မျက်စိထဲက မထွက်တော့ဘူး...........
စဥ်းစားမိရုံနဲ့ ရင်တလှပ်လှပ်ခုန်တယ်...
ကိုယ်တစ်နေ့တော့ အရောက်သွားမယ်....
သိပ်မ၀ေးပေမယ့်.... အချို့နေရာတွေက မတ် စောက်လို့ တော်ရုံသက်လုံကောင်းရုံနဲ့ မရဘူးဆိုကြတယ်..
ဒါပေမယ့်......
ကိုယ်.... အိပ်မက် မက်နေချင်သေးတယ်...
အဖြူရောင်ကြယ်မှုန်လေးတွေကို
တဖျတ်ဖျတ်တောက်လက်ရင်း ကြွေကျလာမယ့် နှင်းမှုန်လေးတွေကို
ကိုယ်မျှော်နေမိတာ.....
ကိုယ်တို့မြို့မှာ နှင်းမကျတာ ကြာပြီပေါ့...
ဒီလောက်အေးတဲ့ တိုင်းပြည်မှာ နှင်းမကျဘူးဆိုတာ ရှာမှရှားတဲ့အဖြစ်
လွမ်းတယ်နှင်းရယ်..
လည်ချောင်းထဲထိစိမ့်၀င်သွားတဲ့
အေးစက်စက်အထိအတွေ့..
တိတ်ဆိတ်ငြိမ်သက်လို့ ငှက်သံတောင် မကြားရတဲ့ အိပ်မက်ကမ္ဘာလို ပတ်၀န်းကျင်
နှင်းနဲ့အတူ မွှေးပျံ့လာမယ့်ချော့ကလက်ရည်နံ့
မီးခိုးနံ့ ....သစ်စိမ်းနံ့.....
နှင်းပြင်ထဲက တောခွေး ရေဘဲနဲ့ အမည်မသိအကောင်လေးတွေရဲ့ ခြေရာလေးတွေ
ခေါင်းလောင်းသံလေးတွေ... ကလေးလေးတွေရဲ့ ရယ်မောသံလေးတွေ....
နှင်းနဲ့ပတ်သက်တာမှန်သမျှ
ကိုယ်မျှော်နေမိတော့တာ............

စိတ်ဆင်းရဲမှုတွေ
ရင်မှာထွေးပွေ့လို့
အိပ်မက်ဆိုးကြီးမက်နေသလိုခံစားနေရရင်း
ဒါသေချာနေပြီလားလို့
မယုံနိုင်သေးတဲ့ ဒွိဟတွေ
မျက်ရည်တွေနဲ့သာ
အဝေးက ငေးကြည့်နေခဲ့ရ....
ကံကြမ္မာရယ်က
တစ်ပတ်ပြန်လည်လာတတ်လေသလား
တစ်ရက်မှ မပျော်နိုင်အားခဲ့ပါကွယ်...
အားလုံး...
အဆင်ပြေကြပါစေ...