လေယာဉ် ဖက်စကလပ်၊ ဘိစနက်ကလပ် တို့ကို အရေးကြုံလွန်း မဖြစ်နိုင်လွန်းမှ ဝယ်စီးသူ
မိမိသည် ဥပမာအားဖြင့် $2500 သက်သာလည်း
မနည်းဘူး ယူဆ၏။
သူဌေးသူကြွယ်လည်း မဟုတ်။
ကိုယ့်ပညာနှင့်ကိုယ် သူများနိုင်ငံတွင်
သို့ဖြစ်၍
သင်ခဲ့သော အခြေခံပညာနှင့်
သင်ပေးလိုက်သော
ကိုယ့်ပြည်ကိုယ့်ရွာမှ
ဆရာ/ဆရာမ များအားလုံးကိုလည်း
အမြဲဂါရဝ ထားသည်။
ဤသည်ကား စကားချပ်။
လွန်ခဲ့သော ၁၀နှစ်ခန့်က
ရန်ကုန်မှ ကနေဒါသို့
အမြန်ပြန်လာရဖို့ အကြောင်းဖန်လာ၍
ရရာ လေယာဉ်လက်မှတ်နှင့်
ကနေဒါသို့ (ထရန်စစ်တိုင်းပြည်မှ တဆင့်) ပြန်လာရ၏။
အီိခေါနမီ လက်မှတ်သည် ပြန်ချင်သည့်နေ့တွင်
ကုန်နေလေ၏။ ရုံးသို့လည်း အမှီပြန်ရမည်။
အလုပ် အပြုတ်ခံ၍ မဖြစ်တော့။