျဖစ္ကေတာ႔ မေတြးဘဲလဲ ကၽြန္ေတာ႔ အေတြးထဲေရာက္လာတတ္တယ္။  ညစဥ္ညတိုင္း အလိုလို ေရာက္လာတယ္ဗ်ာ....။ အဲဒီအခါတိုင္းမွာလည္း ရွက္သလိုလို ၾကည္ႏူးသလိုလို ျဖစ္မိတယ္။

ေရာက္ဖူးခ်င္လွတဲ႔ ဟိမဝႏၱာေတာင္တန္းႀကီးေပၚကို ေရာက္ဖူးရလို႔ ၾကည္ႏူးရသလို၊ ပင္လယ္ျပာျပာထဲ ပ်ံဝဲရလို႔ ရင္သိမ့္တုန္ရသလိုမ်ိဳးထက္ သာပါတယ္။ လက္ဖ်ားေလးထိတာဟာ ဘာမွ ထူးျခားလွတာမဟုတ္ေပမဲ႔လည္း ကၽြန္ေတာ႔အတြက္ ဓာတ္လိုက္သလိုျဖစ္ခဲ႔ရတာ။ ဒီအျဖစ္ကို မယုံႏိုင္ဘူးျဖစ္ေနတဲ႔ ကိုယ္႔ကိုကိုယ္ ဟက္ဟက္ပက္ပက္ ရယ္ေမာမိတဲ႔ ညေတြလည္း ရွိခဲ႔တယ္။

♫♥●••·˙   ˙·••●♥♫   ♫♥●••·˙   ˙·••●♥♫   ♫♥●••·˙   ˙·••●♥♫

 ျဖဴေႏြးကေကာ ကၽြန္ေတာ႔ကို နည္းနည္းေလးမွ စိတ္မဝင္စားဘူးလား။
ကၽြန္ေတာ္ ေမွ်ာ္လင့္မိတာေပါ့။ မ်ိဳးလြင္ကို အားနာတဲ႔ စိတ္နဲ႔ပဲ ေမွ်ာ္လင့္ခ်က္ ေသးေသးေလးနဲ႔ ေမွ်ာ္လင့္မိတယ္။  သူမရဲ႕ အျပဳအမူေလးေတြကို ျပန္လည္ဆန္းစစ္ရင္း ကၽြန္ေတာ႔ကို သူ ဂရုစိုက္ပါ့မလားဆိုတဲ႔ အေတြးေတြ ဟုိဒီနဲ႔ေပါ့။

ဒီၾကားထဲမွာ မ်ိဳးလြင္က သဝန္တိုခ်င္လာတယ္။ ကၽြန္ေတာ႔ရဲ႕ အမူအယာေတြဟာ သိုသိပ္မႈ မရွိေတာ႔လို႔လား မသိဘူး။ မ်ိဳးလြင္ရဲ႕ မသိမသာသဝန္တိုလာမႈေၾကာင့္ ထိန္းရေတာ႔မယ္ဆိုတာ သိလိုက္ရတယ္။ 

တစ္ရက္မွာေတာ႔ မ်ိဳးလြင္ေရွ႕မွာ ပက္ပက္စက္စက္မူးၿပီး မိန္းမတစ္ေယာက္ကို ခ်စ္မိတယ္လို႔ ေျပာၿပီး ငိုမိခဲ႔တယ္...။ အဲဒီမိန္းမကို ဘယ္ေလာက္ခ်စ္မိေၾကာင္းေျပာေျပာၿပီး အရွက္မရွိ ငိုခဲ႔မိတယ္လို႔ ဆိုရမယ္။ ျပန္ေတြးမိတိုင္း ကိုယ္႔ကိုကိုယ္လည္း ထိုးပစ္ခ်င္စိတ္ေပါက္ခဲ႔တယ္။

"ဘယ္တစ္ေယာက္လဲ။ ႏွင္းႏုလား"
"မဟုတ္ပါဘူးကြာ........"
"မပ်ိဳးလား..."
"ေတာ္ေတာ႔ကြာ........... မင္းဟာႀကဳံရာအမည္ေတြလာေခၚျပေနတယ္"
"ဟ... မင္းက ဘာမွန္းမသိေတာ႔ ငါလည္း ထင္ရာအမည္ေတြေခၚေနရတာေပါ့။ ေျပာ... ဘယ္သူလဲ"
"မင္း မသိပါဘူး"
"အဲေလာက္ျဖစ္ေနရင္လည္း......... ဖြင့္ခ်လိုက္ေပါ့ကြာ"
"သူ႔မွာ အိမ္ေထာင္ရွိတယ္ကြ"
"ဟာ.. အဲ.... အဲဒါေတာ႔ မျဖစ္ဘူး"
"ေအး.. ဟုတ္တယ္.. ဒါေၾကာင့္ ငါအခုလို အရမ္းခံစားေနရတာေပါ့ကြာ၊ သူ႔ကိုခ်စ္မိတဲ႔ ငါ့ကိုငါလည္း ရြံတယ္"

ကၽြန္ေတာ္ ေပါက္ကြဲခဲ႔မိတယ္။ မ်ိဳးလြင္က  ကၽြန္ေတာ္ခ်စ္ေနတာဘယ္သူလဲ အတင္းေမးတာနဲ႔ အင္တာနက္မွာေတြ႔တဲ႔ ႀကဳံရာဓာတ္ပုံတစ္ပုံကို ထုတ္ျပခဲ႔မိတယ္။

"မိုက္ေတာ႔ မိုက္တယ္ကြ..."
"ေအး...."

 အဲဒီေန႔ကစၿပီး ကၽြန္ေတာ္လည္း ကၽြန္ေတာ႔လုပ္ဇတ္လမ္းထဲမွာ တဝဲလည္လည္ျဖစ္ေနခဲ႔ရတယ္။
တစ္ခုေတာ႔ ေကာင္းတာက သုံးေယာက္ဆုံတိုင္း စိတ္ႀကိဳက္ေတြးခြင့္၊ ေဆြးခြင့္ရတယ္။ ရီေဝေနတဲ႔ မ်က္လုံးေတြကို ဟန္ေဆာင္ဖုံးထားစရာ မလိုေတာ႔ဘူး။
မ်ိဳးလြင္နဲ႔ ျဖဴေႏြး အတူယွဥ္တြဲထိုင္ၿပီး ၾကည္ႏူးရယ္ေမာၾကတိုင္း ပ်က္သြားတဲ႔ မ်က္ႏွာကို ဖုံးစရာမလိုေတာ႔ဘူး။
မခ်စ္သင့္တဲ႔ မိန္းမတစ္ေယာက္ကို ခ်စ္ေနမိလို႔ ေၾကကြဲေနတဲ႔ ပုံစံကို ဖုံးဖိထားစရာမလိုေတာ႔ဘူး။ ဒါေပမဲ႔ အဲဒီမခ်စ္သင့္တဲ႔ မိန္းမဟာ မ်ိဳးလြင္က သူခ်စ္ေနၿပီးသားပါလို႔ ေျပာထားၿပီးသားျဖစ္တဲ႔ ျဖဴေႏြးဆိုတာကိုေတာ႔ ျဖဴေႏြး ဘယ္သိႏိုင္ပါ့မလဲ။

ျဖဴေႏြးကေတာ႔ ကၽြန္ေတာ္ အဲသလိုျဖစ္တိုင္း ရြံရွာတဲ႔ အၾကည္႔နဲ႔ ၾကည္႔တယ္။ သစၥာတရားဆိုတာကို မသိမသာ တရားေဟာေလတယ္။

"လူဆိုတာ သစၥာတရားနဲ႔ အသက္ရွင္ရတယ္"
"သစၥာမရွိရင္ လူတစ္ေယာက္မွာ ဘာတန္ဘိုးမွ မရွိဘူး"
"စားစရာမရွိရင္ေနပါေစ.. သစၥာတရားကို ရင္မွာပိုက္ၿပီး အသက္ေသခံသြားမယ္"

ျဖဴေႏြးရဲ႕ သစၥာတရားနဲ႔ ပတ္သက္တဲ႔ စကားလုံးေတြၾကား အံႀကိတ္ျပဳံးထားရုံကလြဲလို႔ ကၽြန္ေတာ္ဘာမ်ား တတ္ႏိုင္ဦးမွာလဲ။
အခ်စ္ဆိုတာ အရာရာကို ေဖာက္ထြင္းေက်ာ္လြန္ေၾကာင္း၊ အခ်စ္ဆိုတာ ျဖဴေႏြးထင္သလို ကိုယ္ခႏၵာေပါင္းစည္းျခင္းနဲ႔သာ မသက္ဆိုင္ေၾကာင္း ကၽြန္ေတာ္ ေျပာမျပေတာ႔ပါဘူး။

တကယ္ေတာ႔.....
ကၽြန္ေတာ႔ရင္ထဲက အျဖစ္ေတြကို...
ျဖဴေႏြး ဘယ္ေတာ႔မွ သိႏိုင္မွာ မဟုတ္သလို...
သိလည္း မသိေစခ်င္ေတာ႔ပါဘူး။
ျဖဴေႏြးရဲ႕ အခ်စ္ကိုလည္း ကၽြန္ေတာ္ မလိုခ်င္ဘူး။
ျဖဴေႏြးႏႈတ္ခမ္းနဲ႔ ထိထားဖူးတဲ႔ ဇြန္းကေလးနဲ႔ ဆန္ျပဳတ္ေသာက္ခဲ႔ရခြင့္၊ လက္ထိပ္ဖ်ားေလးကို ထိခြင့္ရခဲ႔တာနဲ႔ပဲ ဒီဘဝအတြက္ ေက်နပ္ေနမယ္။

ဒီလိုနဲ႔..........

ျဖဴေႏြးကို သိပ္ခ်စ္ေနမိတဲ႔ ကၽြန္ေတာ္ဟာ.. ျဖဴေႏြးရဲ႕ အၾကင္နာကို ရဖို႔ေနေနသာသာ... အိမ္ေထာင္သယ္တစ္ေယာက္ကို ခ်စ္မိတဲ႔ သစၥာမဲ႔တဲ႔ ေယာက်္ားတစ္ေယာက္၊ ယုံၾကည္စရာ မရွိေလာက္တဲ႔ ေယာက်္ားတစ္ေယာက္ဆိုတဲ႔ အျမင္ေတြနဲ႔အတူ ျဖဴေႏြးရဲ႕ အမုန္းမ်က္လုံးေတြကိုသာ ပိုင္ဆိုင္ခဲ႔ရသူတစ္ေယာက္ ျဖစ္ခဲ႔ပါေတာ႔တယ္။


♫♥●••·˙  အိမ့္ခ်မ္းေျမ့  ˙·••●♥♫ 


 ကျွန်တော်.....
သူမကို ချစ်မိနေတယ် ထင်တယ်။

ချစ်မိနေတယ်....
 ချစ်မိသွားတယ်....
 ချစ်တယ်.. ဆိုတဲ့  စကားလုံးတွေကို ချစ်ခဲ့မိတဲ့ မိန်းကလေးအချို့ကို ပြောဖူးပါတယ်။

ဒါပေမဲ့....

သူမနဲ့ပတ်သက်လာတဲ့အခါမှာတော့ ချစ်တယ် ဆိုတဲ့ စကားလုံးဟာ ပေါ့ရွှတ်ရွှတ် စကားလုံးတစ်လုံး ဖြစ်သွားရသလိုပဲ။ ချစ်တယ်ဆိုတဲ့ စကားထက် လေးနက်တဲ့ စကားလုံး သူမအတွက် ရှိကိုရှိရမယ်လို့ တွေးနေမိတာလည်း အခါခါ။

လက်ဘက်ရည်ကို အသာငုံ့သောက်ပြီး ပန်းကန်လုံးလေးကို စားပွဲပေါ်ကို တင်လိုက်ပြီး ခပ်လှမ်းလှမ်းက လမ်းသွယ်ကွေ့လေးကို မျှော်ငေးကြည့်လိုက်မိတယ်။ သူမ လျှောက်လာတော့မယ်ဆိုတာကို တွေးနေမိချိန်လေးမှာတင် နွေးကနဲဖြစ်သွားတတ်တဲ့ ရင်ဘတ်ကြီးကို သဘောကျရမှာလား၊ စိတ်တိုရမလား မပြောတတ်တော့ဘူး။  ဘေးမှာထိုင်ပြီး အကြော်စားနေတဲ့ မျိုးလွင်ကို အားနာစွာ မလုံမလဲ တစ်ချက် လှမ်းကြည့်လိုက်မိသေးတယ်။

တကယ်ဆို...
သူငယ်ချင်းက သူမကို ချစ်နေမိပြီလို့ အရင်ဖွင့်ပြောလာသူ မဟုတ်ပါလား။

စည်းဆိုတာ သူငယ်ချင်းအချင်းချင်းကြားမှာတောင် ထားရမယ့် အရာလို့ ခံယူထားတတ်သူတွေအတွက် အရာရာဟာ တပန်းရှုံးတာပဲ။

"ငါ..ဖြူနွေးကို အရမ်းချစ်နေမိပြီကွာ..."

အဲဒီနေ့က တိမ်တွေပြိုကျသွားသလိုခံစားလိုက်ရတယ်။ ဆေးလိပ်ငွေ့တွေကို မှုတ်ထုတ်လိုက်ပြီး ဘာမှမဖြစ်သလို မျက်နှာကို တည်ထားခဲ့ပေမဲ့ ရင်တစ်ခုလုံးဟာ လျှပ်စစ်တွေ ဖြတ်စီးသွားသလား ထင်လိုက်ရတယ်။

"အင်း........"

ဘာပြန်ပြောရမှန်းမသိလို့ မျိုးလွင်ရဲ့စကားကို "အင်း..." တစ်လုံးသာ လေးတွဲ့တွဲ့ ချပြီး တုံ့ပြန်ခဲ့မိတယ်။

အဲဒီညက ယောင်္ကျားတန်မဲ့  မျက်ရည်တွေကျလာလို့ ငုတ်တုပ်ထထိုင်ပြီး မယုံနိုင်စွာ ကိုယ့်ပါးကို ပွတ်ကြည့်မိသေးတယ်။ ငိုနေတာမဟုတ်ပေမဲ့ လက်ခုံမှာ မျက်ရည်စတွေနဲ့ဗျ....။  ကိုယ့်ကိုကိုယ် ခါးသက်စွာ ရယ်မောပစ်မိသေးတယ်။

အတွေးတွေပျံ့လွင့်နေစဉ်မှာပဲ လမ်းသွယ်ကွေ့လေးကနေ သူမ ပေါ်လို့လာတယ်။ အဲဒီလမ်းကလေး တစ်ဖက်တစ်ချက်မှာ ပန်းဖြူဖြူလေးတွေ ပွင့်နေတတ်တယ်။ လေထဲလွင့်ပျံလို့နေတတ်တဲ့ သူမရဲ့ ဆံနွယ်တွေထဲက ဝတ်မှုန်လေးတစ်ပွင့် ဖြစ်ချင်မိတဲ့ ကိုယ့်အတွေးဟာ သူငယ်ချင်းအတွက် စည်းတစ်ခုထားပေးနေခြင်းပဲလို့ ကိုယ့်ကိုကိုယ် ဖြေသာတွေးမိလိုက်သေးတယ်။

ဟုတ်တယ်...
ကျွန်တော်လေ.... သူမကို မပွေ့ဖက်ချင်ဘူး၊ မနမ်းရှုံ့ချင်ဘူး။
သူမဆံနွယ်ထဲက ဝတ်မှုန်လေးတစ်ပွင့်ဖြစ်နေရရင်ကို ကျေနပ်နေမှာပဲ။

သူမကို ဘာကြောင့်ချစ်မိသလဲလို့ ကိုယ့်ကိုကိုယ်လည်း မေးခွန်းထုတ်မိတယ်။

 သူမဟာ မိန်းကလေးဆန်တော့ မယောင်ယောင်နဲ့ တစ်ခါတရံမှာလည်း ကြမ်းတမ်းစွာ အော်ဟစ်ရယ်မောတတ်တာကြောင့်လား...။

အသားတွေ ညိုမဲသွားးမှာကို မကြောက်တတ်လို့ နေပူပူထဲမှာ လွတ်လပ်ပေါ့ပါးစွာ လျှောက်တတ်တဲ့ မိန်းမတစ်ယောက်မို့လို့လား...။

သူမရဲ့ ထူးခြားတဲ့ ခပ်ဝဲဝဲ အသံလေးကြောင့်လား။

သူမ လှသလား... မလှဘူးလားဆိုတာထက်... သူမရဲ့  အနုပညာကိုမြတ်နိုးတတ်မှုနဲ့ အတွေးတွေကို ချစ်သွားမိတာလား...။ သူမရဲ့ ရုပ်ထက် စိတ်ကို ချစ်မိသွားတာဆိုရင် ပိုမှန်လိမ့်မယ်။

  ♫♥●••·˙   ˙·••●♥♫   ♫♥●••·˙   ˙·••●♥♫   ♫♥●••·˙   ˙·••●♥♫


သူမကို ရင်ခုန်မိတဲ့နေ့က ကိုယ့်ကိုကိုယ်တောင် အံ့သြသွားမိတယ်။

အဲဒီနေ့က ပန်းချီပြခန်းထဲမှာ ပန်းချီကားတစ်ချပ်ကို ငေးကြည့်နေတဲ့ သူမရဲ့ နောက်ပိုင်းကို ဘာရယ်မဟုတ် ကြည့်လိုက်မိချိန်က စတယ်လို့ ပြောရမယ်။ သူမရဲ့ နောက်ပိုင်းလို့ ဆိုရာမှာလည်း ခါးတွေ၊ တင်တွေကို ရည်ညွှန်းတာ မဟုတ်ဘူးဗျ။ သူမရဲ့ ဆံပင်လေးတွေ ကျောလယ်မှာ ဝဲကျနေတာကို မြင်လိုက်ရတာမှာ ရင်ထဲမှာ စမ်းရေနွေးနွေးလေး စီးဆင်းသွားသလိုပဲ။ ဒါပေမဲ့ စမ်းရေနွေးနွေးလေးဟာ ရေတံခွန်ကြီးလို ဖြစ်လာတာ။ ကိုယ့်ရင်ဘတ်ကိုတောင် ကိုယ် မယုံနိုင်ခဲ့ဘူး။

ယောင်္ကျားတစ်ယောက် ရင်ခုန်သွားရလောက်တဲ့ အလှတွေ သူမ မှာ ရှိမနေပါဘူး။ ယောင်္ကျားတစ်ယောက် ရင်ခုန်သွားရလောက်အောင်လည်း ချစ်စရာကောင်းတဲ့ အမူအယာလေးတွေ သူမ မလုပ်တတ်ဘူး၊ လုပ်လည်း မလုပ်ဘူးလို့ ထင်တယ်။

သူမကို ငေးကောင်းကောင်းနဲ့ ငေးနေတုန်း မျိုးလွင်ရဲ့ လက်က ပခုံးပေါ်ကို ခပ်ကြမ်းကြမ်းသက်ရောက်လာတယ်။

"ငါ့... ဖြူနွေးလေး ချစ်ဖို့ကောင်းတယ်မဟုတ်လား"

ရင်ထဲမှာ ဖြတ်သန်းစီးဆင်းနေတဲ့ ရေတံခွန်ကြီးဟာ ရုတ်တရက် တိကနဲ ရေတွေခမ်းခြောက်သွားသလိုခံစားလိုက်ရတယ်။ ဟုတ်တယ်။ အပြစ်ရှိသလိုခံစားလိုက်ရတယ်။

တစ်စုံတရာကို ရှက်သွားသလိုလည်း ခံစားလိုက်ရတယ်။ ဒီခံစားချက်တွေ မဖြစ်သင့်ဘူး။ မျိုးလွင်အပေါ်မှာ သစ္စာထားရမယ်ဆိုတဲ့ အသိစိတ်ကြောင့်  ခုန်နေတဲ့ ရင်ဟာ ရုတ်တရက် ဆိတ်ငြိမ်သွားလိုက်တာဆိုတာ။

"ငါ့ ဖြူနွေး...."

ဟုတ်တယ်....။ ဖြူနွေးဟာ မျိုးလွင်ရဲ့ ဖြူနွေး။ မျိုးလွင်ဟာ ဖြူနွေးကို သူအရင်မြင်၊ သူအရင်ချစ်မိတယ်လို့ ကြေငြာထားခဲ့ပြီးသား မဟုတ်ပါလား။ အဲသလို ကြေငြာထားပြီးတဲ့ မျိုးလွင်ကြောင့် ကျွန်တော်ဟာ အရာရာ ရှုံးနိမ့်သွားခဲ့ပြီ။

သစ္စာတရားဆိုတာဘာလဲ။ အချစ်နဲ့စစ်မှာ အမှန်တရားလို့လည်း ဆိုကြတယ်။ အချစ်ဆိုတာဟာလည်း တစ်ကြိမ်မက အဖန်ဖန်ပေါက်ဖွားလာတတ်တာလား။ အဖန်ဖန်ပေါက်ဖွားဖူးတယ်ဆိုရင်တောင်မှ ဖြူနွေးအပေါ်မှာ ထားမိတဲ့ မေတ္တာမျိုး ဘယ်တုန်းကမှ မဖြစ်ဖူးသလို၊ နောက်ထပ်ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ သေချာတယ်။ မျိုးလွင်နဲ့ယှဉ်ပြိုင်ပြီး ဖြူနွေးအချစ်ကို ရယူဖို့တော့ စိတ်တောင်ကူးလိမ့်မှာ မဟုတ်ဘူး။

ဖြူနွေးကကော....... မျိုးလွင်ကို အကြင်နာပိုတယ်ဆိုတာ သိသာလွန်းပါတယ်။

မိန်းမတို့ရဲ့ သဘာဝက သနားတတ်တဲ့အတွက်  မျိုးလွင်ထက်ပိုပြီး အနည်းငယ်သာနေသလိုဖြစ်တဲ့ ကျွန်တော့အပေါ်မှာ သနားစိတ်ကလေးတောင် ဝင်ပုံမရတာကိုလည်း နားလည်ထားပြီးသားပါ။

ပန်းချီပြခန်းကအပြန် မိုးတွေက ဝုန်းဆိုရွာချလိုက်တာ။ ရင်ထဲမှာ ဘာရယ်မဟုတ် အေးချမ်းသွားတယ်ဗျာ။

ထီးဆောင်းထားတဲ့ ဖြူနွေးက မျိုးလွင်နဲ့ ကိုယ့်ကြားမှာ.။ သူတို့ ဆောင်းနိုင်ပါစေရယ်လို့ မသိမသာ နောက်ချန်နေလိုက်တယ်။

"ဟဲ့... အနားလာလေ.. နင်မိုးတွေအရမ်းစိုနေတယ်"

"ရတယ်.. အေးဆေး..."

ကားဂိတ်ရောက်တော့ မျိုးလွင်က ဖြူနွေးကို လိုက်ပို့မယ်ဆိုပြီး လိုင်းကားပေါ်ပါသွားချိန် ကျွန်တော်ကတော့ အခြားလိုင်းကားစောင့်ရင်း မိုးရေထဲကျန်ခဲ့တယ်။

အဲဒီနေ့က သဲသဲမဲမဲရွာနေတဲ့မိုးကို ချစ်လိုက်တာဆိုတာ....

 ဘာကြောင့်ရယ်မှန်းတောင် မသိတော့ပါဘူးဗျာ....။


  ♫♥●••·˙   ˙·••●♥♫   ♫♥●••·˙   ˙·••●♥♫   ♫♥●••·˙   ˙·••●♥♫

မိုးမိသွားတယ်ဆိုတော့ ကျွန်တော် ဖျားခဲ့တယ်ပေါ့ဗျာ။ ဖျားတာမှ ရက်ရက်စက်စက် ဖျားတာ။

ဖြူနွေးကို အိပ်မက်တွေ မက်တာပေါ့ဗျာ။ မက်တယ်ဆိုတာ ဖျားမှ မက်တာမဟုတ်ပါဘူး။ သူမကို အိပ်မက်တွေမက်နေတာ နှစ်နဲ့ချီနေပြီ။ စီးရီးလိုက်ကို မက်တာ။

တစ်ခါက....  အတူူတူယှဉ်တွဲထိုင်ရတယ်လို့ မက်မိရုံလောက်နဲ့ ကျွန်တော့်မှာ ပျော်လိုက်ရတာဆိုတာ။

ဖျားနေတုန်း ဖြူနွေး ကျွန်တော့ဆီလာပါတယ်။ ဖျားနေတဲ့ သူငယ်ချင်းကို လာကြည့်တာ... ဘာမှထူးထူးဆန်းဆန်း မဟုတ်ပါဘူး။ သူ့အမေပြုတ်ပေးလိုက်တဲ့ ဆန်ပြုတ်ကို ချိုင့်လေးနဲ့ ထည့်ယူလာတယ်။ ပြီးတော့ မေမေပြင်ပေးတဲ့ ပန်းကန်လေးနဲ့ လာတိုက်တယ်။

ဆန်ပြုတ်တိုက်တယ်ဆိုလို့ ရုပ်ရှင်တွေထဲကလို ယုယုယယ ခွံ့ကျွေးတာ မဟုတ်တဲ့ အပြင်၊ ကျွန်တော်လည်း အားနာတာနဲ့ ကိုယ့်ဟာကိုယ် ထထိုင်သောက်ပါတယ်။ ပန်းကန်လေးထဲ ဇွန်းမပါလို့ လှမ်းပေးလိုက်တဲ့အချိန် သူလက်ဖျားထိပ်ကလေးနဲ့ ထိသွားတာလောက်ပဲ ပြောစရာရှိတယ်။

အဲ... သူမက ဆံပြုတ်သိပ်ပူနေလားလို့ ဘာရယ်မဟုတ်... ဆံပြုတ်ကို ဇွန်းကလေးနဲ့ နည်းနည်းလေးခပ်ပြီး မြည်းကြည့်လိုက်သေးတယ်။

"ပြစမ်း... အရမ်းပူနေလားလို့.... ရွှတ်... အင်း... အရမ်းမပူဘူး။ နင်သောက်လို့ရတယ်"

ကျွန်တော့ရင်ထဲမှာ အတိုင်းမသိတဲ့ ခံစားချက်ကို ခံစားခဲ့ရတယ်။ ဘယ်လိုရှင်းပြရမှန်းတောင်မသိဘူး။

တစ်ကိုယ်လုံး တရှိန်းရှိန်းဖြစ်သွားခဲ့တယ်။

ကျွန်တော်ပြောခဲ့ပြီးပြီ။ ကျွန်တော့မှာ ရည်းစားတွေ ရှိခဲ့ဖူးတယ်။ ချစ်သူမိန်းကလေးကို ဖက်ဖူးနမ်းဖူးတယ်။

ဒါပေမဲ့ အနားမှာထိုင်နေတဲ့ ဖြူနွေးကိုတော့ ပွေ့ဖက်ချင်စိတ်၊ နမ်းရှုံ့ချင်စိတ်တော့ မဖြစ်ဘူး။ သူမကို ဒီအတိုင်းလေးပဲ ထိုင်ကြည့်နေချင်တယ်။ သူမနဲ့ စကားတွေအများကြီးပြောချင်တယ်။ သူမလက်ကလေးကို မသေခင် တစ်ခါလောက် ဆုပ်ကိုင်ဖူးချင်တယ်။ ပန်းတွေဝေနေတဲ့ မြက်ခင်းပြင်ပေါ်မှာ ယှဉ်တွဲလှဲလျှောင်းရင်း ကောင်းကင်ပြာကြီးကို ငေးကြည့်နေကြတာမျိုးကလွဲလို့....  ဘာမှ မလိုချင်ခဲ့ဘူး။

ဟုတ်တယ်........။

တစ်ခါတလေ စိတ်အားငယ်သလိုဖြစ်မိချိန်မှာ သူ့ လက်ကလေးကိုတော့ ကိုင်ထားကြည့်ချင်မိတယ်။

ဖြူနွေးရဲ့ လက်ချောင်းထိပ်လေးနဲ့ ထိခဲ့မိတဲ့ အဖြစ်၊ သူမ နှုတ်ခမ်းနဲ့ ထိထားတဲ့ ဇွန်းကလေးနဲ့ပဲ ဆံပြုတ်စားခဲ့ရတဲ့ အဖြစ်ကတော့ မတွေးဘဲလဲ ကျွန်တော့ အတွေးထဲရောက်လာတတ်တယ်။  ညစဉ်ညတိုင်း အလိုလို ရောက်လာတယ်ဗျာ....။ အဲဒီအခါတိုင်းမှာလည်း ရှက်သလိုလို ကြည်နူးသလိုလို ဖြစ်မိတယ်။

ရောက်ဖူးချင်လှတဲ့ ဟိမဝန္တာတောင်တန်းကြီးပေါ်ကို ရောက်ဖူးရလို့ ကြည်နူးရသလို၊ ပင်လယ်ပြာပြာထဲ ပျံဝဲရလို့ ရင်သိမ့်တုန်ရသလိုမျိုးထက် သာပါတယ်။ လက်ဖျားလေးထိတာဟာ ဘာမှ ထူးခြားလှတာမဟုတ်ပေမဲ့လည်း ကျွန်တော့အတွက် ဓာတ်လိုက်သလိုဖြစ်ခဲ့ရတာ။ ဒီအဖြစ်ကို မယုံနိုင်ဘူးဖြစ်နေတဲ့ ကိုယ့်ကိုကိုယ် ဟက်ဟက်ပက်ပက် ရယ်မောမိတဲ့ ညတွေလည်း ရှိခဲ့တယ်။

♫♥●••·˙   ˙·••●♥♫   ♫♥●••·˙   ˙·••●♥♫   ♫♥●••·˙   ˙·••●♥♫

 ဖြူနွေးကကော ကျွန်တော့ကို နည်းနည်းလေးမှ စိတ်မဝင်စားဘူးလား။

ကျွန်တော် မျှော်လင့်မိတာပေါ့။ မျိုးလွင်ကို အားနာတဲ့ စိတ်နဲ့ပဲ မျှော်လင့်ချက် သေးသေးလေးနဲ့ မျှော်လင့်မိတယ်။  သူမရဲ့ အပြုအမူလေးတွေကို ပြန်လည်ဆန်းစစ်ရင်း ကျွန်တော့ကို သူ ဂရုစိုက်ပါ့မလားဆိုတဲ့ အတွေးတွေ ဟိုဒီနဲ့ပေါ့။

ဒီကြားထဲမှာ မျိုးလွင်က သဝန်တိုချင်လာတယ်။ ကျွန်တော့ရဲ့ အမူအယာတွေဟာ သိုသိပ်မှု မရှိတော့လို့လား မသိဘူး။ မျိုးလွင်ရဲ့ မသိမသာသဝန်တိုလာမှုကြောင့် ထိန်းရတော့မယ်ဆိုတာ သိလိုက်ရတယ်။

တစ်ရက်မှာတော့ မျိုးလွင်ရှေ့မှာ ပက်ပက်စက်စက်မူးပြီး မိန်းမတစ်ယောက်ကို ချစ်မိတယ်လို့ ပြောပြီး ငိုမိခဲ့တယ်...။ အဲဒီမိန်းမကို ဘယ်လောက်ချစ်မိကြောင်းပြောပြောပြီး အရှက်မရှိ ငိုခဲ့မိတယ်လို့ ဆိုရမယ်။ ပြန်တွေးမိတိုင်း ကိုယ့်ကိုကိုယ်လည်း ထိုးပစ်ချင်စိတ်ပေါက်ခဲ့တယ်။

"ဘယ်တစ်ယောက်လဲ။ နှင်းနုလား"

"မဟုတ်ပါဘူးကွာ........"

"မပျိုးလား..."

"တော်တော့ကွာ........... မင်းဟာကြုံရာအမည်တွေလာခေါ်ပြနေတယ်"

"ဟ... မင်းက ဘာမှန်းမသိတော့ ငါလည်း ထင်ရာအမည်တွေခေါ်နေရတာပေါ့။ ပြော... ဘယ်သူလဲ"

"မင်း မသိပါဘူး"

"အဲလောက်ဖြစ်နေရင်လည်း......... ဖွင့်ချလိုက်ပေါ့ကွာ"

"သူ့မှာ အိမ်ထောင်ရှိတယ်ကွ"

"ဟာ.. အဲ.... အဲဒါတော့ မဖြစ်ဘူး"

"အေး.. ဟုတ်တယ်.. ဒါကြောင့် ငါအခုလို အရမ်းခံစားနေရတာပေါ့ကွာ၊ သူ့ကိုချစ်မိတဲ့ ငါ့ကိုငါလည်း ရွံတယ်"


ကျွန်တော် ပေါက်ကွဲခဲ့မိတယ်။ မျိုးလွင်က  ကျွန်တော်ချစ်နေတာဘယ်သူလဲ အတင်းမေးတာနဲ့ အင်တာနက်မှာတွေ့တဲ့ ကြုံရာဓာတ်ပုံတစ်ပုံကို ထုတ်ပြခဲ့မိတယ်။

"မိုက်တော့ မိုက်တယ်ကွ..."

"အေး...."

 အဲဒီနေ့ကစပြီး ကျွန်တော်လည်း ကျွန်တော့လုပ်ဇတ်လမ်းထဲမှာ တဝဲလည်လည်ဖြစ်နေခဲ့ရတယ်။

တစ်ခုတော့ ကောင်းတာက သုံးယောက်ဆုံတိုင်း စိတ်ကြိုက်တွေးခွင့်၊ ဆွေးခွင့်ရတယ်။ ရီဝေနေတဲ့ မျက်လုံးတွေကို ဟန်ဆောင်ဖုံးထားစရာ မလိုတော့ဘူး။

မျိုးလွင်နဲ့ ဖြူနွေး အတူယှဉ်တွဲထိုင်ပြီး ကြည်နူးရယ်မောကြတိုင်း ပျက်သွားတဲ့ မျက်နှာကို ဖုံးစရာမလိုတော့ဘူး။

မချစ်သင့်တဲ့ မိန်းမတစ်ယောက်ကို ချစ်နေမိလို့ ကြေကွဲနေတဲ့ ပုံစံကို ဖုံးဖိထားစရာမလိုတော့ဘူး။ ဒါပေမဲ့ အဲဒီမချစ်သင့်တဲ့ မိန်းမဟာ မျိုးလွင်က သူချစ်နေပြီးသားပါလို့ ပြောထားပြီးသားဖြစ်တဲ့ ဖြူနွေးဆိုတာကိုတော့ ဖြူနွေး ဘယ်သိနိုင်ပါ့မလဲ။

ဖြူနွေးကတော့ ကျွန်တော် အဲသလိုဖြစ်တိုင်း ရွံရှာတဲ့ အကြည့်နဲ့ ကြည့်တယ်။ သစ္စာတရားဆိုတာကို မသိမသာ တရားဟောလေတယ်။

"လူဆိုတာ သစ္စာတရားနဲ့ အသက်ရှင်ရတယ်"

"သစ္စာမရှိရင် လူတစ်ယောက်မှာ ဘာတန်ဘိုးမှ မရှိဘူး"

"စားစရာမရှိရင်နေပါစေ.. သစ္စာတရားကို ရင်မှာပိုက်ပြီး အသက်သေခံသွားမယ်"

ဖြူနွေးရဲ့ သစ္စာတရားနဲ့ ပတ်သက်တဲ့ စကားလုံးတွေကြား အံကြိတ်ပြုံးထားရုံကလွဲလို့ ကျွန်တော်ဘာများ တတ်နိုင်ဦးမှာလဲ။

အချစ်ဆိုတာ အရာရာကို ဖောက်ထွင်းကျော်လွန်ကြောင်း၊ အချစ်ဆိုတာ ဖြူနွေးထင်သလို ကိုယ်ခန္ဒာပေါင်းစည်းခြင်းနဲ့သာ မသက်ဆိုင်ကြောင်း ကျွန်တော် ပြောမပြတော့ပါဘူး။

တကယ်တော့.....

ကျွန်တော့ရင်ထဲက အဖြစ်တွေကို...

ဖြူနွေး ဘယ်တော့မှ သိနိုင်မှာ မဟုတ်သလို...

သိလည်း မသိစေချင်တော့ပါဘူး။

ဖြူနွေးရဲ့ အချစ်ကိုလည်း ကျွန်တော် မလိုချင်ဘူး။

ဖြူနွေးနှုတ်ခမ်းနဲ့ ထိထားဖူးတဲ့ ဇွန်းကလေးနဲ့ ဆန်ပြုတ်သောက်ခဲ့ရခွင့်၊ လက်ထိပ်ဖျားလေးကို ထိခွင့်ရခဲ့တာနဲ့ပဲ ဒီဘဝအတွက် ကျေနပ်နေမယ်။

ဒီလိုနဲ့..........

ဖြူနွေးကို သိပ်ချစ်နေမိတဲ့ ကျွန်တော်ဟာ.. ဖြူနွေးရဲ့ အကြင်နာကို ရဖို့နေနေသာသာ... အိမ်ထောင်သယ်တစ်ယောက်ကို ချစ်မိတဲ့ သစ္စာမဲ့တဲ့ ယောကျ်ားတစ်ယောက်၊ ယုံကြည်စရာ မရှိလောက်တဲ့ ယောကျ်ားတစ်ယောက်ဆိုတဲ့ အမြင်တွေနဲ့အတူ ဖြူနွေးရဲ့ အမုန်းမျက်လုံးတွေကိုသာ ပိုင်ဆိုင်ခဲ့ရသူတစ်ယောက် ဖြစ်ခဲ့ပါတော့တယ်။

No comments:

Post a Comment