Thursday, November 19, 2015

အနောက်နိုင်ငံရှိ အာရှကျောင်းသားအချို့၏ ပညာရေးအပေါ်အမြင်


November 19, 2015 


ငယ်စဉ်ကတည်းက စာအုပ်နဲ့ မျက်နှာမခွာခဲ့ဘူးသူ။ အတန်းထဲမှာ အဆင့်သုံးလောက်ရရင်ကို လူဖြစ်ရှုံးတော့မလို ခံစားခဲ့ရသူ စာရေးသူမှာ ... ပညာရေးကို အကြောင်းပြလို့ အနောက်နိုင်ငံကို ရောက်လာခဲ့တယ် ဆိုရပါမယ်။ ရောက်လာတော့လည်း ကိုယ်လိုချင်သလောက် အထွတ်အထိပ်ပညာရေးကို မရခဲ့ပါဘူး။ ရွေးချယ်မှုတွေများလွန်းလှလို့ရယ်၊ မိမိလိုအပ်ချက်တွေရယ်နဲ့ အရမ်းကြီးမျှော်လင့်ထားခဲ့သလိုဖြစ်မလာခဲ့တာတော့ သေချာပါတယ်။

ဒီလိုနဲ့ သားသမီးတွေရလာတဲ့အခါမှာလည်း သူတို့ ကျောင်းကအပြန်တိုင်း ဒီနေ့ဘာသင်လဲရယ်လို့ သားသမီးတွေကို မေးရတယ်။ မေးတိုင်း... နတ်သင်းလို့ပဲ ကြားနေခဲ့ရတယ်။ အဲဒီ နတ်သင်း "NOTHING" ဘာမှမသင်ရဘူးဆိုတဲ့ အဖြေကိုပဲ စာသင်နှစ် သုံးပုံတစ်ပုံကုန်သည်အထိ ကြားခဲ့ရသူ စာရေးသူရင်မှာ ဘယ်လိုရှိမလဲ ခံစားကြည့်နိုင်ပါတယ်။



စာရေးသူ လေးတန်းအရွယ်... သူငယ်ချင်းတစ်ဦး အိမ်မှာလာအိပ်တဲ့နေ့က မနက်လေးနာရီထပြီး စာကျက်နေတာနဲ့ ကြုံခဲ့ရဘူးတယ်။ အာရှတိုင်းပြည်တွေ အလည်ရောက်တဲ့အခါတွေမှာလည်း၊ စားသောက်ဆိုင်တွေမှာ၊ စာကြည့်တိုက် ကြမ်းပြင်တွေပေါ်မှာ၊ ယုတ်စွအဆုံး ရထားတွေ၊ ဘစ်ကားတွေပေါ်မှာပါ စာတွေဖတ်နေ၊ ကျက်နေကြတာ တွေ့ရတတ်တယ်။ ဒါပေမယ့် စာရေးသူရဲ့ ကလေးတွေဟာ ယနေ့အထိ အိမ်စာဆိုတာ ပါမလာဘူး။ စာရေးသူမှာ ရင်တွေပူလို့ ဆရာမတွေကို သွားတွေ့ပြီး အိမ်စာပါမလာလို့ စိတ်ပူကြောင်း ပြောပါတယ်။

ဆရာမတွေက ကလေးတွေအိမ်စာပါမလာတာ ဝမ်းသာရမှာဖြစ်ကြောင်း၊ အိမ်စာပါမလာခြင်းဟာ ကျောင်းမှာခိုင်းသမျှ၊ သူ့အချိန်သတ်မှတ်ချက်အတွင်းမှာ အကုန်ပြီးခဲ့တဲ့အတွက်ဖြစ်ကြောင်း၊ ကျောင်းမှာမပြီးစီးလို့ အိမ်စာပါလာမှသာ စိတ်ပူရမှာဖြစ်ကြောင်းကို ပြောပါတယ်။ အတန်းအနည်းငယ်ကြီးလာတော့မှ ပရိုဂျက်ရှိမှ အိမ်စာပါလာမှာဖြစ်ကြောင်းလည်း ဆိုပါတယ်။

အဲဒီအချိန်မှာ အာရှတိုင်းပြည်များမှာနေတဲ့ စာရေးသူ သူငယ်ချင်းတွေရဲ့ သားသမီးတွေဟာ .. ည ၁၀ နာရီ ၁၁ နာရီထိ စာတွေကျက်နေကြတာကို သိရတော့ စာရေးသူမှာ တစ်ခုခုတော့ မှားနေပြီလို့လည်း ထင်မိတယ်။ ကနေဒါမှာ လာနေတာ မှားပြီးလားလို့လည်း တွေးမိတယ်။ ဆရာ၊ ဆရာမတွေဆိုတာလည်း စည်းကမ်းတင်းတင်းကြပ်ကြပ်မရှိ၊ ကလေးတွေကို ဆူခြင်းပူခြင်းလည်း မရှိ၊ လုပ်ချင်ရာလုပ် မင်းတို့ဘာလုပ်လုပ်.. ငါတို့ဘယ်တော့မှ မင်းတို့ကို စိတ်မဆိုးဘူး၊ အမှန်ကိုတော့ ပြောပြရလိမ့်မယ် ဆိုတဲ့ စကားကိုကြားရတတ်တယ်။ ကလေးတွေဆိုရင်လည်း ဆရာ၊ ဆရာမတွေကိုလည်း ကြောက်ရမှန်းမသိ၊ ကျောင်းအုပ်ဆရာကြီးဆိုရင်လည်း သူငယ်ချင်းပေါင်းပေါင်းတာမျိုးတွေနဲ့ ကြုံရတော့ နားမလည်နိုင်အောင်ဖြစ်ရတယ်။
(ကျောင်းအုပ်ဆရာကြီးနဲ့ ဒုအုပ်က မနက်တိုင်း ကလေးတွေစီးလာတဲ့ကားတွေကို ကျောင်းရှေ့ကနေ တံခါးဖွင့်ပေး၊ မိုးရွာရင် ထီးဆောင်းပေး
တာတွေကိုလည်း ရေးပါဦးမယ်)

စာရေးသူဟာ ကလေးတွေကို ဘာဖြစ်ရမယ်၊ ညာဖြစ်ရမယ်လို့ မျှော်မှန်းထားတာမျိုးထက်၊ လူ့ဘဝကို သက်တောင့်သက်သာစွာ၊ သန့ှ်ရင်းဖြူစင်စွာနဲ့ အေးချမ်းစွာ ဖြတ်သန်းစေချင်တယ်။ ငွေတွေပုံအောရပြီး မပျော်ရွှင်နေရတဲ့ ဘဝထက်၊ ပျော်ရွှင်အေးချမ်းပြီး သူတို့ကိုယ်တိုင်လည်း ဝါသနာပါတဲ့ အသက်မွေးဝမ်းကျောင်းကို လုပ်စေချင်တယ်။

အာရှကလေးတွေဟာ ဒီဘက်နိုင်ငံတွေမှာလည်း အတော်ထူးချွန်တာကို တွေ့ရတတ်တယ်။ အာရှကလေးတွေများတဲ့ ကျောင်းတွေဟာလည်း၊ အာရှတိုင်းပြည်က အချို့သောကျောင်းတွေလိုပဲ အပြိုင်ဆိုင်များတတ်တာကို သတိထားမိတယ်။ ဖြစ်ချင်တော့ စာရေးသူတို့ဟာ ရပ်ကွက်မှားပြီး ကိုရီးယားနိုင်ငံက ငွေကြေးတတ်နိုင်သူတွေ လာစုနေတဲ့ ရပ်ကွက်မှာ လာနေမိတာကို သိလိုက်တဲ့အခါမှာ စာရေးသူမှာ အလွန်ပူပန်မိတယ်။

ကိုယ်သွားစားတဲ့ နာမည်ကြီးစားသောက်ဆိုင်အမည်တောင် မှတ်မိချင်မှ မှတ်မိတတ်တဲ့ ခပ်ညံ့ညံ့ စာရေးသူ၊
Brand Name တွေကို ဘယ်တော့မှမသိတဲ့၊ မသိချင်တဲ့စာရေးသူ..ဟာ.. အပြိုင်အဆိုင်များတဲ့ အသိုင်းအဝိုင်းကို စွန့်ခွာပြီး လူသူအရောက်ပေါက်နည်းတဲ့ ကမ္ဘာ့အစွန်က နိုင်ငံတစ်နိုင်ငံရဲ့မြို့တစ်မြို့မှာ အေးအေးချမ်းချမ်းလာနေတယ်လို့ ဆိုလို့ရပါတယ်။ သားသမီးတွေကိုလည်း materialist တွေ မဖြစ်စေချင်သူ။ လူ့ဘဝရဲ့တန်ဘိုးကို ဥစ္စာပစ္စည်းနဲ့ တန်းမညှိစေချင်သူ။ ကလေးတွေစိတ်ထဲ အပြိုင်ဆိုင်စိတ်တွေ မဝင်စေချင်သူ။ ပြောလို့ပြောတာ မဟုတ်၊ လူမျိုးရေးခွဲတာမဟုတ်၊ အထင်ကြီးတာလည်း မဟုတ်၊ လူဖြူအများစုက သိပ်မကြွားတတ်သလို.. ဥစ္စာသိပ်မမက်မောတတ်တာကို တွေ့ရတတ်တာ ကိုယ့်ပတ်ဝန်းကျင်က လူတွေပဲဖြစ်မလား။ ခုနေကားစုတ်ကြီးဖွတ်ချက်မြည်လို့စီးသွားလည်း ဆရာ/ဆရာမတွေက ကဲ့ရဲ့မည် မဟုတ်။ တစ်လ ဒေါ်လာ ၂၀၀၀တန် နာနီတွေနဲ့ ကလေးကျောင်းလွှတ်လည်း ဆရာ/ဆရာမတွေက တုန်လှုပ်မည် မဟုတ်။ မတုန်လှုပ်ချင်ဟန်တောင်တာ မဟုတ်.. သူတို့အလုပ်ကိုသာ ဂရုစိုက်သူတွေ များပါတယ်။

စာရေးသူတို့ရပ်ကွက်ထဲက ပရိုင်းဗိတ်ကျောင်းဟာ အာရှနိုင်ငံက အထူးသဖြင့် ကိုရီးယားမှ ငွေကြေးတတ်နိုင်သူတွေရဲ့ သားသမီးတွေဝင်ဖို့တန်းစီစောင့်နေတဲ့ အထက်တန်းကျောင်းတစ်ကျောင်းဖြစ်နေတာကိုလည်း သိရခဲ့တယ်။

ဒီရပ်ကွက်ထဲမှာ ကိုရီးယားအမျိုးသမီးများဟာ ကလေးတွေကိုကျောင်းလာထားရင်း၊ လာထိန်းကျောင်းရင်း တစ်သက်လုံး အထီးကျန်ဆန်နေသွားကြတာကိုလည်း တွေ့နေရတယ်။ ယောင်္ကျားလုပ်သူက ကိုရီးယားမှ ငွေပို့ပေး၊ မိန်းမနဲ့ ကလေးတွေကို အိမ်တစ်ဆောင်မီးတစ်ပြောင်ထား၊ ကလေးတွေ အထက်တန်းကျောင်းအောင်သွား၊ တက္ကသိုလ်သွားမှ အိမ်တွေကိုရောင်းချပြီး ကိုးရီးယားပြန်သွားကြတာ တွေ့မြင်နေရတယ်။ ကျောင်းကပွဲ၊ ကျောင်းမိသားစု လက်ဆုံစားပွဲ၊ စန္ဒယားပြိုင်ပွဲ၊ အကပြိုင်ပွဲတွေမှာ ခပ်ချောချောလူလတ်ပိုင်း ကိုရီးယားမတွေဟာ ဈေးကြီးသားမွေးကုတ်အကျီင်္အကောင်းစားတွေဝတ်လို့၊ ပြင်ဆင်ကျော့ရှင်းလို့ ဘေးမှာ ခင်ပွန်းဖြစ်သူဘယ်တော့မှ မပါဘဲ၊ တစ်ယောက်တည်းပဲ အထီးကျန်စွာ ထိုင်နေတတ်ကြတာများတယ်။ အဲဒါ တစ်နှစ်လည်း မဟုတ်၊ နှစ်နှစ်လည်း မဟုတ်၊ သုံးနှစ်လည်း မဟုတ်၊ ကလေးတွေ အထက်တန်းပြီးသည်အထိ မိခင်တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်သွားကြတဲ့ အမျိုးသမီးတွေပါ။

အဲသလို...
အနောက်ဘက်မှာ ကျောင်းလာတက်ကြတဲ့ အာရှကျောင်းသားတွေဟာ.. အရွယ်ရောက်လာတဲ့အခါမှာ... သူတို့ရဲ့ လူ့အသိုင်းအဝိုင်းက သူတို့အပေါ်မှာ မျှော်လင့်မှု၊ ပညာရေးအပေါ်မှာ ရှိတဲ့ အမြင်တွေကိုလည်း မေးခွန်းထုတ်လာတတ်ကြတာကို တွေ့လာရပါတယ်။

----- ဘဝတစ်ခုကို အမှတ်ကောင်းဖို့နဲ့ ဆုံးဖြတ်သလား၊ တန်ဘိုးရှိစွာညီမျှစွာနေထိုင်သွားမှု(balanced life) နဲ့ ဆုံးဖြတ်သလား----

အနောက်ဘက်က ကျောင်းတွေမှာ အာရှသားတွေ များများလာတော့ ကျောင်းတွေကို အမည်ပြောင်တောင် ပေးလာတတ်ကြတယ်။ UCLA ကို “University of Caucasians Lost among Asians,” (အာရှကျောင်းသားများအကြား ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့အောင် ပျောက်ဆုံးနေကြရသော လူုဖြူကျောင်းသားတက္ကသိုလ်) လို့ ဆိုတတ်ကြပြီး၊ UBC: University of British Columbia ကို University of a Billion Chinks လို့ ခေါ်ကြတတ်တယ်။ (တစ်ကယ်ကတော့ Chinks ဆိုတာ တရုတ်လူမျိုးတွေကို နှိမ်ခေါ်တာမို့ မသုံးသင့်သော စကားလုံးပါ၊ ဗဟုသုတအတွက်သာ ရေးခြင်းပါ)

အနောက်နိုင်ငံသားတွေဟာ ကျောင်းစာအပြင် အခြားသော ကျောင်းပြင်ပကိစ္စတွေဖြစ်တဲ့ အားကစား၊ အနုပညာ၊ လုပ်အားပေး စသည်တို့နဲ့အလုပ်ရှုပ်နေချိန်၊ အာရှကျောင်းသားတွေကတော့ ကိစ္စနှစ်ခုကိုပဲ ခေါင်းထဲ ထည့်ထားတတ်ကြရတယ်လို့ ဆိုပါတယ်။ အဲဒါတွေကတော့ မိဘ၊လူကြီးကို ရိုသေပြီး၊ လူကြီးမိဘစကား ကောင်းကောင်းဆိုးဆိုး၊ မှန်မှန်မှားမှား နားထောင်ဖို့နဲ့၊ စာကို တစ်ချိန်လုံး တကုပ်ကုပ် ကျက်နေဖို့ပါပဲ။

အာရှလူငယ်တွေဟာ သူတို့အမှတ်နည်းတဲ့အခါ ကျောင်းက ဆရာ/ဆရာမတွေသာမက၊ မိဘများကပါ ဒဏ်ပေးကြတာတွေကိုလည်း မေးခွန်းထုတ်လာကြတယ်။ စာသိပ်မဖတ်လို့ အမှတ်နည်းတာဟာ မိဘသာမက၊ အဘိုးအဘွားရဲ့ အရှက်ကိုခွဲတယ်လို့ ယူဆလေ့ရှိတဲ့ ယဉ်ကျေးမှုထဲမှာ
သူငယ်တန်း၊ တစ်တန်းလေးတွေဟာ ကလေးသဘာဝ ဆော့ကစားနေရမှာထက်၊ စာအုပ်နဲ့မျက်နှာ မခွာရတာ ဖြစ်သင့်သလားလို့ ဆိုလာကြတယ်။ တစ်ကယ်တော့ ဘယ်လူမျိုးကမှ ဘယ်လူမျိုးထက် သိပ်အသာကြီးမဟုတ်ဘူး၊ အာရှသားတွေဟာ အနောက်နိုင်ငံသားတွေထက် သင်္ချာပိုတော်တယ်ဆိုတာလည်း မဟုတ်ဘူး၊ အလေ့အကျင့်၊ တစ်စိုက်မတ်မတ်သင်္ချာပဲ တွက်နေတဲ့အခါ၊ သင်္ချာမှာပိုတော်လာနိုင်ပေမယ့် ကျန်တဲ့ ကာယ၊ အားကစား၊ လူမှုရေးတွေမှာ ညံ့ဖျင်းလာတတ်တယ်လို့ ဆိုလာတတ်တယ်။

GPA SAT အမှတ်လေးမြင့်တာနဲ့ ကျောင်းသားတစ်ဦးဟာ ဘဝမှာ အောင်မြင်မှုအထွတ်အထိပ်ရောက်မယ်လို့ ယူဆဖို့ သင့်သလားလို့လည်း မေးခွန်းထုတ်လာကြတယ်။

နောက်တစ်ခုက အာရှပြည်တွေရဲ့ ယူဆချက်က၊ သာမာန်တက္ကသိုလ်တစ်ခုခုက ဘွဲ့ရလာပြီး အလုပ်ကောင်းကောင်းရနေတဲ့လူ၊ စီးပွားရေးမှာပဲဖြစ်ဖြစ်၊ အခြားနေရာမှာပဲဖြစ်ဖြစ် အောင်မြင်နေတဲ့လူတစ်ယောက်ကို ဂုဏ်မယူတတ်ကြဘဲ၊ အလုပ်ကိုင်ကောင်းကောင်းမရှိရင်နေပါစေ... စတန်းဖို့တို့၊ ရေးလ်တို့လို ကျောင်းတွေက ဆင်းလာပြီး ဘွဲ့ကြီးတွေပိုက် ထိုင်နေသူတွေကို ဂုဏ်ယူနေတတ်ကြတယ်လို့ အနောက်နိုင်ငံရောက် အာရှကျောင်းသားတွေက ဆိုပါတယ်။

(နောက်ရက်တွေမှာ ဆက်ခွင့်ပြုပါ..)
အိမ့်ချမ်းမြေ့

37 comments
Comments
MeMe KyawThein
MeMe KyawThein ဒီမှာက ကလေးတွေ အရွယ်နဲ့ မမျှ စာတွေ များတယ် မလေးရေ
အိမ့် ချမ်းမြေ့
အိမ့် ချမ်းမြေ့ ဒီမှာကျတော့လည်း.. စာကိုမကျက်ရတော့ ဘာလုပ်ရမှန်းတောင် မသိဘူး.. မီ။
MeMe KyawThein
MeMe KyawThein သမီး ကို ခေါ်ပါ.....လာတက်ပါရစေ.... ဟီး
エバ ッ ャン
エバ ッ ャン · Friends with Yenay Naing and 1 other
မလေးရေ ဘယ်လူမျိုးမှဘယ်လူမျိုးလောက်အသာကြီးမဟုတ်ပါဘူး ဆိုတဲ့စကားအကြိုက်ဆုံးပါ
Soe Kyi
Soe Kyi ရေးပါရေးပါ ....ရွှေမြန်မာတွေကိုသိအောင်ရေးပါ.ကျောင်းရှေ့မှာတနေကုန်တနေခန်းလမ်းပိတ်အောင်ကားရပ်ပြီးထမင်းချိုင့်နဲ့ထိုင်စောင့်နေတာတို့၊့ကျူ ရှင်ပို့ရ ၊ဘောဒါထားရ၊ ဂိုက်ခေါ်သင်ရ နဲ့ သူတို့အစားမောတယ် ဒေါသလည်းထွက်တယ်
စု စုအေး
စု စုအေး မှန်၏ အာရှတန်ဖိုးလေ
Nang Oo Hoan
Nang Oo Hoan · Friends with Sao Nge Khaing and 1 other
ဆက်ေ၇း၇င်.ဖတ်ချင်သေးတယ်ရှင်.
နောက်ဆုံးအပိုဒ်က.အမှန်ဆုံးဘဲ.
ဂုဏ်ယူကြတာပေါ့.
2:06am
Khin Mayday Maung
Khin Mayday Maung Let me share Malay.thanks
Aung Soe
Aung Soe · Friends with Aung Ko Ko Thet and 1 other
Aren't private tuition classes thriving in Canada even not as much
as in Burma?
http://globalnews.ca/.../private-tutoring-is-thriving-in.../


globalnews.ca|By Carmen Chai
အိမ့် ချမ်းမြေ့
အိမ့် ချမ်းမြေ့ ခုလောလောဆယ်တော့ လေးတန်းကျောင်းသားတွေကို လေ့လာကြည့်တာ သူတို့ အတန်းထဲမှာ လူ၄၀မှာ ၃ ယောက် ကူမွန်တက်တယ်... သိပ်မဆိုးခင်မှာ ကာကွယ်ရမယ်
Mila Nu Nu Htay
Mila Nu Nu Htay Let me share Ma Lay. I think some Asian parents are leading the children to the wrong way. My childhood was also like that, always studying under the guidance of my strict mom. I promised myself not to guide my children to grow up like me. I want them to have a balance life rather to be a bookworm 😀.
Wai Hnin Naing
Wai Hnin Naing Pls let me share sis..
Htarhtar Oo
Htarhtar Oo · Friends with Hninhnin Kolynn
နောက်ထပ်ဆက်ဖတ်ချင်ပါတယ်ဆက်ရေး
ပေးပါအုံးနော်
Swe Swe Win
Swe Swe Win De mhar lae bar lote ya mhan ko ma ti taw bar bu Ma Lay yae!😊
Khin Sandar Htun
Khin Sandar Htun သိခွင့်၇တဲ့အတွက်ကျေးဇူးပါ
မမ
5:30am
Ma Lay
Ma Lay မြန်မာပြည်မှာ ရိုးရိုးသာမန်ဝန်ထမ်းလုပ်
ပြီး လုပ်သက်ကြောင့်ရာထူးမြင့်သွားရင်
တောင် တခြားသူတွေအားလုံး သူတို့...See More
Naung Yoe
Naung Yoe ကောင်းလိုက်တာ မလေး
ငယ်ငယ်တည်းက မလုပ်ချင်ပဲ လုပ်နေခဲ့ရတာတွေကို သိပ်မုန်းတာပဲ။မလိုအပ်ပဲ လုပ်နေရတာတွေကို မပြောတတ်သေးတဲ့အရွယ်မှာ မလုပ်ချင်တာတွေ အများကြီး လုပ်ခဲ့ရတယ်။မြန်မာပြည်မှာ ပညာရေးစနစ်ကို လုံးဝ မြင့်မားစေချင်လိုက်တာဗျာ။
Yin Phyu Nu
Yin Phyu Nu နောက်ထပ်မျှော်နေမိ ပြီ အစ်မရေ!
မျှဝေ ပေးတဲ့အတွက်လည်း ကျေးဇူးပါ လေးစားလျှက်!
Naing Min Kyaw
Naing Min Kyaw · 15 mutual friends
THit KHat Nyein ရေ ချစ်လေး ဖတ်ဖို့
Moe Lwin
Moe Lwin ထပ်တူဘဲ မလေး
ငွေရမယ့် အလုပ်အချို့ကို
စွန့်လွှတ်ခဲ့ပြီး အခုကိုယ်ဝါသနာပါရာ အလုပ်လုပ်နေရလို့ နည်းနည်းပို ပင်ပန်းလည်း ပျော်နေတာပါဘဲ...See More
Ye Myint
Ye Myint · Friends with Ko Hmine
ဆက်ပါဦးလို့ smile emoticon
Winwin May
Winwin May · Friends with ChoThe K. M. Aye and 8 others
ညီမလေးရေ ကြိုက်လို့ရှယ်ပြီနော်။ကျေးဇူး
အိမ့် ချမ်းမြေ့
Neuro Toxin
Neuro Toxin · Friends with Oakkar Kyaw
I know clearly what you mean. Nice post sis smile emoticon
U Oaker Maung
U Oaker Maung ကောင်းတယ်ဗျာဆက်ရေးပေးပါအားပေးပါတယ်။
MaungMaung Zaw
MaungMaung Zaw Disciplines are ok. Pressuring, not so much.
Khin Lwin
Khin Lwin · Friends with Mya Thway Ni and 4 others
Pls let me share sis..
Ka Lyar Htwe
Ka Lyar Htwe · Friends with Aye Chan and 1 other
right
Moh-Moh Lian
Moh-Moh Lian · Friends with Helen Yu and 2 others
USမှာမိဘမရှိဘဲနဲ့တောင်PrivateHSလာနေတဲ့အာရှတိုက်သားကလေးတွေအများကြီးဘဲ...PK parachute kids လို့ခေါ်ကြတယ်... အခန်းဌားပေးထားပြီးနီးစပ်ရာသူ့လူမျိုးတွေအိမ်ကထမင်းချိုင့်ဆွဲစားကြတာမြင်ဘူးတယ်...
Sun Tun Oo
Sun Tun Oo · Friends with Atta Kyaw and 3 others
ဆက်ရေးဖို့တောင်းဆိုပါတယ်ဗျ။
Aik Sai
Mgmggyi Hope
Mgmggyi Hope · Friends with Zaw Win Hlaing and 1 other
ဆက်ရေးပါ ကောင်းပါတယ်
Phyoe Minn Hlai
Phyoe Minn Hlai · Friends with Thant Htike
Nice post
Win Aung
Win Aung · Friends with Kay Thwel
ဗဟုသုတရပါတယ် ။
Ko Thet
Ko Thet ဆက်ရေးပေးပါဗျာ သိပ်ကောင်းတယ် ကျနော်တို့  အာရှသားတွေအတွက်ဗဟုသုတပေါ့ အားပေးလျက်ပါ
အိမ့် ချမ်းမြေ့
အိမ့် ချမ်းမြေ့ ကလေးတွေရဲ့ ဆရာမတွေနဲ့ ဒု-ကျောင်းအုပ်ကို ဒီစာအတွက် သွားတွေ့ပြီး စကားပြော.. note ယူထားတာတွေ ဟိုမှာ ကျန်ခဲ့လို့.... နောင်.. ဆက်ပါမယ်။
Saw Myat Sanda
Saw Myat Sanda ဘယ်လိုလုပ်ရမလဲဆရာမရယ်..ပုံစံခွက်ထဲဝင်နေပြီ။
ကျောင်းတွေကလည်းwhiteboard ကစာကိုလိုက်ကူးရုံဘဲ ဘာမှရှင်းမပြတော့ ကျုရှင်တွေ အပြင်ကူမွန်တို့ english အတွက်သင်တန်းမျိုးစုံတက်ခိုင်းနေရပါတယ်။
ဗဟုသုတ ရလို့ဆက်ရေးပေးပါနော်။
Cho Lay Mar
Cho Lay Mar ကိုယ်တို့ ဆီက ပညာရေး လေ့လာရေး ကိုာ်စားလှယ်တော် ကြီး တွေ သွားတော့သွားကြ လေ့လာတေျာ့လ့လာခဲ့ကြပါရဲ့ ဘာတွေ ပြန်သယ်လာခဲ့ သလဲ ဆိုတာလေး ခဏခဏ တွေးမိတယ်
Htahta Oo
Htahta Oo · Friends with မနီ တာ and 1 other
ကဲ..ပညာရေးဥပဒေ ရေးဆွဲနေကြသူများ
Cuttie Sakura
Cuttie Sakura · Friends with MC Zin Phyo
ကျက်လိုက်ရတဲ့ယိုးဒယား မြန်မာသမိုင်း တွေးမိလေတင်းလေဘဲ
Aung Myo Thant
Aung Myo Thant ဆက်ရေးပေးပါအုံးခင်ဗျာ အဲ့လိုစာတွေဆို အရမ်းဖက်ချင်နေတာပါ
 

No comments:

Post a Comment