ဟိုးတစ်နှစ်က
တက်ခဲ့တဲ့တောင်ကို သတိရနေမိလို့ရယ်။
ပထမပိုင်းမှာတော့ ဓာတ်ပုံရိုက်နိုင်သေးတယ်။ အောက်ခြေမှာ ရေတံခွန်တွေနဲ့ သိပ်လှတာပဲ။ ဒါပေမယ့် ပိုပိုမြင့်လာလေ နံရံကို သံကြိုးနဲ့တွယ်တက်ရတဲ့ နေရာတွေရောက်တော့ ဓာတ်ပုံရိုက်ဖို့ မစဉ်းစားနိုင်တော့ဘူး။ ကိုယ့်ကိုကိုယ်တောင် မနည်းသယ်နေရတာ။ ဒီကြားထဲမှာ စိတ်ပူတတ်တဲ့ ညီမလေးက နာရီဝက်တစ်ခါ ဖုန်းခေါ်တယ်။ ဒီမှာက မနည်းတက်နေရပါတယ်ဆို သူ့ကို နာရီဝက်နေလို့မှ ဖုန်းမခေါ်ရင် text မပို့ရင် တဂွီဂွီခေါ်ပြီ။ ချက်ချင်းဘာလို့ မကိုင်လဲ လုပ်ချင်သေးတာ သူက၊ ဒီမှာက မနည်းအသက် မ တက်နေရတာ လက်တွေရဲရဲနီ သံကြိုးကို ဆွဲထားရချိန်၊ ခြေမချော်အောင် ကျောက်ကြားလေးတွေကြား ကုတ်ထားချိန်မှာ သူ့ဖုန်းကို ချက်ချင်းမကိုင်ရဘူးလား လုပ်သေးတာ။ သူက တောင်တက်တာ လုံးဝမကြိုက်ဘူး။ အဓိပ္ပာယ်မရှိဘူးမြင်တယ်။ သိပ်တက်ချင်ရင် ဟယ်လီကော်ပတာနဲ့တက်တဲ့ ဟယ်လီကော်ပတာ ငှားပေးမယ်ဆိုတယ်။
ကိုယ်က တောင်တက်ချင်တာလေ.. ဟယ်လီကော်ပတာစီးချင်တာမှ မဟုတ်ဘဲ။

ကိုယ့်မှာ
အဲလိုတောင်တက်ရတဲ့ ဒုက္ခတစ်ခု သူ့ဖုန်းကိုဖြေရတာ ဒုက္ခတစ်ခုနဲ့ ဘာဓာတ်ပုံမှ မရိုက်နိုင်။
သူက ပြောသေးတယ်.. ကိုယ်တောင်တက်ရင် သူ့မှာ အလုပ်မလုပ်နိုင်ဘူး စိတ်တွေပူနေရတာနဲ့ ရုံးမှာ
အာရုံမစိုက်နိုင်လို့ စိတ်သိပ်အနှောက်အယှက်ဖြစ်တယ်ဆိုပဲ။ သြော်...... .. လို့ပဲ တစ်ခွန်းပဲ
ပြောလိုက်တော့တယ်။ သူကပြောသေးတာ.. တောင်ပေါ်က ရှုခင်းတွေသိပ်လှလို့ ကြည့်ချင်ရင် ပြက္ခဒိန်တွေအထပ်လိုက်
ဝယ်ပေးမယ် ဆိုသေးတယ်။
ကိုယ့်မှာ အဲလိုကိစ္စတွေကြောင့် အပေါ်ရောက်တော့မှ နည်းနည်းပါးပါး ဓာတ်ပုံရိုက်နိုင်တော့တယ်။ ဒါတောင် အများကြီး မရိုက်နိုင်ပါဘူး။ သိပ်လှတဲ့ ရှုခင်းတွေရဲ့ ဖမ်းစားမှုကြောင့် ကင်မရာကိုတောင် မေ့သွားရတာ.. နောက်တစ်ချက်က ခြေကုန်လက်ပန်းကျလို့ ဓာတ်ပုံမရိုက်နိုင်တော့တာ စသည်ပေါ့..။
ညီမလေးအကြောင်းပြောနေတာ နဲ့ ပြောချင်တာ ဘယ်ရောက်မှန်းမသိ။
ဒီတောင်ကြီးကတော့
ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံး granite monolith လို့ ဆိုကြတယ်။
မီးဖိုချောင်ကောင်တာတွေမှာ ခင်းတဲ့ အကောင်းစား granite တောင်ချောကြီးပေါ့။ (အကျိုးအပြစ်မတွက်ချင်သော စီးပွားရေးသမားတွေဆို တစ်တောင်လုံး ဖြိုချင်မလားဘဲ 😂)
rock climbers တွေကြားမှာတော့ နာမည်ကြီးပါပဲ။ rock climbers တွေကတော့ ကိုယ်တွေလို အတွင်းထဲက ခိုကုတ်တက်တာ မဟုတ်၊ အပြင်ကနေ ကျောက်နံရံကို တွယ်ပြီးတက်တာ။ ပြုတ်ကျလို့ သေကြတဲ့သူတွေ၊ တောထဲလမ်းပျောက်လို့ rescue အဖွဲ့တွေဝင်ကြရတာတွေလည်း မနည်းဘူး။ တောင်က dome သုံးခုရှိတယ်၊ 1st, 2nd, 3rd dome ဆိုပြီး ရှိတယ်။ တောင်ထိပ်ရောက်ရင် အောက်က ပင်လယ်ပြင်ကြီးကို လှမ်းမြင်ရတာ ရင်သပ်ရှုမောပါပဲ။ နောက်ပြီး ကျောက်တောင်ထိပ်မှာ သလင်းအလား ကြည်လင်လှတဲ့ ရေကန်တွေဆိုတာ။ အဲဒီရေကန်တွေထဲ ဘယ်သူမှ ရေဆင်းမချိုးကြဘူး။ ဒီလိုပဲ ငြိမ်ငြိမ်လေး ထိုင်ကြည့်ပြီး ပြန်ဆင်းလာတတ်ကြတယ်။

ဒီဘက်တွေမှာ
နွေရောက်ပြီဆို တောင်တော်တော်တက်ကြတယ်။ ခဏခဏလည်း ပျောက်ကြတယ်။ တောင်တောတွေကလည်း သွားချင်အောင်
ဆွဲဆောင်မှုက ကြီးတော့ သွားကြတာလည်း မဆန်းဘူး။ အချို့ရေတံခွန်တွေဆို ငါးနာရီ လှေလှော်ပြီးမှ
ရောက်တယ်။ တောတွေထူလို့ ဟယ်လီကော်ပတာဆင်းလို့မရ၊ လမ်းမပေါက်၊ ရေလမ်းခရီးတစ်ခုထဲပဲ ရှိတဲ့
လှပလွန်းတဲ့ သောင်တွေနဲ့ ရေတံခွန်တွေ။
ဒီနှစ် ကိုယ်သွားချင်တဲ့
နေရာတွေကတော့ advance climbers တွေမှ သွားနိုင်တဲ့ နေရာတွေဖြစ်နေတယ်။ လူသူအရောက်အပေါက်နည်းပြီး
ရှုခင်းတွေက ရူးလောက်အောင်လှတာ။ လူသားတွေ မထိရသေးတဲ့ spoil မဖြစ်သေးတဲ့ နေရာတွေ။ ကျောပိုးအိတ်နဲ့
ညအိပ်ညနေသွားမှဖြစ်မယ်။ ချိန်းကြိုးတွေဘာတွေလည်း ယူသွားဖိုလိုတဲ့ နေရာမျိုး။ ဝက်ဝံတွေဘာတွေနဲ့လည်း
တွေ့နိုင်သေးတယ်။ လမ်းတွေမှာတော့ စာတွေကပ်ထားတာပေါ့ ဝက်ဝံနဲ့တွေ့ရင် ဘယ်လိုလုပ်ဖို့၊
wildlife area မို့ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ်သွားဖို့။
အရမ်းသွားချင်တယ်။
ဒါပေမယ့် ကိုယ့်မှာ သဘောမတူကြသူတွေနဲ့ နောက်ဆံတင်းစရာတွေ ရှိနေတော့လေ....။ နီးနီးနားနား
သွားလို့ရမယ့် ရယ်စရာတောင်လေးတွေကိုပဲ လိုက်ရှာတက်ပါတော့မယ်...။
LikeShow more reactions
13
Comments
Comments
Mya Yoon လှလိုက်တာ. ဆိုတဲ့ စကားနဲ့  မပြည့်စုံဘူး...
သွားချင်လွန်းတဲ့ နေရာက. အန္တရယ်များရင်လည်း...
တခြား နေရာတွေ သွားဖြစ်ပါစေ ပေါ့ မလေး.......See More
သွားချင်လွန်းတဲ့ နေရာက. အန္တရယ်များရင်လည်း...
တခြား နေရာတွေ သွားဖြစ်ပါစေ ပေါ့ မလေး.......See More
LoveShow more reactions
· Reply ·
· 13 hrs
Min
Min တော်လိုက်တာ အားကျလိုက်တာ
LoveShow more reactions
· Reply ·
· 13 hrs
LikeShow more reactions
· Reply ·
· 11 hrs
Sombat Saereerungruengkul · Friends with Cindy
Myint
LikeShow more reactions
· Reply ·
· 11 hrs
AhPhyu
Yaung Shwe တစ်ခေါက်လောက်တော့ရောက်အောင်လာချင်သား မလေးရေ
ခုတော့ မျှော်ငေးယုံပေါ့ ။
ခုတော့ မျှော်ငေးယုံပေါ့ ။
LikeShow more reactions
· Reply ·
· 11 hrs
Flora
Maung Maung လှလိုက်တာမလေးရယ်
LoveShow more reactions
· Reply ·
· 11 hrs
Tin Moe Moe Khaing ရောက်ဖူးချင်လိုက်တာ။
LikeShow more reactions
· Reply ·
· 10 hrs
လှလိုက်တာ.......
LikeShow more reactions
· Reply ·
· 10 hrs
Winmyint Aung မလေးရဲ့ ရီချင်စရာတောင်တွေကလည်း
အသက်ရှုရင်မောရပါလား...
ဂုဏ်ယူအားကျမိတယ်...😄👍👏💪👣🌁
ဂုဏ်ယူအားကျမိတယ်...😄👍👏💪👣🌁
HahaShow more reactions
· Reply ·
Hnin Kyi Aye ကိုယ့်အရိုးအရွတ်တွေကခွင့်ပြုထားတုံးဘဲတက်ရတာမလေးရေ……တက်သာတက်
LikeShow more reactions
· Reply ·
· 7 hrs
Kyawkyaw Moe All skill artist
LoveShow more reactions
· Reply ·
· 5 hrs
Cho Cho မလေးကတော့ နွေရာသီအားလပ်ရက်မှာ လည်တဲ့နေရာတွေက
အမိုက်စားတွေကြီးဘဲ
ချိုတော့ ဘယ်ကနေ ဘယ်လိုသွားရမှန်းတောင်မသိဘူး 😊😘
ချိုတော့ ဘယ်ကနေ ဘယ်လိုသွားရမှန်းတောင်မသိဘူး 😊😘
LikeShow more reactions
· Reply ·
· 4 hrs
Ye
Myint တဣသိုလ်မှာတုံးက မစွန်တါင်တက် မတက်လှေလှော် မလှော်ရေကူးတဲ့
မလေးကတေါင်ခဏခဏတက်တာ ကိုရင်သာအေးနဲ့မစွန်သေးလိုပေါ့နော် :-))
မလေးကတေါင်ခဏခဏတက်တာ ကိုရင်သာအေးနဲ့မစွန်သေးလိုပေါ့နော် :-))
HahaShow more reactions
· Reply ·
· 1 hr
No comments:
Post a Comment