Wednesday, March 27, 2019

အိမ်နားကအသံ

 

ကိုယ်က ညဘက်တွေမှာ အိမ်နောက်ဘက် သို့မဟုတ် အိမ်ရှေ့၊ အိမ်ဘေး စသည်.. ကောင်းကင်ကြီးကို ထွက်ကြည့်တတ်တယ်။ တစ်ခါတလေ စိတ်ကူးပေါက်ရင် ည ကိုးနာရီလောက် လမ်းထွက်မယ်ဆို ထွက်သွားရင် ထွက်သွားတတ်တာ။ ညဘက် လူရှင်းတဲ့အခါ ကောင်းကင်ကြီးကို စိတ်ကြိုက်မော့ကြည့်လို့ရတယ်။ လူအများစုက ကောင်းကင်ကို မော့ကြည့်တတ်ကြတာ သိပ်မရှိတတ်ဘူး။ ကိုယ်ကတော့ ထင်းရှုးပင်ထိပ်တို့ တောင်ထိပ်တို့ နေ့ညမရှောင် ဟိုငေးဒီငေး မော့ငေးတတ်တယ်။ 

Friday, February 1, 2019

မျှော်လိုက်ရတာ နှင်းရယ်....

လင္းယုန္ေတြနဲ႔ စကားေျပာဖို႔
ပစိဖိတ္ကမ္း႐ိုးတန္းဘက္
လမ္းေလ်ွာက္ထြက္ခဲ့တယ္...

ၾကည့္ပါဦး...
ဒါဟာ..
ကေနဒါရဲ႕ ေဆာင္းရာသီတဲ့လား...

ႏွင္းပြင့္ေလးေတြကို
ခဏေလးပဲျဖစ္ျဖစ္
မေစလႊတ္ေတာ့ဘူးတဲ့လား...

ေျပာပါဦး ေဆာင္းရယ္...
ကိုယ့္မွာေတာ့ ...
ေမ်ွာ္ေနလိုက္ရတာ...

ဒီလိုနဲ႔....
အေနာက္ဘက္ၿမိဳ႕ေလးတစ္ၿမိဳ႕မွာေတာ့
ႏွင္းမဲ့ေဆာင္း ကုန္ဆုံးလို႔..
ေႏြဦးရာသီ
ေရာက္ျပန္ဦးေတာ့မယ္ထင္ရဲ႕ကြယ္...


  ♫♥●••·˙  ˙·••●♥♫

လင်းယုန်တွေနဲ့ စကားပြောဖို့
ပစိဖိတ်ကမ်းရိုးတန်းဘက်
လမ်းလျှောက်ထွက်ခဲ့တယ်...

ကြည့်ပါဦး...
ဒါဟာ..
ကနေဒါရဲ့ ဆောင်းရာသီတဲ့လား...

နှင်းပွင့်လေးတွေကို
ခဏလေးပဲဖြစ်ဖြစ်
မစေလွှတ်တော့ဘူးတဲ့လား...


ပြောပါဦး ဆောင်းရယ်...
ကိုယ့်မှာတော့ ...
မျှော်နေလိုက်ရတာ...

ဒီလိုနဲ့....
အနောက်ဘက်မြို့လေးတစ်မြို့မှာတော့
နှင်းမဲ့ဆောင်း ကုန်ဆုံးလို့..
နွေဦးရာသီ
ရောက်ပြန်ဦးတော့မယ်ထင်ရဲ့ကွယ်...