Thursday, June 18, 2020

Anton Chekhov VS Robert Barr


နှစ်ယောက်လုံးကို ကြိုက်ပါတယ်...
ဘား ရဲ့စာတွေကတော့ သဲထိတ်ရင်ဖို...
သေမင်းတမန်အငူလို စာမျိုးတွေပေ့ါ......
 ကိုယ့်ရှေ့က စာရေးဆရာကြီးတွေ ဘာသာပြန်ပြီးကောင်း ပြန်ပြီးခဲ့ပေမယ့်...
Chekhov ရေးတဲ့ အချစ်ဝတ္ထုတိုလေးတစ်ပုဒ် ဘာသာပြန်ကြည့်ဦးမလား စဥ်းစားမိတာရယ်....



Tuesday, June 9, 2020

အလွမ်း - အလြမ္း



ဟိုတစ်ဖက်ကမ်းက တရားဒေသနာ
အာရုံဦးရဲ့ ငြိမ်းချမ်းမှုလေလား
ပူလောင်ကျွမ်းတဲ့ နှလုံးသားကိုယ့်အသည်းကို
ဟန်ဆောင်နှစ်သိမ့်ထားမယ်လေ.....

♫♥●••·˙   ˙·••●♥♫




Wednesday, June 3, 2020

အသက်ရှုခွင့်ရခိုက်လေး တခဏတာ...




ကပ်ဆိုတာနဲ့ ကိုယ်ကြုံခွင့်ရလိုက်တယ်...
၂၀၂၀ မှာ ကိုယ်တို့ကမ္ဘာ ကပ်ဆိုက်ခဲ့တယ်...


တရုတ်ပြည်၊ ၀ူဟန်မြို့က စ တယ်လို့ လူတွေက ဆိုကြပေမယ့် ဘယ်ကစလဲ အတိအကျ ဘယ်သူကသိမှာမို့လို့လဲနော်...

တရုတ်လူမျိုးတွေကလည်း တွေ့တာစားတတ်ကြတဲ့ သဘောရှိတဲ့အပြင် အကောင်တွေကိုလည်း အရှင်တောင်စားတတ်ကြသေးတာ မဟုတ်လား။


ဒီကြားထဲမှာ တရုတ်မ၊ ကိုရီးယားမ ချောချောလေးတွေကလည်း ရုပ်လေးတွေကိုမှ အားမနာ အစားအသောက်ကို သောင်းကျန်းပြကြသေးတယ်။
ရေဘ၀ဲအရှင်၊ ငါးအရှင်၊ အကောင်အရှင်တွေကို  ငရုတ်သီး၊ ငံပြာရည်လောင်းထည့်ပြီး ကင်မရာရှေ့မှာကို စားပြတာ။ အသံအကျယ်ကြီးမြည်အောင် မိုက်ခရိုဖုန်းတပ်ပြီးကို တရှူးရှူးတရှဲရှဲ စားပြလေတာ...။
လူတွေရဲ့စိတ်တွေကိုလည်း ပိုပိုသိလာရတယ်။
လူဆိုတာ သူများဒုက္ခရောက်တာကို အရသာခံ ကြည့်တတ်ကြတဲ့ သဘောလည်း ရှိတာကိုးနော်...။
ကိုယ်တိုင်လည်း ကြည့်မိလို့ တွေ့ဖူးပြီရော....


အဲသလိုနဲ့ လူတွေလည်း ၀ူဟန်က စဖြစ်တဲ့ ကိုဗစ်ဗိုင်းရပ်ပိုးကြောင့် တိုင်းပြည်တော်တော်များများမှာ ဒုက္ခတွေရောက်ကြတာပေါ့...
 သေကြ ကြေကြ... ဆေးရုံတွေမှာလည်း လူနာတွေ ထပ်နေတယ်လို့ ကြားရတယ်...
ကိုယ်အနေနဲ့က ကာကွယ်ဆေးမရှိတဲ့ ဗိုင်းရပ်စ်အသစ်ဖြစ်လို့ လူတွေ အရမ်းကြောက်ကြတယ်လို့ပဲ ထင်မိတယ်...
အီတလီမှာတော့ တော်တော်များများဆုံးပါးသွားကြတယ်....

Saturday, May 30, 2020

မ၀ံ့မရဲ

မင်းက......
 လေပခြုပ် လှုပ်ခါရူးတဲ့ သစ်ရွက်လေလား
ဖူး၀င့်ချီတဲ့ ပန်းပွင့်လေလား ...


ကိုယ်က...
 တေးဆိုချင်ပေမယ့်
လေပြင်းအလာ ယိမ်းနွဲ့ပါခိုက်
ဖြုတ်ကနဲ ကြွေ လှိုက်ခါရုံ မကြုံချင်ဘူး

ဒီလိုနဲ့...
 မ၀ံ့မရဲနဲ့ လှမ်းလို့သာ ငေးကြည့်ရင်း
ပွင့်ဖတ်တွေ တစ်စစီကြွေလေတိုင်း
တိတ်တိတ်ရယ် မျက်ရည်မစို့ချင်တော့တာမို့....
အချစ်ရယ် မေ့လိုက်ပါလို့........



"Reluctant"
Watercolor on Multimedia
11 x 14 in





မင်းက......


ကိုယ်က...
 တေးဆိုချင်ပေမယ့်

းဒီလိုနဲ့...
အချစ်ရယ် မေ့လိုက်ပါတော့........

Tuesday, January 14, 2020

စန္ဒရား နှင့် ဂျူနီယာတော

'သမီးလေး.... စန္ဒရား ကို ဒီလောက် ကျင့်ရုံနဲ့ မရဘူး.... သမီး ဆရာမဆိုရင် တစ်ခါကျင့်ရင် ၈ နာရီ ကျင့်တာ... သူက music school သွားတယ်ပဲ ထား . သမီးကို မေမေက. တစ်ခါကျင့်ရင် အနည်းဆုံးတော့ သုံးနာရီလောက်တော့ စန္ဒရားခုံမှာ ထိုင်စေချင်တယ်'
ဂျုနီယာတော မျက်စိမျက်နှာပျက်ကာ ခေါင်းငုံ့နေ၏။
မိတော ဆက်ပြော၏
'မေမေ ဆို.. သမီးတို့လိုတောင် မတီးတတ်ပါဘူး။ ဒါပေမယ့် ၁၀ မိနစ်ပဲ ထိုင်နေတယ်ထင်တာ.. နာရီကြည့်လိုက်တဲ့ အခါ ၂ နာရီတောင် ကြာ သွားတတ်တာမျိုး... မုဒ်ဝင်ရင်ပေါ့... နော် သမီးလေး..'
'သမီးလည်း ဟိုနေ့က ၁၀ နာရီမှာ စ တီးတာ.. မေမေပြောတဲ့ မုဒ်က ဝင်လာရော မေမေ.. ၂နာရီလောက်တောင် ကြာသွားတယ်ထင်တယ်..'
'အင်း.. ကောင်းလိုက်တာ..'
မိတော အလွန် ဝမ်းသာမိသွား။ မိမိလို သိပ်မတီးတတ်သူတောင် မုဒ်ဝင်ပြီး ၂နာရီတီးစဉ် ၁၀ မိနစ်ခန့်ကြာသည်သာ ထင်ချိန်.. ဂျူနီယာတောတို့ဆိုလျှင် ၂နာရီသာကြာသည်ထင်သော်လည်း ၃ - ၄ နာရီဖြစ်နိုင်သည်ဟု မျှော်လင့်ဝမ်းသာ သွားခြင်းပင်။
'ပြောပါဦး ၂နာရီကြာအောင် တီးတယ်ထင်တော့... '
'၁၀နာရီ မှာ စတီးတာ... မုဒ်အရမ်းဝင်ပြီး ၂ နာရီတောင် ကြာအောင် တီးပစ်လိုက်တယ်ဆိုပြီး နောက်လှည့်နာရီလည်း ကြည့်ရော... ၁၀နာရီနဲ့ ၁၀ မိနစ်ကို ပဲ ပြနေတာ နာရီက...'
မိတော ပါးစပ်ကိုတင်းတင်းစေ့ထား...
ဂျူနီယာတော တဟိဟိ ရယ်ပြီး အခန်းထဲ မှ ပြေးထွက်သွား...

Wednesday, March 27, 2019

အိမ်နားကအသံ

 

ကိုယ်က ညဘက်တွေမှာ အိမ်နောက်ဘက် သို့မဟုတ် အိမ်ရှေ့၊ အိမ်ဘေး စသည်.. ကောင်းကင်ကြီးကို ထွက်ကြည့်တတ်တယ်။ တစ်ခါတလေ စိတ်ကူးပေါက်ရင် ည ကိုးနာရီလောက် လမ်းထွက်မယ်ဆို ထွက်သွားရင် ထွက်သွားတတ်တာ။ ညဘက် လူရှင်းတဲ့အခါ ကောင်းကင်ကြီးကို စိတ်ကြိုက်မော့ကြည့်လို့ရတယ်။ လူအများစုက ကောင်းကင်ကို မော့ကြည့်တတ်ကြတာ သိပ်မရှိတတ်ဘူး။ ကိုယ်ကတော့ ထင်းရှုးပင်ထိပ်တို့ တောင်ထိပ်တို့ နေ့ညမရှောင် ဟိုငေးဒီငေး မော့ငေးတတ်တယ်။ 

Friday, February 1, 2019

မျှော်လိုက်ရတာ နှင်းရယ်....


ကြည့်ပါဦး...
ဒါဟာ..

နှင်းပွင့်လေးတွေကို
ခဏလေးပဲဖြစ်ဖြစ်

ပြောပါဦး ဆောင်းရယ်...
ကိုယ့်မှာတော့ ...
မျှော်နေလိုက်ရတာ...

ဒီလိုနဲ့....
နွေဦးရာသီ


  ♫♥●••·˙  ˙·••●♥♫

လင်းယုန်တွေနဲ့ စကားပြောဖို့
ပစိဖိတ်ကမ်းရိုးတန်းဘက်
လမ်းလျှောက်ထွက်ခဲ့တယ်...

ကြည့်ပါဦး...
ဒါဟာ..
ကနေဒါရဲ့ ဆောင်းရာသီတဲ့လား...

နှင်းပွင့်လေးတွေကို
ခဏလေးပဲဖြစ်ဖြစ်
မစေလွှတ်တော့ဘူးတဲ့လား...


ပြောပါဦး ဆောင်းရယ်...
ကိုယ့်မှာတော့ ...
မျှော်နေလိုက်ရတာ...

ဒီလိုနဲ့....
အနောက်ဘက်မြို့လေးတစ်မြို့မှာတော့
နှင်းမဲ့ဆောင်း ကုန်ဆုံးလို့..
နွေဦးရာသီ
ရောက်ပြန်ဦးတော့မယ်ထင်ရဲ့ကွယ်...