ရဲတင်းလွန်းနေတဲ့ သဘော။
စာရေးသူအစ်မတစ်ယောက်က သူ့ရဲ့ စာအုပ်လေးနှစ်အုပ်ကို ကိုယ့်အတွက်လက်ဆောင်အဖြစ်နဲ့
ပေးပို့လာခဲ့တာ ကြာပါပြီ။ အဲဒီအထဲက တစ်အုပ်ကို စာအုပ်ရီဗြူး ရေးပေးဖို့ပြောလာခဲ့တယ်။
ဒီရက်တွေမှာ စာတွေရေးဖို့မဆိုထားနဲ့ စာအုပ်ရီဗြူးရေးဖို့တောင် ကိုယ့်နှလုံးသားက မနူးညံ့
မသိမ်မွေ့နေခဲ့တာပဲ။
နှလုံးသားက ဂျပ်ခဲကြီးလို
ဖြစ်နေတဲ့အချိန် ဘယ်ကဘယ်လို စရမယ်တောင် မသိဘူးဖြစ်နေခဲ့တာပေ့ါ။
ဒါနဲ့အစ်မရဲ့ blog ကို ခြေဦးလှည့်လိုက်တယ်။ သူ့ blog လည်း တော်တော်လေး ဖုန်တက်နေပြီ။ ရှစ်နှစ်လောက်ကို ရှိနေပြီထင်ရဲ့။ အစ်မရဲ့ စာဟောင်းတွေ လိုက်ဖတ်ရင်း ကိုယ့်နှလုံးသား အရင်လို နူးညံ့ချင်သလိုလိုဖြစ်လာတာ။
ဒါတောင်မှ
အစ်မရဲ့ blog ပေါ်က စာတွေက လက်တွေ့ဘ၀နဲ့ နီးစပ်တဲ့ စာတွေ။
သူ့စာလေးတွေကို အွန်လိုင်းပေါ်ကနေ ကိုယ်ဖတ်ခဲ့တာ
သက္ကရာဇ် ၂၀၀၆ သို့မဟုတ် ၂၀၀၈ ခုနှစ်တွေကတည်းကလို့
ဆိုရမယ်။ သူနဲ့ဘယ်တုန်းက စသိလည်း တိတိကျကျ မမှတ်မိတော့ပေမယ့် အရှေးဦးဆုံးက သူပြောခဲ့
(မန့်) ခဲ့တဲ့ စကားလေးတစ်ခွန်းကိုတော့ အခုထိ မှတ်မိနေသေးတာ။
သကျမဥ္ဇူ ထိန့်ရိုက်ဆူသား
ရိပ်ဖြူရွက်ရှင်၊ ဖြန့်မိုးဆင်လျက်
ပလ္လင်ရွှေနန်း၊ လွတ်ညာစွန်းက
စက်ရွှန်းမိုးမျှ၊ တိုင်းမဲ့မသည်
သိင်္ဂစံလှော်၊ ထင်းရုပ်တော်။
မူးမော်ဘနန်း၊ အသက်ကျွန်းမျှ
၀န်း၀န်းပတ်ပတ်၊ ညွတ်ညွတ်ခွေခေါက်
မလျှောက်စတောင်း၊ နေ့ရက်ပေါင်းလျက်
ယုံကြောင်းယုံအောင်၊ သက်လက်ဆောင်နှင့်
တော်ယောင်သံချို၊ သို့စင်ဆိုမှ
နောင်ညိုရဲဖျား၊ ရန်ညွန့်တားသည်
တပါးသူနှင့်ကြင်သောကြောင့်...။
(သကျမဥ္ဇူ ဘုရားတိုင်-မောင်ဘွဲ့)
ခမ်းနားကြီးကျယ်ခြင်းတို့နဲ့ ၀ေးစွာ...
လွမ်းနေမိတယ်..
သစ္စာနဲ့အမုန်း ဒွန်တွဲလို့ ယှဥ်တွဲကခုန်နေကြချိန်
အ၀ေးကငေးလို့
ဘယ်ဘက်ရင်အုံကို ညာလက်နဲ့ ဖွဖွလေး အုပ်မိုးထားရင်း
ကောင်းချီးပေးနေမိတာ...
မင်းတို့ပျော်ပါစေရယ်လို့သာ.....