Wednesday, April 11, 2018

မျိုးချစ်နဲ့ ကျော်ဇံ ( ဂျူးရဲ့ ဖေဖေ့သူငယ်ချင်း ဝတ္ထုမှ မျိုးချစ်ကိုသုံးသပ်ခြင်း)

ဖတ်ရတာ နည်းနည်းတော့ ရှည်မယ်ဆိုတော့ အားလည်းနာတယ်၊ မတင်တော့ဘူးလို့လည်းစိတ်ကူးတယ်။ ရေးနေရင်း ကွန်ပြူတာက အလိုလိုပိတ်သွားတော့ မတင်တော့ဘူးဆိုစဉ်းစားနေရင်း ကွန်ပြူတာပြန်ဖွင့်တော့ recovery ပြန်ရတာနဲ့ ရေးထားတာ နှမျောလို့ ဖတ်ချင်သူတွေဖတ်ဖို့ တင်မယ်ဆုံးဖြတ်လိုက်တယ်။

ဂျူးရဲ့ အမှတ်တရကို ခိုးဖတ်ဖူးသူတွေထဲ တစ်ယောက်အပါအဝင်ဖြစ်သူမို့လို့လည်း ရေးချင်မိတာ။ ဘာလို့ခိုးဖတ်လဲဆိုတော့ အဲဒီခေတ်တုန်းက သူငယ်ချင်းမိန်းကလေးတွေကြားမှာ LT ဆိုပြီး ကြိတ်ကြိတ်ဖြစ်ကြတော့ ဘာလဲ LT ဆိုတော့ သူငယ်ချင်းတွေက နင်ဖတ်ကြည့်ဆိုတာနဲ့ အဒေါ့်စာအုပ်ကို သူမရှိတုန်း စောင်ခေါင်းမြီးခြုံခိုးဖတ်တာ တစ်လုံးမှတောင် နားမလည်ဘူး၊ ဘာ LT မှလည်း မတွေ့ဘူးပေါ့။ ခုထိနားလည်လားဆိုတော့လည်း ပြန်စဉ်းစားတော့ ဝေဝေဝါးဝါးတွေ။ ပြန်ဖတ်ကြည့်ဖို့လည်း အရင်လိုငယ်စိတ်မရှိတော့ အချစ်အကြောင်းလား…… ပျင်းတယ် ဖြစ်သွားတဲ့သဘော။ အဲသလို ဂျူးနဲ့ပတ်သက်ပြီး အမှတ်တရလေးရှိတာကြောင့် မျိုးချစ်နဲ့ ကျော်ဇံကိစ္စ ဆက်ပြောမယ်စိတ်ကူးတယ်။


Truth depends upon time, place and perspectives.
အဲဒီက စပါမယ်။
မျိုးချစ်နှင့် ကျော်ဇံ ကိစ္စနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာ ကော့မန့်အချို့ကြောင့် research ပေပါအချို့ ရှာဖွေဖတ်ကြည့်မိတယ်။ ဆွေးနွေးချင်တာက နှစ်ပိုင်းပါ။ တစ်ပိုင်းက societal effect ကြောင့် ဂေးတွေပိုများလာရခြင်း (ဂေးခေတ်)။ နောက်တစ်ပိုင်းက မျိုးချစ်နှင့် ကျော်ဇံဟာ လိင်တူချစ်သူများ ဟုတ်-မဟုတ်။



ပထမအချက်ဖြစ်တဲ့ societal effect ကြောင့် ဂေးတွေပိုများလာရခြင်း။
 
လူပိန်းစကားနဲ့ဆိုရင် ဂေးခေတ်ထနေခြင်းပေါ့။ အဲသလိုခေတ်ထခြင်းကို အချို့ကတော့ epigenetic alterations တွေကြောင့်အပြင် environment နဲ့ ဆိုရှယ်မီဒီယာတွေကြောင့် ဂေးဘဝခံယူလာသူများလာတယ် (ဂေးခေတ်ထနေတယ်လို့) ယူဆကြတယ်။
ဟိုတုန်းကတည်းက ဂေးတွေရှိတယ် အခုမှဂေးရှိတာ မဟုတ်ဘူးဆိုတဲ့ argument မှန်တယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ လူ့အသိုင်းအဝိုင်းမှာ ဂေးတွေပိုများလာတယ်။ အဲဒါဟာ ပွင့်လင်းလာတဲ့ လူမှုအသိုင်းအဝိုင်းကြောင့် ဖြစ်သလို၊ epigenetic alterations တွေကြောင့်လည်း ပါတယ်။ ဂေးစင်စစ်မဟုတ်ပါဘဲ ဂေးဘဝကိုခံယူလာသူတွေများလာတဲ့အတွက် ဂေးတွေပိုများလာရတာဖြစ်တယ်။ အချို့တိုင်းပြည်တွေမှာ ဥပဒေတွေနဲ့ ကြိမ်ဒဏ်ပေးတာတွေတောင်ရှိလို့ တစ်နိုင်ငံလုံး ဘာဂေးမှတောင် မရှိကြဘူး၊ ဂေးတွေဘယ်ရောက်နေလဲ တွေးစရာရှိတယ်။ potential pathogens တွေ ပြန့်ပွားမှု မရှိအောင် media ကို eliminate လုပ်ထားတဲ့ သဘောမျိုး။

ဂေးစိတ်ဆိုတာ လူတိုင်းမှာတောင်ရှိတယ်လို့ ယူဆကြသေးတယ်။ %အနည်းအများကွာတယ်ဆိုတယ်။ ဥပမာ.. မောင်ဖြူမှာ ဂေးစိတ် ၈၀% ရှိမယ်၊ မောင်ညိုမှာ ဂေးစိတ် ၁% ရှိမယ်.. ဒါမှမဟုတ် ဒဿမ ၁% ရှိမယ်။ အဲဒီအခါကျ မောင်ညိုဟာ ယောင်္ကျားစင်စင်လို့ ဆိုလို့ရတဲ့သဘော။ ထို့အတူ မိန်းကလေးတွေမှာလည်း ယောင်္ကျားစိတ်များတာ၊ နည်းတာ ရှိတတ်တယ်လို့ ဆိုတယ်။ ဟိုမုန်းတွေအပေါ်မှာ မူတည်တယ်။ မိန်းကလေးတစ်ယောက်ဟာ သာမန်ထက် ယောင်္ကျားဆန်တိုင်း လက်စဘီယန်ဖြစ်မသွားတဲ့ သဘော။

ဂေးတွေကို research လုပ်သူများ တွေ့တာတွေက...
ပတ်ဝန်းကျင်က ဂေးလူကြီးတွေကြောင့် ဂေးဖြစ်လာရသူတွေက ၂၂%၊ သူငယ်ချင်းတွေထဲမှာ ဂေးတွေမြင်ပြီး ကိုယ်ပါဂေးဖြစ်ချင်လာရတာက ၁၈%၊ မိခင်နဲ့အဆင်မပြေလို့ အရွဲ့တိုက်ရင်း ဂေးဘဝခံယူသွားတာက ၁၅%၊ ကိုယ့်ဘဝကို မကျေနပ်လို့ ဂေးလုပ်သွားသူတွေက ၁၀%၊ ဖခင်နဲ့အဆင်မပြေလို့ ဂေးဘဝခံယူသွားသူတွေက ၁၄%၊ ကိုယ်နဲ့လိင်မတူသူရည်းစား မရနိုင်လို့/ ရဖို့မလွယ်လို့ ဂေးအဖြစ်ခံယူသူတွေက (heterosexual partner unavailability) က ၁၂%၊ ဆိုရှယ်မဝင်ဆန့်လို့ က 9% စသည်....လို့ဆိုတယ်။
နောက်ထပ် research တစ်ခုမှာတော့ ဂေးတွေထဲမှာ 35%က hereditary ခေါ် မွေးရာပါ။ ကျန်တာက influenced or learned လို့ဆိုကြတယ်။ ဆိုရှယ်မီဒီယာရဲ့ရိုက်ခတ်မှု၊ လူမှုအသိုင်းအဝိုင်းပွင့်လင်းလွတ်လပ်လာမှုတွေကြောင့် အသစ်အဆန်းကို စမ်းသပ်ကြည့်လိုခြင်း စသည်ပေါ့။ ဒါကြောင့် societyရဲ့ ၉%ပဲရှိတဲ့ ဂေးစင်စစ်တွေကို ဖယ်ထားမယ်ဆိုရင် ကျန်တာတွေက အခြေအနေတွေကြောင့်၊ ခေတ်ထမှုတစ်ခုကြောင့် ဂေး တွေဖြစ်လာကြရတယ်လို့ ဆိုတယ်။


ဒုတိယတစ်ချက်ကတော့ ဂျူးရဲ့ မျိုးချစ်နှင့် ကျော်ဇံ လိင်တူချစ်သူများ ဟုတ်-မဟုတ်။ ဒါကတော့ Truth depends upon time, place and perspectives ပါပဲ။

ကိုယ့်အနေနဲ့ကတော့ သူငယ်ချင်းယောင်္ကျားလေးတွေမှာလည်း ချစ်လို့ မနာလိုစိတ်၊ ရည်းစားမထားစေချင်တဲ့စိတ်၊ ကိုယ့်ထက်ချစ်ရမည့်သူတွေ့လို့ ဒေါသဖြစ်တဲ့စိတ်ရှိတိုင်း ဂေးတွေ မဟုတ်ဘူးလို့ပဲ ယူဆနေတုန်းပဲ။ မိန်းကလေးသူငယ်ချင်းတွေမှာ ဒီလိုဖြစ်တတ်ကြတယ်၊ မဆန်းဘူး။ ယောင်္ကျားလေးတွေမှာလည်း ရှိနိုင်တာပဲ။ ဒီလိုစိတ်မျိုးရှိတိုင်း ဂေးတွေလို့ ယူဆလို့ မရနိုင်ပါဘူး။
ကျော်ဇံနဲ့ မျိုးချစ်ဟာ ကိုးတန်းနှစ်တုန်းက မိန်းကလေးကိစ္စ ရန်ဖြစ်ကြတယ်၊ ဒုတိယအကြိမ်က ကောလိပ် တတိယနှစ်မှာ ထပ်ဖြစ်တယ်။ ကိုးတန်းမှာက သူတို့အသက်တွေက ၁၄၊ ၁၅။ တတိယနှစ်မှာကလည်း မြန်မာပြည်ပညာရေးစနစ်အရ ၁၀တန်းပဲရှိလို့ တတိယနှစ်မှာ သူတို့ဟာ ၁၉နှစ်ပတ်ဝန်းကျင်ပဲရှိသေးတယ်။ အကုန်လုံးဟာ teenage years တွေမှာဖြစ်တာ။ teenager အများစုမှာ သူငယ်ချင်းကို အရမ်းတွယ်တာတဲ့ စိတ်ရှိတယ်။ အဲသလိုတွယ်တာခြင်းကစတဲ့ မနာလိုမှုဟာ မျိုးချစ်ဆီမှာ ရှိနေတဲ့သဘော။
ဒါဟာ Jealousy among teenagers တွေလို့ ယူဆလို့ မရဘူးလား။ အပြင်လောကမှာ မျိုးချစ်ထက် ဆိုးတဲ့ မိန်းကလေးတွေ အများကြီး ရှိတတ်ပါတယ်။

ကိုယ့်သူငယ်ချင်း ချစ်သူရမှာ၊ အိမ်ထောင်ကျမှာကို အရမ်းစိုးရိမ်ပြီး လိုက်ဖျက်သူတွေတောင် ရှိတယ်။ အထူးသဖြင့် low self-esteem သမားတွေ ဖြစ်တတ်ကြတဲ့ သဘောရှိတယ်။
ဒီလိုမျိုး ‘ချစ်ခင်မှုအပေါ်မှာအခြေတည်လာတတ်တဲ့ မနာလိုတဲ့စိတ်’ ဟာ ကျန်ရစ်တော့မယ့် မိခင်တစ်ဦးမှ အိမ်ထောင်ကျတော့မယ့် သမီးအပေါ်မှာလည်း ဖြစ်တတ်တယ်။ အဝေးကိုထွက်သွားတော့မယ့် သား၊ ပညာတွေအများကြီးတတ်တော့မယ့် သားအပေါ်မှာလည်း ငါ့ကိုခွဲသွားတော့မယ်ဆိုတဲ့ စိတ်မျိုးနဲ့ မုန်းတီးခြင်းမဟုတ်တဲ့ မနာလိုမှုစိတ်ဓာတ်မျိုးလေးတွေဟာ ဖခင်တွေမှာလည်းရှိတတ်တာ။
မျိုးချစ်ဟာ ကျောင်းစာကလွဲလို့ အားလုံးကို နှံ့စပ်တယ်။ ငါးတစ်ကောင်လို ရေကူးကျွမ်းကျင်တယ်၊ ကျော်ဇံကို ရေနစ်ခါနီး ကယ်ခဲ့ဖူးတယ်။ ရိုင်းစိုင်းတဲ့အကြည့်စူးစူးတွေရှိတယ်။ အများနဲ့တစ်ယောက် လက်သံပြောင်ဖို့ မကြောက်တတ်ဘူး။ ဘယ်မိန်းမကိုမှ စိတ်မရှည်လို့ တစ်ယောက်တည်း နေနေတဲ့ ယောင်္ကျား။ ဒီအချက်တွေကြောင့် မျိုးချစ်ဟာ ဂေးတစ်ယောက်ဖြစ်ခြင်းထက် egocentric တစ်ယောက် ပိုမဖြစ်နိုင်ဘူးလား။ သူရဲ့လုပ်ရပ်တွေဟာ ဂေးတစ်ယောက်ရဲ့လုပ်ရပ်ဆိုတာထက် egocentric တစ်ယောက်ရဲ့ လုပ်ရပ်တွေပိုဖြစ်မနေဘူးလား။

ယောင်္ကျားပီသတဲ့ ဒီလိုအချက်များစွာရှိတဲ့ မျိုးချစ်ရဲ့ ကာရိုက်တာတွေကို မှုန်ဝါးသွားပြီး မင်းခေါင်ရဲ့ခေါင်းလေးကို ပွတ်ရုံနဲ့ ဂေးဖြစ်သွားရောလား။ (ကိုယ်သာဆိုရင်လည်း နှစ်ပေါင်းများစွာ ကွဲကွာပြီးနောက် သေဆုံးသွားတဲ့ သူငယ်ချင်းရဲ့ သမီးလေးဆံပင်ကို သူငယ်ချင်းကို လွမ်းဆွတ်စွာနဲ့ ဖွမိပွတ်မိချင်လည်း ပွတ်မိမှာ၊ အခြေအနေအချိန်အခါဆိုတာကလည်း ညနေခင်းမှောင်ရီပျိုး အလွမ်းဓာတ်ခံရှိသူ ယောင်္ကျားမိန်းမ မဆို.. သူငယ်ချင်းကိုလွမ်းဆွတ်စိတ်၊ အတိတ်ကိုလွမ်းဆွတ်စိတ်နဲ့ ကောင်လေးဆံပင်ကို ကိုင်မိချင်လည်း ကိုင်မိမယ်)
အသက်မပြည့်သူတွေနဲ့ လိင်ဆက်ဆံမှု crime တွေကို ပွင့်လင်းစွာရင်းနှီးလာရတဲ့ society ဟာ မျိုးချစ်ကို ဂေးဖြစ်ရုံနဲ့ မကျေနပ်ဘဲ သားအရွယ်ကလေးတစ်ယောက်နဲ့ လိင်ဆက်ဆံချင်သူအနေနဲ့ပါ ပုံဖော်ချင်လာကြတာများလားလို့ မေးခွန်းထုတ်မိတယ်။

ကျော်ဇံရဲ့ မင်္ဂလာဆောင်မှာလည်း အသိသက်သေအဖြစ် လက်မှတ်ထိုးပေးရရုံနဲ့ မျိုးချစ်တစ်ယောက် ဂေးဖြစ်သွားနိုင်ရတဲ့ အချက်တစ်ချက်ကိုလည်း မိတ်ဆွေအစ်မတစ်ယောက် ထောက်ပြတယ်။ ဒါပေမဲ့ ဒီလောက်ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းကို အသိသက်သေအနေနဲ့ ခေါ်ပြီးလက်မှတ်မထိုးခိုင်းဘူးဆိုရင် သိပ်ရိုင်းရာ ကျသွားမယ်။ ကျော်ဇံဟာ သူ့ဘဝရဲ့ best-friend မျိုးချစ်ကို အသိသက်သေအနေနဲ့ လက်မှတ်ထိုးခိုင်းသင့်တယ်လို့ ထင်မြင်ယူဆမိတယ်။

တကယ်ကတော့ ဂျူးရဲ့ ဖေဖေ့သူငယ်ချင်းဝတ္ထုကို လိင်တူချစ်သူဝတ္ထုလို့ ယူဆကြတယ်ဆိုရင်လည်း ထိုသူတွေရဲ့ ယူဆမှုသာဖြစ်ပြီး.... သူတို့ရဲ့လွတ်လပ်ခွင့်ပါပဲ။ ကိုယ့်အနေနဲ့ကတော့ အဲလောက်ချစ်နိုင်ကြတဲ့ သူငယ်ချင်းတွေနဲ့ကြုံခဲ့ဖူးတာမို့ ကျင်လည်ခဲ့တဲ့ time & place အပေါ်မှာမူတည်ပြီး မျိုးချစ်နဲ့ ကျော်ဇံဟာ လိင်တူချစ်သူများဆိုတာကို ခုထိလက်ခံလို့ မရသေးတာပါပဲ။
နောက်ပိုင်းတော့ ကိုယ်လည်းပဲ time & place ကြောင့် perspective ပြောင်း မပြောင်း မသေချာ။
ဒီလိုအားကစားတော်၊ စာကလွဲလို့ အကုန်နှံ့စပ်၊ မိန်းကလေးတွေနဲ့ ရှုပ်ရှုပ်မနေတတ်၊ အုပ်စုလိုက်ဖိုက်ဖို့ မကြောက်ဘဲ အကြည့်စူးစူးတွေနဲ့ သတ္တိရှိတဲ့ ယောင်္ကျားတစ်ယောက်ကို ဂေး လို့ စာဖတ်သူတွေက သတ်မှတ်လည်း ကိစ္စတော့မရှိဘူး။ မျိုးချစ်ကို ကိုယ် မကာကွယ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လူတစ်ယောက် ဂေးဖြစ်ခြင်း မဖြစ်ခြင်းဟာ ကိုယ့်အတွက် ပြဿနာမဟုတ်ဘူး။ ဒါကို ဆန့်ကျင်သူလည်း မဟုတ်ဘူး။ ဂေးမိတ်ဆွေတွေလည်း ကိုယ့်မှာအများကြီး။

ဒါပေမဲ့ မျိုးချစ်ကို ဂေးတစ်ယောက်အနေနဲ့ပုံဖော်လာကြရုံနဲ့မပြီးဘဲ သားအရွယ် ကလေးတစ်ယောက်အပေါ်မှာ စိတ်ကူးယဉ်ချင်တဲ့ သဘောမျိုးပါ ယူဆပုံဖော်လာကြတာကတော့ နည်းနည်းများသွားပြီလားလို့ တွေးမိတယ်။
ဂျူးကကော မျိုးချစ်နဲ့ ကျော်ဇံကို လိင်တူချစ်သူများအနေနဲ့ ပါးပါးလေး ချပြသွားလား။
ဒါကိုတော့ ဂျူး အသိဆုံးပဲ ဖြစ်လိမ့်မယ်။


တကယ်လို့ မဟုတ်ခဲ့ဘူးဆိုရင်လည်း အချိန်တွေရွေ့လျောလာတဲ့ အနာဂတ်မှာ ဒီလိုတွေပြောလာမှာကို ကြိုများသိနေလို့ မျိုးချစ်နဲ့ ကျော်ဇံရဲ့ ဖြူစင်တဲ့ သူငယ်ချင်းမေတ္တာကို ကြိုတင်ကာကွယ်ထားခဲ့လေသလား....ဆိုတာ သူ့စာထဲက ဝါကျလေးတစ်ကြောင်းက ကိုယ့်ကို မေးခွန်းထုတ်စေတာ....။

‘ဆိုးတာပဲ... လူတစ်ယောက်ဟာ သူ့ဘဝမှာ အရင်းနှီးဆုံး သူငယ်ချင်းဆိုတာ ရှိသင့်တယ်’
............
‘ဆိုးတာပဲ... လူတစ်ယောက်ဟာ သူ့ဘဝမှာ အရင်းနှီးဆုံး သူငယ်ချင်းဆိုတာ ရှိသင့်တယ်’
..........




မျိုးချစ်နဲ့ကျော်ဇံ
အိမ့်ချမ်းမြေ့


9 Comments
Comments
Aung Myo Htut
Aung Myo Htut ကျနော်ကျောင်းတက်တုန်းကလည်း သူငယ်ချင်းတွေနဲ့ ပခုံးဖက်ပြီး သွားတာပဲ မလေး ခုတော့ အဲ့လိုသွားရင် ပြောကြတော့မှာ
Manage
SadShow more reactions
· Reply · 8h
အိမ့် ချမ်းမြေ့
LikeShow more reactions
· Reply · 8h
Warwarwar
Warwarwar သိပ်တိကျတာပဲ။အဲသလိုတိတိကျကျဖတ်ချင်တာ။စိတ်ဝင်စားလို့
ဂေးရာဇဝင်လိုက်နေတာ။
ဂေးဝထ္ထုတွေလိုက်ဖတ်
...See More
Manage
HahaShow more reactions
· Reply · 7h
အိမ့် ချမ်းမြေ့
အိမ့် ချမ်းမြေ့ I still believe that Myo Chit is more egocentric than ဂေး
(မလေးအကောင့်ထဲ ကနေဒီယန်စာရေးဆရာမအချို့ရှိလို့ မြန်မာလိုပဲသုံးလိုက်တယ် မ) :)
Manage
LikeShow more reactions
· Reply · 7h
Warwarwar
Warwarwar ဖြစ်နိုင်တာပဲ
အိမ်က သားကြီးတို့ဆို အသက် ၂၀နားထိ မိန်းခလေးတွေနဲ့မတွဲကျဘူး။ ယောက်ကျားလေးသူငယ်ချင်း၉ယောက်လောက်တွဲကြတာ အခုမှ နဲနဲမိန်းခလေးစစိတ်ဝင်စားတာ ဂေးထင်မှာစိုးလို့တဲ့
ခေတ်က အဲသလိုပြောင်းကုန်တာညီမရေ😢
Manage
SadShow more reactions
· Reply · 7h
Mya Thet Wai
Mya Thet Wai ညီမကတော့လေ.. ဆရာမ ဂျူးကချစ်ခြင်းမေတ္တာကို သိပ်ပြီးတော့တန်ဖိုးထားတဲ့ ဆရာမလို့ သူ့စာတွေထဲကနေယုံကြည်မိတာမို့... မျိုးချစ်လို လူတယောက်ကို ဒီလိုမျိုးလူတယောက် အဖြစ်ပုံဖေါ်ခဲ့တယ်လို့ တွေးလို့ကို မရဘူး။ လူတွေကပြောကြတယ်.. ဒီစာတိုလေးက မျိုးချစ်ကဂေးဖြစ်ပါတယ်လို့ြေ...See More
Manage
LoveShow more reactions
· Reply · 43m · Edited
အိမ့် ချမ်းမြေ့
အိမ့် ချမ်းမြေ့ Mya Thet Wai မြသက်ပြောတာ ရှင်းတယ်..
မလေးတောင် သူငယ်ချင်းမိန်းကလေးချင်း ချစ်တာရေးဖို့ကြောက်လာတယ်။ အချို့တွေအတ္တကြီးပြီးချစ်တတ်တာ လက်စဘိုဖြစ်ရချေရဲ့။ ချစ်ခြင်းမေတ္တာရှားပါးတဲ့ခေတ်မှာ မျိုးချစ်လည်း လူယုတ်မာကြီးကိုဖြစ်သွားရရှာပါပြီ။
Manage
LikeShow more reactions
· Reply · 16m
Mya Mya Chel
Mya Mya Chel အဲဒီဝတ္ထု ကို Lesbian လို့ လုံးဝကို မထင်မိပါဘူး။
ဂျူးရဲ့ အရေးအသားက
နည်းနည်း အနုစိတ်ဖွဲ့ပြတာကို လိုရာဆွဲ တွေးကြသလားတော့ မသိ။
Manage
LikeShow more reactions
· Reply · 7h
အိမ့် ချမ်းမြေ့
အိမ့် ချမ်းမြေ့ Societal effects တွေကြောင့်လို့ မလေးတော့ထင်တယ်.. မ
Manage
· Reply · 7h
Noan Vo
Noan Vo မလေးရေ သူငယ်ချင်း မိတ်ဆွေများနဲ့ ရံဖန်ရံခါ ဒီလိုအကြောင်းအရာများပြောဖြစ်တယ်။ ကျွန်မတစ်ဦး တည်းရဲ့ ရပ်တည်ချက်က တော့ လူတစ်ယောက် ချင်းဆီရဲ့ လွတ်လပ်စွာ ရွေးချယ်မှုကို အသိအမှတ်ပြု လေးစားပေမဲ့ promotion လုပ်တာမျိုး သွယ်ဝိုက်သော အားဖြင့် ဘောင်ခတ် သတ်မှတ်လိုက်တာမျိုး မဖြစ်စေချင်ပါ။ နောက်ဆုံး တော့အတွေးတွေက လူတွေရဲ့ လောဘဟာ အတောမသတ်နိုင်ပါလားဆိုတာမှာဆုံးလေ့ရှိတယ်။ ကာလံ ဒေသံ ဘယ်လို ပြောင်းပေမဲ့ မှတ်ကျောက် တင်ခံနိုင်တဲ့ အယူမှန် အကျင့်မှန်များ ထွန်းကား ပါစေလို့သာ ... :)
Manage
LoveShow more reactions
· Reply · 7h
Maung Htut
Maung Htut Your research is very interesting. I thought being gay/les depends on genetic / hormonal not by preference.
Manage
LikeShow more reactions
· Reply · 7h
အိမ့် ချမ်းမြေ့
အိမ့် ချမ်းမြေ့ Not my research. It depends on both more so on preference according to the research data.
Manage
· Reply · 23m
Win Win Lin
Win Win Lin ရှင်းပြထားတာလေး ဖတ်ရတာကောင်းလိုက်တာ။ ဖြူစင်တဲ့ မိသားစု၊ မောင်နှမ၊ သူငယ်ချင်း၊ မိတ်ဆွေ၊အထက်အောက်ဝန်ထမ်း ချစ်ခြင်း ၅၂၈ မှာလဲ သဝန်တိုတာ တွေရှိတတ်ကြတာပါ။ လွန်လွန်ကြူးကြူး သဝန်တိုတာတွေလဲ ကြုံဖူးပါတယ်။ အခုခေတ်က အဲဒါတွေကို တလွဲတွေးပစ်အောင် environment နဲ့ ဆိုရှယ်မီဒီယာတွေက လွမ်းမိုးသွားကြတာလို့ လက်ခံမိတယ်။ ၅၂၈ မေတ္တာကို အရောင်ဆိုးပစ်လိုက်တာပါ။ ကိုယ်တိုင် သူငယ်ချင်းပေါ်မှာ သဝန်တိုစိတ်ရှိရင်တောင်...လူငယ်တွေက " ငါက gayဖြစ်နေပြီလား lesbian ဖြစ်နေတာလား" ဆိုပြီးဖြူစင်မှုကို တလွဲတွေးပစ်လိုက်ကြတာလို့ထင်ပါတယ်။ ကိုယ့်ရဲ့စိတ်ကဘဲ ကိုယ့်ကို ဦးဆောင်တာပါဘဲ။ အမလဲညီမဆွေးနွေးတာလေး သဘောကျလို့ ဝင်ရေးကြည့်တာ။
Manage
LoveShow more reactions
· Reply · 6h · Edited
Myint Pyoneoo
Myint Pyoneoo မိန်းကလေးကျောင်းတွေမှာ အချစ်တော်ဖွဲ့တာအရမ်းခေတ်စားတယ် တချို့ဆိုတကယ့်သမီးရည်းစားတွေလိုဘဲ စာတွေရေးကြ ချိန်းတွေ့စိတ်ကောက်ကြ ငိုကြ ချော့ကြ သူတို့ကိုကြည့်ရင်ခု les အတွဲတွေလို tom boy ပုံစံလဲမပါဘူး နှစ်ယောက်လုံးကမိန်းကလေးပုံပီပီသသလေးတွေ ဆရာမနဲ့ကျောင်းသူအချစ်တော်ဖြစ်ကြတာတောင်ပါသေးတယ် တို့အဒေါ်အငယ်စေ့စပ်တော့သူ့အချစ်တော်အိမ်လိုက်လာပြီး သောင်းကျန်းတာအရမ်းဘဲ sex ကိစ္စတွေဘာတွေရှိကြမှာလဲ မဟုတ်ဘူးမလေးရဲ့ အဲဒါကိုစဉ်းစားကြည့်တာ သူတို့ကဘာသဘောလဲ ဘာတွေလဲပေါ့
နောက်သူငယ်ချင်းတွေထဲကနှစ်ယောက်ဆိုသူတို့ကြားနောက်တယောက်ဝင်ရင်မ ကြိုက် သူတို့နှစ်ယောက်ထိုင်ခုံကိုတယောက်လာထိ ရင်တောင်ဖတ်ဆိုတွန်းပစ်တာ သူတို့မူလတန်းကနေခုနှစ်တန်းလောက်ထိအဲဒီတိုင်းဘဲ ဒါပေမဲ့သူတို့ကသူငယ်ချင်းဘဲ အချစ်တော်မဟုတ်ဘူး ရှစ်တန်းဖြေပြီးမှတယောက်ကခွဲထွက်လိုက် တာ အဲတော့လဲ ကျန်တဲ့တယောက်ကအေးဆေးဘဲ တတွဲတွဲနှစ်ယောက်ထဲမနေတော့တာကလွဲရင် ပုံမှန်သူငယ်ချင်းတွေလိုဘဲအခေါ်အပြော မပျက် အရွယ်ရောက်တော့ရည်းစားထားကြ အိမ်ထောင်ပြုကြ အဲဒါမျိုးကျနားလည်လို့ရတယ် အရမ်းငယ်တဲ့အရွယ်မှာအတ္တကြီးတာကို မထိန်းချုပ်နိုင်တာတခုဘဲလားလို့
Manage
LikeShow more reactions
· Reply · 6h · Edited
အိမ့် ချမ်းမြေ့
အိမ့် ချမ်းမြေ့ အချစ်လွန်အတ္တကြီးတဲ့ သူငယ်ချင်ကောင်းမျိုးချစ်က သားအရွယ်ကို လိင်ဆက်ဆံချင်သူဖြစ်အောင် ပုံဖော်လာကြတာကိုထောက်ရင် တို့တွေရဲ့လူမှုအသိုင်းဝိုင်းရဲ့အခြေအနေကို မြင်လို့ရနေပြီသူငယ်ချင်း
Manage
· Reply · 21m
Anty Lin Cho
Anty Lin Cho ရှည်လဲ အစအဆုံး ဖတ်သွားတယ် မလေး
Manage
LikeShow more reactions
· Reply · 1h
Lwan Myat Wai
Lwan Myat Wai ပြီးအောင်ဖတ်သွားတယ် မလေးရေ <3
Manage
LikeShow more reactions
· Reply · 46m

No comments:

Post a Comment