ကျောက်မီးသွေးမှ စွမ်းအင်အလွန်အကျွံထုတ် လုပ်မှုကြောင့် တရုတ်နိုင်ငံရဲ့
လေထုထဲမှာ အဆိပ်ငွေ့တွေ ပျံ့နှံ့လာခဲ့တယ်။ တရုတ်လူမျိုး ၁ ဒသမ ၂ဘီလီယံဟာ
CO2 အဆိပ်ငွေ့တွေကို ရှူရှိုက်နေခဲ့ရတယ်။ ရေအားကိုအသုံးပြုပြီး
စွမ်းအင်ထုတ်လုပ်ခြင်းဟာ ကျောက်မီးသွေးကို အသုံးပြုပြီး
စွမ်းအင်ထုတ်လုပ်ခြင်းလောက်
CO2 အဆိပ်မသင့်တာကတစ်ကြောင်း၊ UN နဲ့ အခြားတိုင်းပြည်များက ဖိအားပေးမှုက
တစ်ကြောင်း၊ ကျောက်မီးသွေးအစား ရေ အရင်းအမြစ်ကိုသုံးပြီး
စွမ်းအင်ထုတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တရုတ်ပြည်ဟာ ဆည်ကြီးတွေ ကို
အကြီးအကျယ်တည်ဆောက်ခဲ့ကြတယ် ။
တရုတ်ပြည်ဟာ ခရစ်နှစ်၂ဝ၂ဝမှာ ရေအားမှ စွမ်းအင် ၃၅ဝ
ဂစ်ဂါဝပ်ထုတ်လုပ်မယ်လို့ ရည်ရွယ်ထားတယ်။ ဘရာဇီး၊ ကနေဒါနဲ့ အမေရိကန်
သုံးနိုင်ငံပေါင်းမှာရှိတဲ့
ဆည်အရေအတွက်ထက်တောင် များပြားလှတဲ့ ဆည်ပေါင်းရှစ်သောင်းကျော် တရုတ်ပြည်မှာ
ရှိခဲ့ပြီးဖြစ်ပေမယ့်လည်း ခရစ်နှစ် ၂ဝ၂ဝမှာ စွမ်းအင် ၃၅ဝ ဂစ်ဂါဝပ်
ပြည့်ဖို့အတွက် အခြားတိုင်းပြည်တွေရဲ့ မြစ်ချောင်းအင်းအိုင် တွေကိုပါ
လက်ဝါးကြီးအုပ်ဖို့ ကြိုးစားလာကြတယ်။
မြစ်ဝါမြစ်
မြစ်ဝါမြစ်ဟာ ယန်စီမြစ်ပြီးရင် တရုတ်ပြည်ရဲ့ ဒုတိယအရှည်ဆုံး၊ ကမ္ဘာ့မြစ်တွေထဲ ဆဋ္ဌမမြောက်အရှည်ဆုံးမြစ်။ တရုတ်သမိုင်းနဲ့ယဉ်ကျေးမှုတေ
မြစ်ဝါမြစ်ဟာ နုန်းမြေတွေအများကြီး သယ်ဆောင်တဲ့မြစ်လည်းဖြစ်တယ်
မြစ်ဝါမြစ်ရဲ့ လက်ရှိရေအနက်ဟာ လွန်ခဲ့ တဲ့ အနှစ်ငါးဆယ်တုန်းက ရေမျက်နှာပြင်ရဲ့ သုံးပုံတစ်ပုံပဲ ကျန်ရှိပါတော့တယ်။ ပရော်ဖက်ဆာ ချောင်မင်းမင်းဟာ တာဝန်ရှိသူတွေရဲ့ စီမံကွပ်ကဲမှု ညံ့ဖျင်းမှုနဲ့ အစိုးရက တိတိကျကျ တာဝန်မယူမှုကြောင့် မြစ်ဝါမြစ်ရဲ့ အမည်ကို ''တရုတ်ပြည်ရဲ့ဝမ်းနည်းခြင်
ယန်စီမြစ်
ယန်စီမြစ်ဟာလည်း မြစ်ရေခန်းခြောက်ခြင်း အန္တရာယ်နဲ့ ရင်ဆိုင်နေရပါပြီ။ ၂ဝ၁၂ ခုနှစ် ကစပြီး နွေရာသီဆိုရင် ယန်စီမြစ်ရေဟာ ၃၂ ပေ အနက်ပဲရှိတော့တယ်။ တာဝန်ရှိသူတွေ ကတော့ မိုးခေါင်ရေရှားမှုလို့ လွှဲချပေမယ့် ကျွမ်းကျင်သူများနဲ့ တရုတ်ပြည်သူလူထု ကတော့ Three Gorges ဆည်ကြီးကြောင့်လို့ ဆိုကြတယ်။ တာဘိုင်စက်ကြီးတွေ လည်ပတ်ဖို့ ရေတွေကို သုံးနေချိန်မှာ ယန်စီမြစ်ကြီးကတော့ အကြီးအကျယ်ရေငတ်နေရပါပြီ။ ယန်စီမြစ်ရဲ့ ငါးဖမ်းလုပ်ငန်းဟာ ရပ်ဆိုင်းရတော့မယ်။ မြစ်ထဲရေမရှိလို့ ငါးတွေသေရပြီး ငါးသေတွေဟာ မြစ်ကမ်းပေါ်မှာ အစုလိုက်အပြုံလိုက် သောင်တင်နေရပြီ။
ယန်စီမြစ်ကမ်းပါးပေါ်က ယီချန်ဒေသ
ယန်စီမြစ်ထဲက wild Chinese sturgeon ငါးမျိုးဟာ လွန်ခဲ့တဲ့နှစ်ပေါင်း သန်း ၁၄ဝ ထဲက မျိုးဆက်လာတဲ့ငါးတွေဖြစ်ပေမ
၁၉၈ဝ ခုနှစ်များမှာ ကောင်ရေ ထောင် ပေါင်းများစွာရှိခဲ့တဲ့ ယန်စီမြစ်ထဲမှ wild Chinese sturgeon အခုတော့ အကောင်ရေ ၁ဝဝ ခန့်ပဲ ကျန်တော့တယ်။ ရှားပါးငါးမျိုးတွေ အကောင်ရေကျလာရတဲ့အထဲ မြစ်ထဲမှ အပျော်စီးသဘောင်္တွေရဲ့ ပန်ကာတွေ၊ မော်တာတွေနဲ့ တိုက်မိပြီး ငါးတွေသေဆုံး ကြရတာတွေရှိသလို ငါးဖမ်းသမားတွေရဲ့ ပိုက်ကွန်တွေထဲ ပိတ်မိပြီး သေဆုံးကြရရှာတယ်။ ဒါ့အပြင် ယန်စီမြစ်ထဲက ယန်စီလင်းပိုင် ကောင်ရေဟာလည်း ၁၉၈ဝ ပြည့်နှစ်မှ ၂ဝဝ၆ ခုနှစ်အတွင်းမှာ ၉၉ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းလာပြီး မိကျောင်းကောင်ရေဟာလည်း ၁၉၅၅ ခုနှစ်မှ ၂ဝ၁ဝ ပြည့်နှစ်အတွင်း ၉၇ ရာခိုင်နှုန်း ကျဆင်းလာခဲ့ရပါပြီ။ ဒါတွေ အားလုံးဟာ စီးပွားရေးအလွန်အကျွံ တိုးတက်ချင်လွန်းခြင်း၊ ပတ်ဝန်းကျင်သဘာဝကို မထိန်းသိမ်းခြင်းတို့ရဲ့ ရလဒ်တွေပဲဖြစ်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။
Poyang lake (ပိုယန်းကန်)
တရုတ်ပြည်ရဲ့သိပ်လှတဲ့ ပိုယန်းကန်ကြီး ဟာလည်း Three Gorges ဆည်ကြီးက ရေမလွှတ်လို့ ခန်းခြောက်လာခဲ့ရပါပြီ။ ကန်ကြီးဟာ နွေရာသီမှာ ရှားပါးငှက်တွေ သားပေါက်ပွားတဲ့ နေရာဖြစ်ပေမယ့် ရေကခန်း၊ ငါးကမရှိလို့ ငှက်တွေလည်း နေစရာ မရှိတော့ပါဘူး။ အဲဒီတော့မှ တရုတ်အစိုးရဟာ ငှက်တွေပြန်လာအောင် ပြောင်းဖူးစေ့၊ ပုစွန် သေးလေးတွေနဲ့ ငါးသေးသေးလေးတွေကို ရေစပ်စပ်ပဲ ကျန်တော့တဲ့ ကန်ကြမ်းပြင်ပေါ်ကို လေယာဉ်ပျံနဲ့ ဖုတ်ပူမီးတိုက် ကြဲချနေကြရ ပါတယ်။ ကန်ထဲမှာရှိတဲ့ တရုတ်ပြည်ရဲ့ ရှားပါးတဲ့ ငါးတွေဟာလည်း ကန်ကြီးနဲ့အတူ တဖြည်း ဖြည်း ပျောက်ကွယ်လာနေရပါပြီ။
မြစ်ဝါ၊ ယန်စီ၊ ယီချန်ဒေသနဲ့ ပိုယန်းကန် တို့ဟာ နှမ်းစေ့ပမာသော ဥပမာအချို့သာဖြစ်တယ်။ အမှန်တော့ တရုတ်နိုင်ငံရဲ့ မြေပုံပေါ်ကနေ မြစ်ကြီးတွေဟာ တဖြည်းဖြည်း ပျောက်ဆုံးလာနေပါပြီ။ အခုချိန်မှာဆိုရင် တရုတ်တွေရဲ့မြေပုံပေါ်ကနေ မြစ်ပေါင်းနှစ်သောင်းရှစ်ထေ
ဘာဖြစ်လို့ ပျောက်ဆုံးရလဲဆိုတော့ တရုတ်ပြည်ဟာ တိုးတက်ချင်လွန်းတာ အန္တရာယ်ကိုတောင် မမြင်နိုင်တော့ဘဲ သဘာဝကပေးတဲ့ အရင်းအမြစ်တွေကို အလွန်အကျွံသုံးစွဲနေလို့ဖြစ
ဒါ့အပြင် တရုတ်နိုင်ငံရဲ့ ရေအရင်းအမြစ် ဝန်ကြီးဌာနရဲ့အစီရင်ခံစာအရ တရုတ်ပြည်ရဲ့ ရေအရင်းအမြစ်ဟာ အနှစ် ၆ဝ အတွင်းမှာ တစ်ဝက်ပဲ ရှိတော့တယ်လို့ ဆိုထားပါတယ်။ လူရှစ်သိန်းအားနဲ့ ရေအရင်းအမြစ်အပေါ် လေ့လာတွက်ချက်မှုတွေလုပ်အပြီ
ဆည်ကြီးတွေကို အလွန်အကျွံဆောက်တဲ့အတွက် တရုတ်ပြည်သူအများစု ပေးဆပ်ရတာချည်းပဲ မဟုတ်ပါဘူး။ ကမ္ဘာ့လူထုဟာလည်း တရုတ်ပြည် စက်ရုံအလုပ်ရုံတွေမှ ရေထဲကို စွန့်ပစ်လိုက်တဲ့ အညစ်အကြေးတွေ၊ လေထဲကိုထုတ်လွှတ်လိုက်တဲ့ အဆိပ်ငွေ့တွေ ကြားထဲမှာ မွန်းကျပ်နေပါပြီ။ ကမ္ဘာသားတွေ ဆိုရာမှာ တရုတ်ပြည်သူပြည်သားတွေပါ အပါအဝင်ဖြစ်ပါတယ်။ အဆိပ်သင့်ရေတွေနဲ့ အဆိပ်သင့်လေထုဟာ တရုတ်ပြည်သူ ပြည်သားတွေကိုပါ အဆိပ်သင့်နေတာ မဟုတ်ဘဲ တစ်ကမ္ဘာလုံးကို အဆိပ်သင့် လာတာဖြစ်ပါတယ်။
ဆည်တွေဆောက်ခြင်းရဲ့ဆိုးကျိ
တရုတ်ပြည်ရဲ့ စီးပွားရေးတိုးတက်ချင် ဇောဟာ ကမ္ဘာတစ်ခုလုံးကိုပါ ထိခိုက်လာ ရပါပြီ။ စက်ရုံတွေ ဆောက်ချင်သလို ဆောက်ပြီး ထိုစက်ရုံတွေကို လျှပ်စစ်နဲ့အခြားသော စွမ်းအင်တွေပေးဖို့ ဆည်တွေကို ဆောက်ရတာလည်း ရေတွေ၊ မြစ်တွေလည်း ခန်းသလောက်ဖြစ်နေပါပြီ။ တရုတ်နိုင်ငံတွင်း စက်ရုံကြီးတွေက ထုတ်လွှတ်လိုက်တဲ့ မီးခိုးတွေဟာ ဂျပန်၊ ကိုရီးယား၊ ကနေဒါနဲ့ အမေရိကန်အထိပါ ပျံ့လွင့်နေပြီလို့ ကျွမ်းကျင်သူများက ဆိုပါတယ်။
တရုတ်အစိုးရရဲ့ လေ့လာမှုစာတမ်းတစ်ခု အရ သူတို့နိုင်ငံတွင်းက ရေတွေရဲ့ ၄ဝ ရာခိုင်နှုန်းဟာ အဆိပ်သင့်နေရုံသာမက မြေကြီးအောက်ထဲကရေတွေဟာလည်း
တရုတ်ပြည်တွင်းရှိ မြစ်များဟာ ဆည်တွေဆောက်ပြီး ရေကြောင်းပိတ်ဆို့မှုခံရလို့
တရုတ်ပြည်မှာ ရေရှားလာခြင်း၊ ရေ အရင်းအမြစ်လိုလာခြင်းတို့ဟာ
မြစ်အောက်ဘက်တိုင်းပြည်များ
တရုတ်ပြည်မှ ဘဏ်များ၊ ကုမ္ပဏီတွေဟာ တရုတ်ပြည်တွင်းမှာ ဆည်များဆောက်ရုံနဲ့ အားမရသေးဘဲ တိုင်းပြည် ၇၄ခုမှာ ဆည်ပေါင်း ၃ဝဝ ကျော်ကို ဆောက်နေတယ်။ အထူးသဖြင့် ဖြားယောင်းလို့ လွယ်ကူတဲ့ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေဖြ
မဲခေါင်မြစ်အထက်ပိုင်းမှာ ဆောက်လက်စဆည်ခြောက်ခုရှိပါတ
လာအိုနိုင်ငံသည်လည်း အာရှရဲ့ ဘက်ထရီအိုးလို့ အခေါ်ခံရစေမယ်ဆိုတဲ့ လောဘကြောင့် ရေအရင်းအမြစ်တွေကို ရောင်းစားဖို့ တပြင်ပြင်ဖြစ်နေတယ်။ အခြား နည်းနဲ့တိုးတက်အောင် လုပ်ကြရအောင်၊ ရေအရင်းအမြစ်တွေနဲ့ မြေကြီးတွေကိုတော့ ရောင်းမစားပါနဲ့လို့ တိုင်းသူပြည်သားတွေက တောင်းပန်နေတဲ့ကြားက ဆည်များ၊ မိုင်းများကို ဆောက်မယ်တကဲကဲ ဖြစ်နေတယ်။ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနိုင်ငံ စတဲ့ တိုင်းပြည်တွေဟာ သူ့ထက်ငါ အပြိုင်အဆိုင် တိုးတက်ချင်နေတာကိုသိတဲ့ တရုတ်ပြည်ဟာ ဒီအချက်ကို အခွင့်ကောင်းယူပြီး ဆည်တွေ ဆောက်၊ စွမ်းအင်တွေထုတ်ပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိစေရမယ်ဆိုတဲ့ မက်လုံးတွေနဲ့ စွမ်းအင်အရင်းအမြစ်တွေကို စုပ်ယူဖို့ ပြင်ဆင်နေပါပြီ။
သံလွင်မြစ်ဟာဆိုရင် လူတွေရဲ့ အနှောင့်အယှက်ကို မခံရဘဲ၊ သဘာဝ အတိုင်း ယခုအချိန်ထိ လွတ်လပ်စွာ ရှည်ကြာ စွာ စီးဆင်းနေနိုင်တဲ့ ရှားပါးမြစ်တွေထဲက မြစ်တစ်ခုဖြစ်ပါတယ်။ မြန်မာပြည်မြောက်ပိုင်း က မုတ်သုံတောကြီးတွေဆိုတာလည်း
ဆည်တွေ သက်တမ်းကုန်ပြီးရင် ဘာဆက်ဖြစ်ကြမှာလဲ
ဆည်တွေဆောက်ပြီးလို့ သက်တမ်းကုန်ရင် ဘာဆက်ဖြစ်မှာလဲ။ ဆည်တစ်လုံးက သက်တမ်း ၁ဝဝ ကနေ ၃ဝဝ လောက်ရှိတတ်တယ်။ မြစ်ဆုံကဆည်တွေ သက်တမ်း ဘယ်လောက်ခံမလဲ၊ ဆည်တွေသက်တမ်း ကုန်ရင် အကျိုးအပြစ်ကို ဘယ်သူကခံရမှာလဲ၊ ဆည်တစ်လုံးဟာ ပျမ်းမျှအနှစ် ၁၅ဝ ခံတယ် ထား၊ ဒီကြားထဲ ဘယ်သူက စရိတ်ခံပြင်ဆင် ကြရမှလဲ၊ repair ၊ update ၊ maintain ကုန်ကြစရိတ်တွေ ဘယ်သူခံမှာလဲ။ နိုင်ငံတော်က အိတ်စိုက်ရမှာလား။
ဆည်တွေသက်တမ်းကုန်ပြီး ပျက်စီး ယိုယွင်းလာတဲ့အခါ အမေရိကန်နဲ့ ကနေဒါ ဘက်တွေမှာတော့ စနစ်တကျပြန်ဖြိုကြ တယ်။ မြန်မာတွေမှာ စနစ်တကျပြန်ဖြိုဖို့ နည်းပညာရှိပါသလား၊ မည်သူကတစ်ဆင့်ချင်း လာဖြိုပေးမှာလဲ၊ ဆည်တွေကို နည်းစနစ် တကျဖြိုဖျက်ဖို့ မည်သူက ပိုက်ဆံထုတ်ပေး မှာလဲ၊ ဆည်တွေသက်တမ်းကုန်သွားတာ နဲ့အမျှ မြစ်ကြီးတွေပါ ပျက်သွား၊ ကောသွား တတ်တာတွေ တရုတ်ပြည်ရဲ့ ဥပမာတွေကိုလည်း မေ့ထားလို့မဖြစ်ပါ။ မြစ်နဲ့အတူ အခြား biodiversity တွေပျောက်ကွယ်သွားခဲ့ ရင် ဘယ်သူတာဝန်ယူမလဲ၊ ဘယ်သူက အလျော်အစားပြန်ပေးမလဲ။
ဒီကြားထဲ ဆည်ပေါက်ခဲ့ရင်၊ ငလျင်လှုပ်လို့ ဆည်တွေပြိုခဲ့ရင် ပြည်သူတွေ ကျော်လွှား နိုင်ဖို့ disaster recovery plan (DRP) တွေ ပြည်သူ့လက်ထဲ စနစ်တကျရောက်ပါ ပြီလား။ ကျေးရွာတွေ ဘယ်ကိုရွှေ့ရမှာလဲ။ တစ်ခုခုဖြစ်ရင် လူတွေဘယ်လိုပြေးရမယ်၊ ဘယ်လိုကျော်လွှားရမယ်ဆိုတဲ့ လေ့ကျင့်နည်း တွေအတွက် အဖိုးအခတွေကော နိုင်ငံတော် (ပြည်သူ)အိတ်ထဲကပဲ စိုက်ထုတ်ရမှာလား။ တစ်ခုခုဖြစ်လာရင် ပြန်လည်ထူထောင်ရေး တွေအတွက်ကော အစီအစဉ်တွေက ဘာတွေလဲ စသည့်မေးခွန်းများလည်း များစွာဖြေရန် ရှိနေပါတယ်။
အမေရိကန်နိုင်ငံဟာ ဆည်တွေကို လွန်ခဲ့တဲ့ အနှစ် ၁ဝဝ ကျော် ၂ဝဝ လောက် ထဲက ဆောက်ခဲ့ပါတယ်။ အခြားတိုင်းပြည် တွေ ဆည်မဆောက်ခင်ကတည်းက ဆောက် လာကြသူတွေ။ ပုဂ္ဂလိကပိုင် ဆည်တွေ တောင်ရှိပါတယ်။ ဆည်တွေကျိုးပေါက်တဲ့ ဥပမာတွေလည်း များစွာရှိတယ်။ ဆည်ပေါက် ရင် ပိုင်ရှင်တွေ၊ ဆောက်သွားသူတွေ၊ တာဝန်ခံတယ်ဆိုသူတွေ ထိခိုက်သေကျေမှု မရှိဘူး။ မသေရုံမက အမြတ်ငွေတွေ၊ အကျိုး ခံစားခွင့်တွေရသွားပြီ။ အမှန် ဒုက္ခရောက် ရတာ၊ သေကျေကြရတာက သာမန်လူတွေ ဖြစ်တယ်။
အမေရိကန်ပြည်နယ်အချို့ကမြို
ဆည်တွေ လုံးဝမဆောက်သင့်ဘူး။ တစ်ခုမှ မရှိသင့်ဘူးလို့ မပြောပါဘူး။ အကျိုး အမြတ် သေချာချင့်ချိန်ရမှာ ဖြစ်တယ်။ မေခ၊ မလိခ မြစ်နှစ်စင်းဟာ စစ်ကိုင်းပြတ်ရွေ့ကြော တွေရဲ့ အနေအထားအရ စီးဆင်း ဖြစ်ပေါ်ခဲ့တဲ့ မြစ်တွေဖြစ်ပြီး ဧရာဝတီ မြစ်ဟာလည်း စစ်ကိုင်းပြတ်ရွေ့အတိုင်း ဘေးချင်းယှဉ်ပြီး စီးနေတဲ့မြစ်ကြီးဖြစ်တယ်လို
ဆည်တွေဆောက်မှ တိုးတက်လာမှာ မဟုတ်ပါဘူး။ အခြားနည်းနဲ့ တိုးတက် စရာတွေလည်း အများကြီးရှိပါတယ်။ ဆည်ဆောက်ခြင်းဟာ စွမ်းအင်အရင်းအမြစ်ကို ရောင်းစားခြင်းတစ်နည်းဖြစ်လ
ဧပြီ ၂၄၊ ၂၀၁၆ တနင်္ဂနွေအထူးထုတ် - ကြေးမုံသတင်းစာ
No comments:
Post a Comment