သားငယ်ရဲ့ ဒိုင်ယာရီဆန်ဆန် notebook ကို ဖတ်မိပြန်သဖြင့် မိတော မျက်မှောင်ကြုံ့သွားရပြန်သည်။
'သားငယ်....... သားငယ်...'
'ဗျာ..........'
'လာခဲ့ဦး..... ဒါဘာကိုဆိုလိုထားတာလဲ'
'ဒါလား.... သြော်... ဘာမှမဟုတ်ဘူး.. meme ပါ မေမေ'
'မေမေက ဒီလောက် ညင်သာတာ.. လမ်းလျှောက်တာလည်း အသံတောင်မထွက်တာကို သားရေးထားသလောက်လည်ုး မဟုတ်ပါဘူးးးးး'
'မေမေက လမ်းလျှောက်ရင်သာခြေသံမထွက်ပေမဲ့ တီဗွီကြည့်ရင် ကျယ်တာကို'
'ဟင်.... ဘာပဲဖြစ်ဖြစ် မိဘကိုတော့ ဒိုင်နိုဆောနဲ့ နှိုင်းစရာလားလို့ ..တောင်းပန်'
'ဟုတ်... သားတောင်းပန်ပါတယ်'
သားငယ်ပြီး ပြီးရောပြောကာ ရယ်ကျဲကျဲနှင့် ထွက်သွားသည်။ သူရေးထားသည်မှာ....
နင်ဂျာများသည် ကိုယ်ဖော့ပညာကျွမ်းကျင်လှသဖြင့် လှေကားတက်ဆင်းသွားလာစားသောက်သည့်အခါ အသံလုံးဝမထွက်တတ်ကြ။ ဒိုင်နိုဆောများကတော့ ကြီးမားသည့်အပြင် ကိုယ်ဖော့ပညာမတတ်သဖြင့် သွားလာလှုပ်ရှားသံသည် ကျယ်လောင်တတ်ပေသည်။
မိဘများ အိပ်နေချိန်များတွင် မမနှင့်ကျနော်သည် နင်ဂျာများ ဖြစ်သွားတတ်ကြပြီး...
ကျနော်တို့ နားနေအိပ်နေချိန်များတွင်မတော့ ကျနော်တို့၏ မိဘများသည် ဒိုင်နိုဆောများ ဖြစ်သွားကြလေတော့သည်။ (We are Ninjas while our parents are asleep but they become dinosaurs while we are asleep.)
😂
☺,️