Friday, December 22, 2017

မိတော နှင့် ခရစ်စမတ် shopping

မိတော ဒီနေ့ shopping ထွက်သည်။ နေ့စဉ်လိုလို မပြီးနိုင်မစီးနိုင် ထွက်နေရသည်ကို မကျေနပ်။ 
ကနေ့ပြီးရင်တော့ ပြီးလောက်ပြီဟု မျှော်လင့်ထား။ နှင်းမှုန်လေးများက တဖွဲဖွဲကျနေသော်လည်း သိပ်မအေးလှသဖြင့် ကားပြတင်းကိုအဖွင့် တိုးဝင်လာသော အက်ရှရှလေကို တဝကြီးရှုပစ်လိုက်ရင်း ရေဒီယိုသီချင်းကို
volume အနည်းငယ်မြှင့်လိုက်မိ။

I'll have a Blue Christmas without you

I'll be so blue just thinking about you

Decorations of red on a green Christmas tree

Won't be the same dear, if you're not here with me…..

အဲဗစ်ပရက်စလီ၏ အပြာရောင်ခရစ်စမတ်သီချင်းက ထွက်ပေါ်လာ။

မင်းမရှိတဲ့ ခရစ်စမတ်ရက်တွေဟာတော့ အပြာရောင်ရက်တွေ (စိတ်ဓာတ်ကျစရာရက်တွေ) ပဲဖြစ်တော့မယ်

အနီနဲ့အစိမ်းရောင်အလှဆင်ထားတဲ့ ခရစ်စမတ်သစ်ပင်တွေဟာလည်း မင်းမရှိလို့ အရင်နှစ်တွေကနဲ့ ဘယ်လိုမှ မတူနိုင်ဘူး… ဆိုသည့် ဆွေးဆွေးမြေ့မြေ့သီချင်းသံ။

အရင်လိုရက်တွေဆိုရင်ဖြင့် မိတောပါ လိုက်ဆွေးလိုက်မည်ဖြစ်သော်လည်း အလွန်မုန်းသော shopping ကို သွားနေရသဖြင့် စိတ်ကတိုနေမိ။

ဒီရေဒီယိုစတေရှင်တွေလုပ်တာ ပရက်စလေခမျာလည်း တစ်နှစ်တစ်ခါပဲ သီချင်းဆိုရရှာတယ်’

ဆိုလိုက်ရင်လည်း ဒီအပြာရောင်ခရစ်စမတ်သီချင်းကနေကို မတက်ဘူး….. ဟွန်း..’

စိတ်ထဲကပြောမိသည်မှာ နှုတ်ကပါအသံထွက်သွား…။