ကပ်ဆိုတာနဲ့ ကိုယ်ကြုံခွင့်ရလိုက်တယ်...
၂၀၂၀ မှာ ကိုယ်တို့ကမ္ဘာ ကပ်ဆိုက်ခဲ့တယ်...
တရုတ်ပြည်၊ ၀ူဟန်မြို့က စ တယ်လို့ လူတွေက ဆိုကြပေမယ့် ဘယ်ကစလဲ အတိအကျ ဘယ်သူကသိမှာမို့လို့လဲနော်...
တရုတ်လူမျိုးတွေကလည်း တွေ့တာစားတတ်ကြတဲ့ သဘောရှိတဲ့အပြင် အကောင်တွေကိုလည်း အရှင်တောင်စားတတ်ကြသေးတာ မဟုတ်လား။
ဒီကြားထဲမှာ တရုတ်မ၊ ကိုရီးယားမ ချောချောလေးတွေကလည်း ရုပ်လေးတွေကိုမှ အားမနာ အစားအသောက်ကို သောင်းကျန်းပြကြသေးတယ်။
ရေဘ၀ဲအရှင်၊ ငါးအရှင်၊ အကောင်အရှင်တွေကို ငရုတ်သီး၊ ငံပြာရည်လောင်းထည့်ပြီး ကင်မရာရှေ့မှာကို စားပြတာ။ အသံအကျယ်ကြီးမြည်အောင် မိုက်ခရိုဖုန်းတပ်ပြီးကို တရှူးရှူးတရှဲရှဲ စားပြလေတာ...။
လူတွေရဲ့စိတ်တွေကိုလည်း ပိုပိုသိလာရတယ်။
လူဆိုတာ သူများဒုက္ခရောက်တာကို အရသာခံ ကြည့်တတ်ကြတဲ့ သဘောလည်း ရှိတာကိုးနော်...။
ကိုယ်တိုင်လည်း ကြည့်မိလို့ တွေ့ဖူးပြီရော....
အဲသလိုနဲ့ လူတွေလည်း ၀ူဟန်က စဖြစ်တဲ့ ကိုဗစ်ဗိုင်းရပ်ပိုးကြောင့် တိုင်းပြည်တော်တော်များများမှာ ဒုက္ခတွေရောက်ကြတာပေါ့...
သေကြ ကြေကြ... ဆေးရုံတွေမှာလည်း လူနာတွေ ထပ်နေတယ်လို့ ကြားရတယ်...
ကိုယ်အနေနဲ့က ကာကွယ်ဆေးမရှိတဲ့ ဗိုင်းရပ်စ်အသစ်ဖြစ်လို့ လူတွေ အရမ်းကြောက်ကြတယ်လို့ပဲ ထင်မိတယ်...
အီတလီမှာတော့ တော်တော်များများဆုံးပါးသွားကြတယ်....
ကိုယ်တို့မြို့မှာကတော့ လူကြီးတွေရယ်.... ရောဂါအခံရှိသူတွေလောက်ပဲ ဆုံးပါးကြတာပါ...
လူကြီးဆိုရာမှာလည်း အသက် ၈၀ ကျော်တွေ ဆုံးကြတာ များတယ်....
ကိုယ်တို့မြို့ကတော့ စောစောစီးစီး ပိတ်ချလိုက်တယ်..
ကျောင်း.. ရုံး.. စားသောက်ဆိုင်... စီးပွားရေးမှန်သမျှ အကုန်အချိန်မှီပိတ်လိုက်ကြတယ်..
ဒါတောင်မှ ကူးစက်ပြီး သေပျောက်မှုတွေ ရှိတယ်...
ဒီဗိုင်းရပ်စ်ကို မသိသူတွေက ရောဂါဆိုပြီး သုံးကြတယ်...
ရောဂါရှိသူဆိုပြီး အနူထက်ရွံရှာတဲ့ ပုံစံတွေတောင်လုပ်လာကြတယ်...
ကူညီကြသူတွေအများကြီးလည်း ရှိသလို....
victim blaming တွေလည်းပါတာပေ့ါ...
ဗိုင်းရပ်စ်ပိုး ကိုယ်ထဲရှိနေပေမယ့် + ပြချင်မှပြတယ်...
ဗိုင်းရပ်စ်ပိုးဟာလည်း mutate ဖြစ်သွားတယ်ဆိုတာကို မသိသူတွေကလည်း တော်တော်များနေတော့
လူအုပ်ကြီးထဲ ဘယ်လောက်အော်ပြောပြော အားလုံးကို ကိုယ်ထင်တာ ကိုယ်ပြောနေကြတော့ ကိုယ့်အသံ ၀င်သွားရုံသာ ရှိပေမပေါ့....
မသိဘဲပြောနေကြတဲ့ အသံတွေက ပိုဆူနေပြီး သိတဲ့သူတွေက ပိတ်တိတ်နေတဲ့ ကိုယ့်တိုင်းပြည်ကိုလည်း ကိုယ်နားမလည်နိုင်ဘူး...
ဒါပေမယ့် တတ်နိုင်သမျှ အစိုးရက ရှိတဲ့အားလေးနဲ့ ပြည်သူလူထုကိုတော့ လုပ်ပေးရှာပါတယ်.....
ကိုယ်ကတော့ မြို့ကြီးတိတ်ဆိတ်နေတာကို သဘောကျလှတာဆိုတာ ပြောမနေပါနဲ့တော့......
လူတွေတိတ်လေ... ကိုယ်က အပြင်ထွက်လေ...
ကမ္ဘာကြီးက ကိုယ့်အတွက်များ တိတ်ဆိတ်ပေးလေရော့သလား ထင်မိသေးတာရယ်...
ကားတစ်စင်းမှ မရှိတဲ့ မြို့ကြီးထဲ ကားတ၀ီ၀ီနဲ့မောင်းပြီး မြို့ရဲ့ အလှကို ကြည့်ရတာ ကိုယ့်မှာ မ၀နိုင်အောင်ကို ဖြစ်နေရတာ...
လူတွေဟာ မလိုအပ်တဲ့အလုပ်တွေနဲ့ ဘ၀တွေဟာ ပင်ပန်းလွန်းလှတာပဲ...
လူတွေအသေအကြေများလို့ ကိုယ့်ရဲ့ စိတ်လွတ်လပ်စွာခံစားနေရမှုလေးကို ဘယ်မှာမှတောင် ချမပြရဲခဲ့ပါဘူး...
အခုဆို ကိုယ့်ဆံပင်တွေလည်း ရှည်နေပြီ...
မျက်နှာပေါင်းမတင်ဖြစ်တာလည်း ကြာပြီ...
အ၀တ်စားသစ် မ၀ယ်နိုင်တာလည်း ကြာပြီ......
ဒါပေမယ့်.......... စိုးရိမ်ပူပန်မှုတွေနည်းပါးပြီး ကိုယ်ပျော်နေမိတယ်...
ပျော်တယ်ဆိုတာထက်.........
ဘာကိုမှ မလိုအပ် ပြည်စုံနေသလို ခံစားနေရတာပါ.......
မလိုအပ်တဲ့အရာများစွာနဲ့ အချိန်တွေ အရမ်းကုန်နေခဲ့တာ စိတ်အေးလက်အေး နားရသလိုမျိုးပါ...
ကိုဗစ်ကို တိုက်နေရသူတွေအထဲမှာ လူနာတွေနဲ့ တိုက်ရိုက်မတွေ့ရပေမယ့် အဲဒီအုပ်စုထဲ ကိုယ်တိုင်ပါ၀င်နေတာတောင်မှ စိတ်အေးနေတဲ့အဖြစ်အတွက်
လူတွေငြိမ်သက်လို့ တောရိုင်းတိရိစ္တာန်တွေလည်း အခုမှ ထွက်လာရဲတယ်ဆိုတဲ့အကြောင်းကြားရတော့...
ကိုယ်တို့လူတွေ တော်တော်ဆိုးပါလားဆိုတာကိုလည်း ပိုသိလာရတယ်...
အထူးသဖြင့် တောရိုင်းတိရိစ္တာန်တွေကိုမြတ်နိုးတန်ဘိုးထားတဲ့ ဒီကနေဒါနိုင်ငံမှာ အခုချိန်မျိုးမှာ ၀က်၀ံမိသားစု၊ ကနေဒါတောင် ခြင်္သေ့တို့ လွတ်လွတ်လပ်လပ် သွားလာနေကြတာကို သတင်းတွေကတဆင့် မြင်ရလို့ ကြည်နူး၀မ်းသာြဖစ်မိသေးတယ်...
သူတို့မှာ လူတွေတိတ်ဆိတ်မှ ထွက်လာရဲရှာတဲ့ ဘ၀တွေ........

မကြာခင်မှ ဗိုင်းရပ်စ်ဟာ တိတ်ဆိတ်သွားတော့မယ်...
လူအများစုကတော့ ဗိုင်းရပ်စ် အားပျော့သွားတာလို့ ထင်ကြလိမ့်မယ်...
တစ်ကယ်ကတော့ ဗိုင်းရပ်စ်ဟာ လူတွေနဲ့ ယှဉ်တွဲနေထိုင်တတ်သွားတာ....
mutate ဖြစ်သွားတာ... လူတွေရဲ့ ခံနိုင်ရည်အားမြင့်လာတာရောပေါ့....
serology test ကတော့ ရနေပြီ.. ဒါပေမယ့် စီဒီစီရဲ့ ဆုံးဖြတ်မှုပါပဲ...
တံခါး၀ရောက်မှ ဆုံးဖြတ်ကြတယ်...
research patients တွေကို ဦးစားပေးပေါ့....
ရုံးမှာလည်းအလုပ်အရမ်းများပေမယ့်.... ခံနိုင်ရည်ရှိပါတယ်....
ကိုယ့်ပတ်၀န်းကျင်က ER တွေကတော့ သတင်းတွေထဲကလို မဟုတ်ပါဘူး...
တစ်ခါတလေ ဒါကြီးတစ်ခုလုံးက ဖြစ်နေတာထက် ပိုနေကြသလို..
လိုတာထက်ပိုကြောက်နေကြသလိုပဲလို့ ထင်နေမိတယ်...

မကြာခင်မှာ အရင်လိုပဲ အရာရာဟာ ပုံမှန်ပြန်ဖြစ်သွားမှာပါပဲ....
အရင်က ကပ်ဆိုက်ခဲ့တာတွေကို လူတွေမေ့သွားကြသလို...
ကိုဗစ် ၁၉ အဖြစ်တွေကိုလည်း မေ့သွားကြမှာပါပဲ...
ဘာပဲဖြစ်ဖြစ်...
တိတ်ဆိတ်တဲ့ မြို့ကြီးတွေရဲ့ အရသာကို
ခံစားခဲ့ရတာကတော့ ကြုံတောင့်ကြုံခဲပါပဲ........
No comments:
Post a Comment