'သမီးလေး.... စန္ဒရား ကို ဒီလောက် ကျင့်ရုံနဲ့ မရဘူး.... သမီး ဆရာမဆိုရင် တစ်ခါကျင့်ရင် ၈ နာရီ ကျင့်တာ... သူက music school သွားတယ်ပဲ ထား . သမီးကို မေမေက. တစ်ခါကျင့်ရင် အနည်းဆုံးတော့ သုံးနာရီလောက်တော့ စန္ဒရားခုံမှာ ထိုင်စေချင်တယ်'
ဂျုနီယာတော မျက်စိမျက်နှာပျက်ကာ ခေါင်းငုံ့နေ၏။
မိတော ဆက်ပြော၏
'မေမေ ဆို.. သမီးတို့လိုတောင် မတီးတတ်ပါဘူး။ ဒါပေမယ့် ၁၀ မိနစ်ပဲ ထိုင်နေတယ်ထင်တာ.. နာရီကြည့်လိုက်တဲ့ အခါ ၂ နာရီတောင် ကြာ သွားတတ်တာမျိုး... မုဒ်ဝင်ရင်ပေါ့... နော် သမီးလေး..'
'သမီးလည်း ဟိုနေ့က ၁၀ နာရီမှာ စ တီးတာ.. မေမေပြောတဲ့ မုဒ်က ဝင်လာရော မေမေ.. ၂နာရီလောက်တောင် ကြာသွားတယ်ထင်တယ်..'
'အင်း.. ကောင်းလိုက်တာ..'
မိတော အလွန် ဝမ်းသာမိသွား။ မိမိလို သိပ်မတီးတတ်သူတောင် မုဒ်ဝင်ပြီး ၂နာရီတီးစဉ် ၁၀ မိနစ်ခန့်ကြာသည်သာ ထင်ချိန်.. ဂျူနီယာတောတို့ဆိုလျှင် ၂နာရီသာကြာသည်ထင်သော်လည်း ၃ - ၄ နာရီဖြစ်နိုင်သည်ဟု မျှော်လင့်ဝမ်းသာ သွားခြင်းပင်။
'ပြောပါဦး ၂နာရီကြာအောင် တီးတယ်ထင်တော့... '
'၁၀နာရီ မှာ စတီးတာ... မုဒ်အရမ်းဝင်ပြီး ၂ နာရီတောင် ကြာအောင် တီးပစ်လိုက်တယ်ဆိုပြီး နောက်လှည့်နာရီလည်း ကြည့်ရော... ၁၀နာရီနဲ့ ၁၀ မိနစ်ကို ပဲ ပြနေတာ နာရီက...'
မိတော ပါးစပ်ကိုတင်းတင်းစေ့ထား...
ဂျူနီယာတော တဟိဟိ ရယ်ပြီး အခန်းထဲ မှ ပြေးထွက်သွား...